Pages

Monday, July 1, 2013

အကြမ်းဖက်မှုများ ရှိခဲ့သည့် သံတွဲ၌ လုံခြုံရေးဆိုင်ရာ အစည်းအဝေး ပြုလုပ်နေ

Photo: အကြမ်းဖက်မှုများ ရှိခဲ့သည့် သံတွဲ၌ လုံခြုံရေးဆိုင်ရာ အစည်းအဝေး ပြုလုပ်နေ
Monday, July 01, 2013

ဆူပူအကြမ်းဖက်မှုကြောင့် အိမ်အချို့ ဖျက်ဆီးမီးလောင်ခံခဲ့ပြီး ပုဒ်မ ၁၄၄ထုတ်ပြန်ထားသည့် သံတွဲမြို့၌   ပြည်နယ်အဆင့်တာဝန်ရှိသူများ လာရောက်ကာ ခရိုင်အုပ်ချုပ်ရေးမှူးရုံး၌ အစည်းအဝေးပြုလုပ်နေကြောင်း   ဒေသခံများထံမှ သိရသည်။ 

ဇွန်လ(၃၀)ရက်နေ့ညက သံတွဲမြို့တွင် ဆူပူအကြမ်းဖက်မှုကြောင့် အိမ်အချို့ ဖျက်ဆီး မီးလောင်ခံခဲ့ရပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည်။ ထိုနေ့ ညနေက ကောလာဟလတစ်ခု ဖြစ်ပေါ်ခဲ့ပြီး သံတွဲရဲစခန်းကို လူစုလူဝေးဖြင့် ၀ိုင်းခံခဲ့ရကာ ညဘက်တွင် သံတွဲမြို့ တစ်ဖက်ကမ်းရှိ ဒွါရာဝတီမြို့သစ်မှ အိမ်တစ်ချို့ ဖျက်ဆီးခံခဲ့ခြင်းဖြစ်သည်။ 

ည ၈ နာရီခန့်တွင် ပုဒ်မ ၁၈၈ ထုတ်ပြန်ခဲ့သော်လည်း  အိမ်တစ်ချို့ မီးရှို့ခံရပြန်သဖြင့် ည ၁၂နာရီတွင် ပုဒ်မ ၁၄၄ ကို ထပ်မံ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ 

ယင်းကိစ္စနှင့်ပတ်သက်၍  သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ သံတွဲခရိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဦးဝင်းနိုင်က ယခုကဲ့သို့ဆိုသည်။ 

 “ ဒါက နောက်ကွယ်မှာ ခိုင်းစေတဲ့သူ ရှိနေတယ်။ လိုက်လုပ်တဲ့ အဖွဲ့တွေလည်း ရှိတယ်။ဘာမဟုတ်တဲ့ ကိစ္စကို အကြောင်းပြပြီး လုပ်ကြတာပါ။ ဒါမဟုတ်ရင်လည်း နောက်အကြောင်းတစ်ခုပြကြဦးမယ်“ ဟု ဥက္ကဋ္ဌ၊ ဦးဝင်းနိုင်က ပြောသည်။ 

၎င်းက ဆက်လက်ပြီး “ သံတွဲမှာ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာ ညီလိုအစ်ကိုလို အတူတူနေ လာခဲ့တာ နှစ်ပေါင်းရာချီခဲ့ပြီ။ ဗုဒ္ဓတရားတော် အတိုင်းနေထိုင်ကြရင် ဘာပြဿနာမှ ဖြစ်စရာ အကြောင်းမရှိဘူး” ဟုလည်း သူက ဆိုသည်။ 

ဖျက်ဆီးခံရသော အိမ်ရှင်တစ်ဦးက “ အနားမှာ စစ်တပ် လုံခြုံရေး ရှိတယ်။ ရဲတွေလည်း ရှိတယ်။ သူတို့က ဘာမှ မလုပ်ပေးကြဘူး” ဟု ပြောသည်။ 

ဖျက်ဆီးခံရမှုကြောင့် ကားဂိတ်တစ်ခု အပါအ၀င် အိမ် ၇ လုံး ပျက်စီးခဲ့ပြီး အိမ် ၅ လုံးမီးလောင်ကာ ကားနှင့် ဆိုင်ကယ်အချို့လည်း ပျက်စီးခဲ့ရသည်။

ပျက်စီးဆုံးရှုံးမှုနှင့် အရေးယူထားမှုများအား သိရှိနိုင်ရန် သက်ဆိုင်ရာဌာနများသို့ ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ဖုန်းလိုင်းဆက်သွယ်ရေး မကောင်းသောကြောင့် ယခုအချိန်ထိ ဆက်သွယ်၍ မရသေးပေ။ 

ယမန်နှစ်က ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများကြောင့် သံတွဲမြို့နယ်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး အောက်တိုဘာလတွင် ပျက်ပြယ်ခဲ့သဖြင့် ယခုအကြိမ် ထုတ်ပြန်မှုမှာ ဒုတိယအကြိမ်ဖြစ်သည်။

http://myitmakhamediagroup.com/detail.php?newid=5010

Monday, July 01, 2013

ဆူပူအကြမ်းဖက်မှုကြောင့် အိမ်အချို့ ဖျက်ဆီးမီးလောင်ခံခဲ့ပြီး ပုဒ်မ ၁၄၄ထုတ်ပြန်ထားသည့် သံတွဲမြို့၌
ပြည်နယ်အဆင့်တာဝန်ရှိသူများ လာရောက်ကာ ခရိုင်အုပ်ချုပ်ရေးမှူးရုံး၌ အစည်းအဝေးပြုလုပ်နေကြောင်း
ဒေသခံများထံမှ သိရသည်။ ဇွန်လ(၃၀)ရက်နေ့ညက သံတွဲမြို့တွင် ဆူပူအကြမ်းဖက်မှုကြောင့် အိမ်အချို့ ဖျက်ဆီး မီးလောင်ခံခဲ့ရပြီး ပုဒ်
မ ၁၄၄ ထုတ်ပြန်ခဲ့သည်။ထိုနေ့ ညနေက ကောလာဟလတစ်ခု ဖြစ်ပေါ်ခဲ့ပြီး သံတွဲရဲစခန်းကို လူစုလူဝေးဖြင့်
ဝိုင်းခံခဲ့ရကာညဘက်တွင်သံတွဲမြို့တစ်ဖက်ကမ်းရှိ ဒွါရာဝတီမြို့သစ်မှအိမ်တစ်ချို့ဖျက်ဆီးခံခဲ့ခြင်းဖြစ်သည်။

ည ၈ နာရီခန့်တွင် ပုဒ်မ ၁၈၈ ထုတ်ပြန်ခဲ့သော်လည်း အိမ်တစ်ချို့ မီးရှို့ခံရပြန်သဖြင့် ည ၁၂နာရီတွင် ပုဒ်မ ၁၄၄ ကို ထပ်မံ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ သံတွဲခရိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဦးဝင်းနိုင်က ယခုကဲ့သို့ဆိုသည်။

“ ဒါက နောက်ကွယ်မှာ ခိုင်းစေတဲ့သူ ရှိနေတယ်။ လိုက်လုပ်တဲ့ အဖွဲ့တွေလည်း ရှိတယ်။ဘာမဟုတ်တဲ့ ကိစ္စ
ကို အကြောင်းပြပြီး လုပ်ကြတာပါ။ ဒါမဟုတ်ရင်လည်း နောက်အကြောင်းတစ်ခုပြကြဦးမယ်“ ဟု ဥက္ကဋ္ဌ၊ ဦး
ဝင်းနိုင်က ပြောသည်။

၎င်းက ဆက်လက်ပြီး “ သံတွဲမှာ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာ ညီလိုအစ်ကိုလို အတူတူနေ လာခဲ့တာ နှစ်ပေါင်း
ရာချီခဲ့ပြီ။ ဗုဒ္ဓတရားတော် အတိုင်းနေထိုင်ကြရင် ဘာပြဿနာမှ ဖြစ်စရာ အကြောင်းမရှိဘူး” ဟုလည်းသူက
ဆိုသည်။

ဖျက်ဆီးခံရသော အိမ်ရှင်တစ်ဦးက “ အနားမှာ စစ်တပ် လုံခြုံရေး ရှိတယ်။ ရဲတွေလည်း ရှိတယ်။ သူတို့က ဘာမှ မလုပ်ပေးကြဘူး” ဟု ပြောသည်။

ဖျက်ဆီးခံရမှုကြောင့် ကားဂိတ်တစ်ခု အပါအ၀င် အိမ် ၇ လုံး ပျက်စီးခဲ့ပြီး အိမ် ၅ လုံးမီးလောင်ကာ ကားနှင့် ဆိုင်ကယ်အချို့လည်း ပျက်စီးခဲ့ရသည်။

ပျက်စီးဆုံးရှုံးမှုနှင့် အရေးယူထားမှုများအား သိရှိနိုင်ရန် သက်ဆိုင်ရာဌာနများသို့ ဆက်သွယ်ရန် ကြိုးစားခဲ့
သော်လည်း ဖုန်းလိုင်းဆက်သွယ်ရေး မကောင်းသောကြောင့် ယခုအချိန်ထိ ဆက်သွယ်၍ မရသေးပေ။

ယမန်နှစ်က ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများကြောင့် သံတွဲမြို့နယ်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး အောက်တို
ဘာလတွင် ပျက်ပြယ်ခဲ့သဖြင့် ယခုအကြိမ် ထုတ်ပြန်မှုမှာ ဒုတိယအကြိမ်ဖြစ်သည်။

မြစ်မခသတင်း , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၁.၇.၂၀၁၃

0 comments:

Post a Comment