Pages

Friday, December 27, 2013

ဂျပန်စက်ရုပ် အာကာသယာဉ်မှူး Kirobo နှင့် လူသားအာကာသယာဉ်မှူးတို့ ပထမဆုံးအကြိမ် စကားပြော

RangonNewsDaily:: December . 27 .2013
ကမ္ဘာ့ပထမဆုံး Kirobo အမည်ရှိ စက်ရုပ်အာကာသယာဉ်မှူး သည် နိုင်ငံတကာ အာကာသစခန်း ISS မှ အာ

ကာသယာဉ်မှူးတစ်ဦးနှင့် စတင်စကားပြောပြီ ဖြစ်သည်။ ထိုသို့စက်ရုပ်အာကာသယာဉ်မှူးမှ စကားပြောခြင်း
သည် ပထမဦးဆုံးဖြစ်ကြောင်း ISS က ပြောကြား လိုက်သည်။ ၎င်းစက်ရုပ်အာကာသယာဉ်မှူး၏ မှတ်ဥာဏ်
သည် လူသားဆန်သည့်မှတ်ဉဏ်မျိုးပါရှိသည်။ ခရုပမာဏ အရွယ် android ကိရိယာတစ်မျိုး တပ်ဆင်ထားပြီး ၎င်းစက်ရုပ်သည် လူသားအား မည်သို့တုံ့ပြန်ပြော ဆိုရမည်ကို သိရှိနိုင်သည်။
Kirobo သည် ခရစ္စမတ်အမှတ်သင်္ကေတဖြစ်သော Santa ဦးထုပ်ကိုဆောင်းထားပြီး ၎င်းသည် ခရစ္စ မတ်ဘိုး
ဘိုးကြီးထံမှ လက်ဆောင်တစ်ခုရရှိရန်ပင် မျှော်လင့်ထားကြောင်း ဂျပန်အာကာသယာဉ်မှူးကိုချီဝါကာတာကို
 ပြောကြားထားသည်။

၎င်းတို့သည်ကမ္ဘာမြေပြင်၏အထက်မိုင်ပေါင်းရာချီသည့်ကမ္ဘာ့ဆွဲအားနှင့်ကင်းလွတ်သောနေရာတွင် ရောက်

ရှိနေချိန်မှာပင် Kiroboက “စင်တာကလော့ အာကာသကို လာပါလိမ့်မယ်”ဟု ပြောကြား ခဲ့သည် ။

“မင်းက စင်တာကလော့ဆီက ဘာတောင်းမှာလဲ Kirobo” ဟု ဂျပန်အာကာသယာဉ်မှူးက မေးမြန်း
သောအ

ခါတွင်“ကျွန်တော်ဒုံးကျည်အရုပ်တစ်ခုလိုချင်တယ်ဗျာ တောင်းကြစို့”လို့Kiroboက ပြန်လည် ပြောကြားခဲ့သည်
ဟု ဆိုသည်။

ထိုသို့စက်ရုပ်အာကာသယာဉ်မှူးက စကားပြောဆိုနိုင်ခြင်းသည် ကမ္ဘာနှင့်ကင်းကွာပြီး သီးခြားနေရသော လူ

သားများအတွက် စက်ရုပ်တစ်ရုပ်က မည်သို့အဖော်လုပ်ပေးနိုင်မည်ကို လေ့လာ စမ်းသပ်ကြည့်ခြင်း ဖြစ်ပြီး
ရေရှည်စီမံကိန်းတစ်ခု၏အစိတ်အပိုင်းတစ်ရပ် လည်းဖြစ်သည်။

အထူးသဖြင့် ၎င်းစက်ရုပ်တွင် စကားပြောဆိုခြင်းဆိုင်ရာ နည်းပညာရပ်များ ဖန်တီးပေးနိုင်ပါက ရှေ့ အလား

အလာကောင်းများအားပိုမိုမျှော်မှန်းနိုင်မည်ဖြစ်သည်။Kiroboသည်အကြမ်းဖျင်းအားဖြင့် Chihuuhua မြို့တော်
အရွယ်ပမာဏရှိပြီးကုန်စည်သယ်ဆောင်သောဒုံးကျည်တစ်စင်းဖြင့်ကမ္ဘာမြေပြင် မှထွက်ခွာခဲ့ခြင်းဖြစ်ပြီး သြ
ဂုတ် ၁၀ ရက်တွင် အာကာသစခန်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ဝါကာတာသည် ရုရှအာကာသယာဉ်မှူး မစ်ဟေးတာရင်းနှင့်အတူ နာဆာအာကာသယာဉ်မှူး ရစ်စ်မက် စတ

ရာချီအိုတို့သည် နိုဝင်ဘာလတွင် ISS ၌ ၎င်းနှင့် ဆက်သွယ်ခဲ့ကြခြင်းဖြစ်သည်။

“ဒီစက်ရုပ်နဲ့ စကားကို ချောချောမွေ့မွေ့မပြောနိုင်ခင် ကျွန်တော်တို့မှာ အခက်အခဲတစ်မျိုး ကြုံခဲ့ရပါ တယ်။ ကျွန်တော်တို့တွေဟာ စက်ရုပ်တစ်ရုပ်အနေနဲ့ အခုထက်ပိုပြီး လူတွေနဲ့ ဆက်သွယ်မှုပြုလုပ်နိုင် အောင် ဖန်

တီးရာမှာ အရေးပါတဲ့အချက်တွေကိုလည်း သိထားပြီးဖြစ်ပါတယ်”ဟု တီထွင်ဖန်တီးသူ တိုမိုတာကာသာချီ
က ပြောကြားခဲ့သည် ။

စက်ရုပ်အာကာသယာဉ်မှူးKirobo နှင့် ၎င်းင်းစကားပြောဖော်တို့သည်ISS ၌ မိနစ်ပေါင်းများစွာကြာ အောင် သဘာဝကျကျဖြင့် စကားပြောဆိုခဲ့ကြသည်။

Mizzima - News , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment