Pages

Saturday, January 19, 2013

ခန္ဓာကိုယ် ကြီးထွား လွန်မှုကို မထိန်းချုပ် နိုင်သူ အမျိုးသမီး ၁၃ နှစ်ကြာ ဝေဒနာ ခံစားပြီး အသက် ၃၄ နှစ်တွင် ကွယ်လွန်

ခန္ဓာကိုယ် ကြီးထွား လွန်မှုကို မထိန်းချုပ် နိုင်သူ အမျိုးသမီး ၁၃ နှစ်ကြာ ဝေဒနာ ခံစားပြီး အသက် ၃၄ နှစ်တွင် ကွယ်လွန်


ကမ္ဘာ့ အဆိုး ရွားဆုံးနှင့် ကြုံတောင့်ကြုံခဲ ဖြစ်သည့် ခန္ဓာကိုယ် ကြီးထွားလွန်မှု ရောဂါခံစား နေရသည့် အမျိုးသမီး တစ်ဦးသည် ၎င်းဝေဒနာအား ၁၃ နှစ်ကြာ ခံစား ခဲ့ရပြီးနောက် ဇန်နဝါရီ ၁၄ ရက်က သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ရောဂါသည် ဆေးပညာ အတွေ့ အကြုံများ အရ ဖြစ်ခေါင့်ဖြစ်ခဲ ရှားရှားပါးပါး အခြေ အနေ တစ်ရပ်ဖြစ်သည်။ အမေရိကန် ပြည်ထောင်စု လက်စ်ဗီးဂတ်စ် မြို့မှ အသက် ၃၄ နှစ် အရွယ် တန်ယာအန်ဂတ်စ် အမည်ရှိ ၎င်းအမျိုး သမီးသည် ငယ်ရွယ် လှပစဉ် အချိန်က သရုပ်ဆောင် တစ်ဦးဖြစ်လာရန် စိတ်ကူး ယဉ်ခဲ့သူ ဖြစ်သည်။ သို့သော် သူမသည် ဆေးပညာ အရ ရှားပါးသည့် ပုံမှန် မဟုတ်သော ခန္ဓာကိုယ် မရပ်မနား ကြီးထွားမှု ရောဂါ၏ ရိုက်ခတ်မှုကို ခံခဲ့ရသည်။

သူမသည် အသက် ၂၁ နှစ် မတိုင်မီ အရပ်မှာ ပုံမှန် ၅ ပေ ၁၁ လက်မသာ ရှိပြီး ကိုယ်အလေး ချိန် ၁၁၅ ပေါင်ရှိကာ သွယ်လျသော ခန္ဓာကိုယ် ရှိသူဖြစ်သည်။ သူမသည် ဖက်ရှင်အလှ ပြပွဲများတွင် ပါဝင် ခဲ့ဖူးပြီး အကကိုလည်း နှစ်သက် ခုံမင်သူ ဖြစ်ကာ သူမ၌ ချစ်သူတစ်ဦး ရှိခဲ့ ဖူးလေသည်။သို့သော် အသက် ၂၁ နှစ် အရောက်တွင် သူမ၏ လက်များ ကြီးထွား လာသည်ကို စတင် သတိထားမိ လာခဲ့သည်။ထို့နောက်တွင် တန်ယာသည် ၂၂ နှစ်သို့ ရောက်ရှိလာသော အခါ သူမ၏ ကိုယ်ခန္ဓာမှာ သုံးလက်မ ပို၍ကြီးထွား လာခဲ့သည်။တန်ယာ၏ ရောဂါမှာ ကင်ဆာ မဟုတ်သော ဂလင်းအကျိတ် အဖုမှ ခန္ဓာကိုယ် ကြီးထွား စေသည့် ဟော်မုန်းများ အလွန်အမင်း ထွက်စေသည့် acromegaly ရောဂါ ဖြစ်သည်ကို အထူးကု ဆရာဝန် တစ်ဦးက  ဖော်ထုတ် နိုင်ခဲ့သည်။

တန်ယာ၏ ပစ်ကျူ ထရီဂလင်း ဝန်းကျင်တွင် အကျိတ် အဖုများ ဖြစ်ပေါ်လာပြီး ၎င်းအကျိတ် အဖုများက သူမ၏ ခန္ဓာကိုယ် တွင်းသို့ ကြီးထွား ဟော်မုန်းများ အဆမတန် ထုတ်လွှတ် မှုကြောင့် ခန္ဓာကိုယ်မှာ အလွန်အမင်း ကြီးထွား လာခဲ့ခြင်း ဖြစ်ကြောင်း ဗြိတိန် နိုင်ငံထုတ် သတင်းစာကြီး တစ်စောင်တွင် ဖော်ပြထားသည်။သူမ၏ ရောဂါ အခြေ အနေသည် မစ်ချီဂန် ပြည်နယ်၌ Walmart ကုမ္ပဏီ၏ ကြီးကြပ်ရေးမှူး တစ်ဦးအဖြစ် တာဝန် ယူစဉ်နှင့် သူမ ချစ်သူနှင့် လမ်းခွဲခဲ့သည့် အချိန်တွင် ပို၍ ဆိုးရွား လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

