Pages

Monday, July 1, 2013

အိမ် တစ်လုံး သိန်း ၅၀ အရစ်ကျရောင်းချ ပေးနိုင်မည့် လူမှုဖူလုံရေး အိမ်ရာ စီမံကိန်း

Monday, July 01, 2013

ကျပ်သိန်း ၅၀ ဝန်းကျင်ဖြင့် အရစ်ကျရောင်းချ ပေးနိုင်မည့် လူမှုဖူလုံရေး အိမ်ရာ စီမံကိန်းတစ်ခုကို အလုပ်

သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆောက်လုပ် ရေးဆိုင်ရာလုပ်ငန်းရှင်များ
အသင်းတို့ ပူးပေါင်း ဆောက်လုပ်ရန် စီစဉ်နေပြီဖြစ် ကြောင်း သိရသည်။ ယင်းတန်ဖိုးနည်း အိမ်ရာ များကို
အဆိုပါဌာနတွင် လူမှုရေး စောင့်ရှောက်မှု အာမခံစနစ်သို့ ထည့်ဝင်ကြေးငွေလပေါင်း ၁၈၀ ပေးသွင်းထား သူများ ကိုသာ ဦးစားပေး ရောင်းချပေးမည်ဖြစ် ကြောင်း အလုပ်သမား၊ အလုပ် အကိုင်နှင့် လူမှုဖူလုံရေးဝန်
ကြီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးယုလွင်အောင်က ပြောသည်။
ဦးယုလွင်အောင်က ''အိမ် ရာတွေကို လူမှု ဖူလုံရေး စနစ်အာမခံထားတဲ့သူတွေကို ဦးစား ပေးမယ်။အဲဒါအိမ်
ရာတွေကို အရစ်ကျနဲ့ ရောင်းချပေးမယ်''ဟု ပြောသည်။

လက်ရှိတွင် အဆိုပါ လူမှု ဖူလုံရေး အိမ်ရာစီမံကိန်း တည် ဆောက်နိုင်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာ

ရေး ကော်မတီ တွင် မြေနေရာ တောင်းခံထား ကြောင်း သိရသည်။ ဦးယုလွင်အောင်က ''အိမ် ရာတွေကို အ
ရစ်ကျစနစ်နဲ့ရောင်း မယ်။ အရင်ဆုံး ကျပ်သိန်း ၅၀ ဝန်းကျင်အိမ်ရာတွေကို ရာခိုင်နှုန်း ၃၀ ပေးသွင်းရုံနဲ့ အိမ်
ရာ ပိုင်ဆိုင်မယ်''ဟုပြောသည်။ 

အဆိုပါစီမံကိန်းများကို အခြေခံ လူတန်းစားများအတွက် အဓိက လိုအပ်နေသောနေထိုင် ရေး အဆောက် အ
အုံ များ အား အကျိုး အမြတ်မယူဘဲ ဌာနဆိုင် ရာများနှင့် ပူးပေါင်းကာဆောင် ရွက်သွားမည်ဖြစ်ကြောင်း မြန်
မာ နိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ် ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌဦး သာဌေးက ပြောသည်။

အသေးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင် ဦးအောင် ဟိန်းက ''အခု တန်ဖိုးနည်းအိမ်ရာ စီမံကိန်း
ဆို

ပြီး လုပ်နေတာတွေရှိ တယ်။ အဲဒါတွေကို ငွေကြေးတတ် နိုင်တဲ့သူတွေကပဲ ဆင်းဝယ်သွား တဲ့ သာဓကတွေ
ရှိတယ်။ 

အခုလဲ လုပ်နေ တယ်။ အမှန်တကယ်လို အပ်တဲ့သူတွေကိုပဲ ရောင်းချပေး နိုင်ဖို့လိုတယ်။ တန်ဖိုးနည်းဆိုပြီး 
လူသူမရှိတဲ့နေရာမှာဆိုလဲ သိပ် အဆင်မပြေဘူး။ တန်ဖိုးနည်း အိမ်ရာတွေကို နိုင်ငံတော်အ ဆင့်ကနေ များ
များ လုပ်ပြီး တော့ မှန်မှန် ကန်ကန် ရောင်းချပေးသင့် တယ်''ဟု သုံးသပ်ပြောသည်။

ဖြိုးလွင်အောင်
YMG , RangonNewsDaily
kolatt(PBDN): 1.7.2013

0 comments:

Post a Comment