Pages

Monday, July 1, 2013

အရှိန်မထိမ်းနိုင်သောကုန်ကားတစ်စီးလူနေအိမ်အတွင်းသို့ဝင်ရောက်

Photo: အရှိန်မထိမ်းနိုင်သောကုန်ကားတစ်စီးလူနေအိမ်အတွင်းသို့ဝင်ရောက်
Monday, July 01, 2013

ယနေ့နံနက် ၄နာရီ အချိန်တွင် လားရှိုးမြို့ရပ်ကွက်(၁၂)၊ နယ်မြေ(၃)၊ ပန့်ဆီဆိုင်အနီး အဝေးပြေးလမ်းမကြီး၌ ကုန်ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ လူနေအိမ် အဆောက်အဦးတစ်ခုထဲသို့ အရှိန်ပြင်းစွာ ၀င်တိုက်သွားကြောင်းသိရသည်။

မန္တလေးဘက်မှ မူဆယ်ဘက်သို့ ဦးတည်ထွက်လာသော ယာဉ်အမှတ်၇င/၂၀၅၆ အဖြူရောင်(၂၂)ဘီးကုန်တင်တွဲကားသည် ပြောင်းဖူးဆံကုန် အပြည့်တင်ဆောင်လာကာ ပန့်ဓါတ်ဆီဆိုင်အနီး မျက်နှာချင်းဆိုင်မှ အရှိန်ပြင်းစွာမောင်းလာသော ဆိုင်ကယ်တစ်စီးကို ရှောင်လိုက်ရာ အရှိန်မထိန်းနိုင်ဘဲ ပန့်ဆီဆိုင်ဝန်းရှိ တံတိုင်းကိုဖြတ်တိုက်ပြီး လူနေအိမ်အဆောက်အဦး တစ်လုံးထဲသို့ ၀င်သွားခြင်း ဖြစ်ကြောင်း တွေ့ရှိသူများက ပြောကြသည်။

ယင်းဖြစ်ပွားမှုကြောင့် လူနေအဆောက်အဦးများ ပျက်စီးကာ အိမ်ရှင် ဒေါ်ရွှေအိမ်မှာ ဒဏ်ရာအနည်းငယ် ရသွားကြောင်း အခင်းဖြစ်ပွားရာမှ သိရသည်။

၎င်းယာဉ်ကိုမောင်းလာသော အောင်မျိုးခိုင်သည် ယာဉ်နောက်လိုက်ဖြစ်ပြီး ယာဉ်မောင်းကျွမ်းကျင်အဆင့် မဟုတ်ဘဲ(ခ)ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်ထားသူဖြစ်ကြောင်း၊ ယာဉ်မောင်း ကျွမ်းကျင်အဆင့်(င)လိုင်စင် ကိုင်ဆောင်သူ ကားဆရာ ညီညီလွင်ဆိုသူက ယာဉ်ခေါင်းရှေ့၌ အိပ်ပျော်လိုက်ပါလာခြင်း ဖြစ်ကြောင်း ယင်းကားဆရာက ပြောကြားသည်။

ထို့ကြောင့် ယာဉ်မောင်းသူ အောင်မျိုးခိုင်အား လားရှိုးယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲအုပ်စောဝင်းက တရားလိုပြုလုပ်၍ ပ(၁၈)/၁၃၊ ပြစ်မှုပုဒ်မ၂၇၉/၃၃၇ဖြင့် အမှုဖွင့်အရးယူစစ်ဆေးလျက်ရှိကြောင်း ယာဉ်ထိန်းရုံးမှ သိရသည်။

ထွန်းထွန်း

မြန်မာ့ခေတ်

Monday, July 01, 2013

ယနေ့နံနက် ၄နာရီ အချိန်တွင် လားရှိုးမြို့ရပ်ကွက်(၁၂)၊ နယ်မြေ(၃)၊ ပန့်ဆီဆိုင်အနီး အဝေးပြေးလမ်းမကြီး၌ ကုန်ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ လူနေအိမ် အဆောက်အဦးတစ်ခုထဲသို့ အရှိန်ပြင်းစွာ ၀င်တိုက်သွားကြောင်းသိရသည်။ မန္တလေးဘက်မှ မူဆယ်ဘက်သို့ ဦးတည်ထွက်လာသော ယာဉ်အမှတ်၇င/၂၀၅၆ အဖြူရောင်(၂၂)ဘီးကုန်တင်တွဲကားသည် ပြောင်းဖူးဆံကုန် အပြည့်တင်ဆောင်လာကာ ပန့်ဓါတ်ဆီဆိုင်အနီး မျက်နှာချင်းဆိုင်မှ အရှိန်ပြင်းစွာမောင်းလာသော ဆိုင်ကယ်တစ်စီးကို ရှောင်လိုက်ရာ အရှိန်မထိန်းနိုင်ဘဲ ပန့်ဆီဆိုင်ဝန်းရှိ တံတိုင်းကိုဖြတ်တိုက်ပြီး လူနေအိမ်အဆောက်အဦး တစ်လုံးထဲသို့ ၀င်သွားခြင်း ဖြစ်ကြောင်း တွေ့ရှိသူများက ပြောကြသည်။

ယင်းဖြစ်ပွားမှုကြောင့် လူနေအဆောက်အဦးများ ပျက်စီးကာ အိမ်ရှင် ဒေါ်ရွှေအိမ်မှာ ဒဏ်ရာအနည်းငယ် ရသွားကြောင်း အခင်းဖြစ်ပွားရာမှ သိရသည်။

၎င်းယာဉ်ကိုမောင်းလာသော အောင်မျိုးခိုင်သည် ယာဉ်နောက်လိုက်ဖြစ်ပြီး ယာဉ်မောင်းကျွမ်းကျင်အဆင့် မဟုတ်ဘဲ(ခ)ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်ထားသူဖြစ်ကြောင်း၊ ယာဉ်မောင်း ကျွမ်းကျင်အဆင့်(င)လိုင်စင် ကိုင်ဆောင်သူ ကားဆရာ ညီညီလွင်ဆိုသူက ယာဉ်ခေါင်းရှေ့၌ အိပ်ပျော်လိုက်ပါလာခြင်း ဖြစ်ကြောင်း ယင်းကားဆရာက ပြောကြားသည်။

ထို့ကြောင့် ယာဉ်မောင်းသူ အောင်မျိုးခိုင်အား လားရှိုးယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲအုပ်စောဝင်းက တရားလိုပြုလုပ်၍ ပ(၁၈)/၁၃၊ ပြစ်မှုပုဒ်မ၂၇၉/၃၃၇ဖြင့် အမှုဖွင့်အရးယူစစ်ဆေးလျက်ရှိကြောင်း ယာဉ်ထိန်းရုံးမှ သိရသည်။

ထွန်းထွန်း

မြန်မာ့ခေတ် , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၁.၇.၂၀၁၃

0 comments:

Post a Comment