ကမ္ဘာ့ အဆိုး ရွားဆုံးနှင့် ကြုံတောင့်ကြုံခဲ ဖြစ်သည့် ခန္ဓာကိုယ် ကြီးထွားလွန်မှု ရောဂါခံစား နေရသည့် အမျိုးသမီး တစ်ဦးသည် ၎င်းဝေဒနာအား ၁၃ နှစ်ကြာ ခံစား ခဲ့ရပြီးနောက် ဇန်နဝါရီ ၁၄ ရက်က သေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါ ရောဂါသည် ဆေးပညာ အတွေ့ အကြုံများ အရ ဖြစ်ခေါင့်ဖြစ်ခဲ ရှားရှားပါးပါး အခြေ အနေ တစ်ရပ်
ဖစ်သည်။ အမေရိကန် ပြည်ထောင်စု လက်စ်ဗီးဂတ်စ် မြို့မှ အသက် ၃၄ နှစ် အရွယ် တန်ယာအန်ဂတ်စ် အ
မည်ရှိ ၎င်းအမျိုး သမီးသည် ငယ်ရွယ် လှပစဉ် အချိန်က သရုပ်ဆောင် တစ်ဦးဖြစ်လာရန် စိတ်ကူး ယဉ်ခဲ့
သူ ဖြစ်သည်။ သို့သော် သူမသည် ဆေးပညာ အရ ရှားပါးသည့် ပုံမှန် မဟုတ်သော ခန္ဓာကိုယ် မရပ်မနား ကြီးထွားမှု ရောဂါ၏ ရိုက်ခတ်မှုကို ခံခဲ့ရသည်။

သူမသည် အသက် ၂၁ နှစ် မတိုင်မီ အရပ်မှာ ပုံမှန် ၅ ပေ ၁၁ လက်မသာ ရှိပြီးကိုယ်အလေး ချိန်၁၁၅ ပေါင်
ရှိကာ သွယ်လျသော ခန္ဓာကိုယ် ရှိသူဖြစ်သည်။ သူမသည် ဖက်ရှင်အလှ ပြပွဲများတွင် ပါဝင်ခဲ့ဖူးပြီး အကကို
လည်း နှစ်သက် ခုံမင်သူ ဖြစ်ကာ သူမ၌ ချစ်သူတစ်ဦး ရှိခဲ့ ဖူးလေသည်။သို့သော် အသက် ၂၁ နှစ် အရောက်
တွင် သူမ၏ လက်များ ကြီးထွား လာသည်ကို စတင် သတိထားမိ လာခဲ့သည်။ထို့နောက်တွင် တန်ယာသည် ၂၂ နှစ်သို့ ရောက်ရှိလာသော အခါ သူမ၏ ကိုယ်ခန္ဓာမှာ သုံးလက်မ ပို၍ကြီးထွား လာခဲ့သည်။တန်ယာ၏
ရာဂါမှာ ကင်ဆာ မဟုတ်သော ဂလင်းအကျိတ် အဖုမှ ခန္ဓာကိုယ် ကြီးထွား စေသည့် ဟော်မုန်းများ အလွန်
အမင်း ထွက်စေသည့် acromegaly ရောဂါ ဖြစ်သည်ကို အထူးကု ဆရာဝန် တစ်ဦးက ဖော်ထုတ် နိုင်ခဲ့သည်။

တန်ယာ၏ ပစ်ကျူ ထရီဂလင်း ဝန်းကျင်တွင် အကျိတ် အဖုများ ဖြစ်ပေါ်လာပြီး ၎င်းအကျိတ် အဖုများက သူမ
၏ ခန္ဓာကိုယ် တွင်းသို့ ကြီးထွား ဟော်မုန်းများ အဆမတန် ထုတ်လွှတ် မှုကြောင့် ခန္ဓာကိုယ်မှာအလွန်အမင်း
 ကြီးထွား လာခဲ့ခြင်း ဖြစ်ကြောင်း ဗြိတိန် နိုင်ငံထုတ် သတင်းစာကြီး တစ်စောင်တွင် ဖော်ပြထားသည်။
 
သူမ၏ ရောဂါ အခြေ အနေသည် မစ်ချီဂန် ပြည်နယ်၌ Walmart ကုမ္ပဏီ၏ ကြီးကြပ်ရေးမှူး တစ်ဦးအဖြစ် တာဝန် ယူစဉ်နှင့် သူမ ချစ်သူနှင့် လမ်းခွဲခဲ့သည့် အချိန်တွင် ပို၍ ဆိုးရွား လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 မြ၀တီ

0 comments:

Post a Comment