Pages

Monday, July 1, 2013

နိုင်ငံခြားကားတွေထဲကလို နမ်းဖို့ဆိုတာ မြန်မာအမြင်နဲ့ မယဉ်ပါးသေးပါဘူး အကယ်ဒမီထွန်းထွန်ူးဝင်း

Photo: နိုင်ငံခြားကားတွေထဲကလို နမ်းဖို့ဆိုတာ မြန်မာအမြင်နဲ့ မယဉ်ပါးသေးပါဘူး
အကယ်ဒမီထွန်းထွန်ူးဝင်း
Monday, July 01, 2013

မျက်လုံးလေးကလယ်ကလယ်၊ မာယာများတဲ့အလင်္ကာ ဇာတ်ကားမျိုးတွေ
ပေါ်လာတဲ့အပေါ် ဦးထွန်းထွန်းဝင်းအနေနဲ့ ဘယ်လိုမြင်လဲဆို တော့ -

အဲဒါကတော့ မြန်မာပရိသတ်တွေက Love Scene တွေကို ချက်ချင်းကြီး
လက်မခံနိုင်သေးပါဘူး။ ကြင်နာစွာ နမ်းရှုပ်တာကိုခွင့်ပြုတယ်ဆိုတာနဲ့ အင်္ဂလိပ်ကားတွေလို နမ်းဖို့ဆိုတာ မြန်မာအမြင်နဲ့မယဉ်ပါးသေးပါဘူး။ နည်းနည်းရိုင်းနေ သေးပါတယ်။ တဖြည်းဖြည်းနဲ့တော့ နမ်းတာ၊ ရှုပ်တာ
ကတော့ တစ်ခန်းစ၊ နှစ်ခန်းစပါလာမှာပဲလေ။ နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်မယ်ဆိုရင်တော့ ပါမှာပါပဲ။ နမ်းရုံ တော့နမ်းပါ။ ဒါပေမဲ့ နဖူးလေးနမ်း၊ ပါးလေးနမ်းပေါ့။ သိပ်ပြီးတော့ ညစ်ညမ်းတဲ့ပုံတွေ၊ Sexy
ဖြစ်တဲ့ ပြကွက်တွေ မပြရင်ပြီးတာပါပဲ။ နမ်းတာကတော့ လူတိုင်းခွင့်
လွှတ်ပါတယ်။ နည်းနည်း Sexy ဖြစ်ပြီး အမှောင်ဘက်ရောက်သွားတဲ့ ပြ ကွက်မျိုးကျတော့ ကြင်နာစွာနမ်းရှုပ်တာမဟုတ်တော့ဘူး။ အလိုရမ္မက်နဲ့ နမ်းရှုပ်တာဖြစ်သွားရင် မြန်မာပရိသတ်တွေအနေနဲ့ မကြိုက်ဘူး ပေါ့။

ဆင်ဆာတွေ ပြန်တင်းကျပ်လာနိုင်တယ်ထင်လားဆိုတော့ - အခုတော့ ကြားနေရတာက ငါတို့ ပေးလိုက်တာက ကြင်နာစွာနမ်းရှုပ်ဖို့ပါ။ ကြမ်းတမ်းစွာ နမ်းရှုပ်ဖို့ မဟုတ်ဘူးဆိုပြီးပြန်ပိတ်မလို၊ ဘာလိုလိုနဲ့ ကြားနေရတယ်။ မာယာများတဲ့ အလင်္ကာက Internet တင်လို့ပါ။ ဆင်ဆာတင်ရင်တော့ ရမှာမဟုတ်ပါဘူး။ အဖြတ်ခံရမှာပါ။ Internet
ဆိုတာ ဖွလိုက်တဲ့သဘောပါ။ အဲဒီ ကားကို ဆင်ဆာတင်ရင်တော့ ဖြတ် မှာပါ ပြလို့မရပါဘူး။ ဒီလိုကားတွေ ပေါ်လာတာက ဆင်ဆာမူဝါဒတွေ
လျော့ပေးလိုက်တာကတစ်ကြောင်း၊ ခေတ်ကလည်း နမ်းတာ၊ ဖက်တာ သိပ်အဆန်းတကြယ် မဟုတ်တော့ဘူးလေ။ ခုတင်ခန်းတို့၊ ခြင်ထောင် ခန်းတို့ကို ပရိသတ်က လက်မခံဘူး။ ကြင်ကြင်နာနာနမ်းရင် ဘယ်သူမှ ဘာမှမပြောပါဘူး။ ဦးတို့ကအသက် ကြီးနေပြီ။ ဒီစိတ်လည်းမရှိတော့
သလို ဘာကြောင့်လဲ မဝေဖန်တော့ပါဘူးကွာ။

