Pages

Friday, December 27, 2013

ခေတ်သစ်ပြည်သူ့ပါတီက ၂၀၁၅တွင် မဲဆန္ဒနယ် ၁၀ဝကျော် ဝင်ရောက်ယှဉ်ပြိုင်မည်ဟုဆို

RangonNewsDaily:: December . 27 .2013
၂၀၁၅ ရွေးကောက်ပွဲ တွင်ခေတ်သစ် ပြည်သူ့ပါတီက မဲဆန္ဒနယ် ၁၀၀ ကျော် ဝင်ရောက် အရွေးချယ် ခံမည်

ဖြစ်ကြောင်းသိရသည်။ပါတီကိုယ်စားပြုကိုယ်စား လှယ်လောင်းများကို ၂၀၁၄ ခုနှစ် ဇန်နဝါရီတွင် ရွေးချယ်
သတ် မှတ်မည်ဖြစ်ကြောင်း ယင်းပါ တီမှသိရသည်။ ခေတ်သစ်ပြည်သူ့ပါတီ ဥက္ကဋ္ဌဦးထွန်းအောင်ကျော်က ''အနည်းဆုံးနေရာ၁၀၀ဝင်ပြိုင်မယ်။တိုင်းဒေသကြီးရော၊ ပြည်သူ့လွှတ်တော်ရော အမျိုး သားလွှတ်တော်ရော
ဝင်ဖို့လျာ ထားထားတယ်'' ဟု ပြောသည်။
ဧရာဝတီတိုင်းကို အဓိက ထားကာ ဝင်ရောက်အရွေးချယ် ခံမည်ဖြစ်ပြီး ဒုတိယဦးစားပေး မှာ ရန်ကုန်ဖြစ်
ကြောင်း၊ပဲခူး တိုင်း၊ကချင်ပြည်နယ်၊ ရခိုင်ပြည် နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်း တိုင်း၊ တနင်္သာရီတိုင်း၊ မကွေး တိုင်းတို့တွင် ရွေးကောက်ပွဲဝင် ရန်လျာထားထားသည်ဟု သိ ရသည်။

ပါတီကိုယ်စားလှယ်လောင်း များကိုရွေးချယ်ရာတွင်ကိုယ်စားလှယ်လောင်း၏ နိုင်ငံရေးသက်တမ်း၊ပါတီဝင်

သက်တမ်း၊စွမ်းဆောင်ရည်၊ ပြည်သူနှင့် ပါတီအပေါ်သစ္စာစောင့် သိမှု၊ ဒေသခံပါတီ ဝင်နှင့် ပြည်သူ ထောက် ခံမှုတို့အပေါ် အခြေခံ ကာရွေးချယ်မည်ဟု သိရသည်။

အဆိုပါပါတီအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် မဲဆန္ဒ နယ် ၃၀ ဝင်ရောက်အရွေးချယ် ခံပြီး ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲတွင်လည်း သုံးနေရာ အရွေးချယ်ခံခဲ့ကြောင်းသိရ သည်။

အေးမြမြထွန်း
Yangon Media , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment