Pages

Monday, July 1, 2013

မိုဘိုင်းလ်ဖုန်းဖြင့် ဘီဘီစီ နားဆင်သူ တစ်လအတွင်း တစ်သောင်း ရှစ်ထောင်ရှိ ဟုဆို

Monday, July 01, 2013

ဘီဘီစီ ရေဒီယို မြန်မာပိုင်း အစီအစဉ်ကို မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် နားဆင် သူ ဦးရေသည် ဇွန်လ ၃ ရက်နေ့

က စတင် ဝန်ဆောင်မှုပေးသည့် အချိန်မှစ၍ တစ်လနီးပါး အချိန်အတွင်း သုံးစွဲသူပေါင်း တစ်သောင်း ရှစ်
ထောင်ခန့် ရှိကြောင်း အသံဖြင့် ဝန်ဆောင်မှုပေးနေသော Blue Ocean ကုမ္ပဏီ တာဝန် ရှိသူ တစ်ဦးက ပြော
ကြားသည်။
ယင်းဝန်ဆောင်မှုအတွက် စာရင်းပေးထားသော ဖုန်းများကို နံနက်ပိုင်း ၈ နာရီ တစ်ကြိမ်၊ ညနေ ၆ နာရီ ၃၀ မိနစ်တွင် တစ်ကြိမ် တစ်ရက်နှစ်ကြိမ် ခေါ် ဆိုကာ ဘီဘီစီရေဒီယို မြန်မာပိုင်း အစီအစဉ်များကို ထုတ်လွှင့်
ပေးမည်ဖြစ်ပြီး ဝန်ဆောင်ခ တစ်နေ့လျှင် ၆၀ ကျပ် သတ်မှတ်ထားကြောင်း ၎င်း၏ပြောကြား ချက်အရ သိရ
သည်။

"သတင်းစာထဲပါပြီး နောက်နေ့မှာအဲဒီဝန်ဆောင်မှုကိုစသုံးတာပါ။ဖုန်းလိုင်းမကောင်းတဲ့အခါကျရင်
ပြတ်

ပြတ်သားသား မကြားရဘူး။ ပိုက်ဆံကောက်ခံ တာကတော့ အဆင်ပြေပါတယ်။ မနက်ပိုင်း ခေါ်ဆိုကာနီး ၃၀ ဖြတ်တယ်။ ညနေပိုင်း ခေါ်ဆိုကာနီး ၃၀ ဖြတ်တယ်။ တစ်ခါတလေ ကျရင် တော်တော် နောက်ကျပြီးမှ
 ခေါ်တယ်" ဟု ယင်းဝန်ဆောင်မှုကို အသုံးပြုနေသူ တစ်ဦးက ဆိုသည်။

စာရင်းပေးသွင်းထားသော ဖုန်းများကို စတင် ထုတ်လွှင့်ချိန်တွင် တစ်ပြိုင်တည်း အလုံး ၄၀ ခန့် ခေါ်
ဆိုခဲ့

သော်လည်း ယခုအခါ အဆင့်မြှင့် တင်ပြီး တစ်ကြိမ်လျှင် အလုံး ၁၀၀ နီးပါး တစ်ပြိုင်တည်း ခေါ်ဆိုလျက် ရှိ
သည်ဟု Blue Ocean ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

"CDMA 450 ဖုန်းနဲ့ စာရင်းသွင်းတာ လုပ်လို့မရဘူး" ဟု ယင်းဝန်ဆောင်မှု ကို သုံးစွဲရန် လျှောက်ထားရာတွင် အဆင်မပြေသူ အမျိုးသမီး တစ်ဦးက ဆိုသည်။

ဝန်ဆောင်မှုကို အသုံးပြုရန် လျှောက်ထားရာတွင် ဖုန်းနံပါတ်၂၃၉၉၁၈၈ သို့ ဆက်သွယ် လျှောက်ထားနိုင်

ကြောင်း Blue Ocean ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အောင်သော်ဖြိုး
The Voice Weekly , RangonNewsDaily
kolatt(PBDN): 1.7.2013

0 comments:

Post a Comment