8 DAYS A WEEK ENTERTAINMENT

Monday, July 01, 2013

မျက်လုံးလေးကလယ်ကလယ်၊ မာယာများတဲ့အလင်္ကာဇာတ်ကားမျိုးတွေ ပေါ်လာတဲ့အပေါ်ဦးထွန်းထွန်းဝင်း
အနေနဲ့ ဘယ်လိုမြင်လဲဆို တော့ - အဲဒါကတော့ မြန်မာပရိသတ်တွေက Love Scene တွေကို ချက်ချင်းကြီး
လက်မခံနိုင်သေးပါဘူး။ ကြင်နာစွာ နမ်းရှုပ်တာကိုခွင့်ပြုတယ်ဆိုတာနဲ့ အင်္ဂလိပ်ကားတွေလို နမ်းဖို့ဆိုတာ
မြန်မာအမြင်နဲ့မယဉ်ပါးသေးပါဘူး။နည်းနည်းရိုင်းနေ သေးပါတယ်။ တဖြည်းဖြည်းနဲ့တော့ နမ်းတာ၊ ရှုပ်တာကတော့ တစ်ခန်းစ၊ နှစ်ခန်းစပါလာ
မှာပဲလေ။ နိုင်ငံတကာဈေးကွက်ကိုထိုးဖောက်မယ်ဆိုရင်တော့ ပါမှာပါပဲ။ နမ်းရုံ တော့နမ်းပါ။ဒါပေမဲ့နဖူးလေး
နမ်း၊ ပါးလေးနမ်းပေါ့။ သိပ်ပြီးတော့ ညစ်ညမ်းတဲ့ပုံတွေ၊ Sexyဖြစ်တဲ့ ပြကွက်တွေ မပြရင်ပြီးတာပါပဲ။ 
 
နမ်းတာကတော့ လူတိုင်းခွင့်လွှတ်ပါတယ်။ နည်းနည်း Sexy ဖြစ်ပြီးအမှောင်ဘက်ရောက်သွားတဲ့ ပြ ကွက်မျိုး
ကျတော့ ကြင်နာစွာနမ်းရှုပ်တာမဟုတ်တော့ဘူး။ အလိုရမ္မက်နဲ့ နမ်းရှုပ်တာဖြစ်သွားရင် မြန်မာပရိသတ်တွေ
အနေနဲ့ မကြိုက်ဘူး ပေါ့။

ဆင်ဆာတွေ ပြန်တင်းကျပ်လာနိုင်တယ်ထင်လားဆိုတော့ - အခုတော့ ကြားနေရတာက ငါတို့ ပေးလိုက်
တာက ကြင်နာစွာနမ်းရှုပ်ဖို့ပါ။ ကြမ်းတမ်းစွာ နမ်းရှုပ်ဖို့ မဟုတ်ဘူးဆိုပြီးပြန်ပိတ်မလို၊ ဘာလိုလိုနဲ့ ကြားနေရ
တယ်။ မာယာများတဲ့ အလင်္ကာက Internet တင်လို့ပါ။ ဆင်ဆာတင်ရင်တော့ ရမှာမဟုတ်ပါဘူး။ အဖြတ်ခံရ
မှာပါ။ Internetဆိုတာ ဖွလိုက်တဲ့သဘောပါ။ 
 
အဲဒီ ကားကို ဆင်ဆာတင်ရင်တော့ ဖြတ် မှာပါ ပြလို့မရပါဘူး။ ဒီလိုကားတွေ ပေါ်လာတာက ဆင်ဆာမူဝါဒ
တွေလျော့ပေးလိုက်တာကတစ်ကြောင်း၊ ခေတ်ကလည်းနမ်းတာ၊ဖက်တာသိပ်အဆန်းတကြယ်မဟုတ်တော့
ဘူးလေ။ ခုတင်ခန်းတို့၊ ခြင်ထောင် ခန်းတို့ကို ပရိသတ်က လက်မခံဘူး။ ကြင်ကြင်နာနာနမ်းရင် ဘယ်သူမှ ဘာမှမပြောပါဘူး။ ဦးတို့ကအသက် ကြီးနေပြီ။ ဒီစိတ်လည်းမရှိတော့သလို ဘာကြောင့်လဲ မဝေဖန်တော့ပါ
ဘူးကွာ။

8 DAYS A WEEK, RangonNewsDaily
kolatt(PBDN): 1.7.2013

0 comments:

Post a Comment