Pages

Saturday, December 28, 2013

ဖိလစ်ပိုင် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု ရပ်ဆိုင်းမည်ဟု ကွန်မြူနစ်ပါတီ ထုတ်ပြန်

Photo: ဖိလစ်ပိုင် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု ရပ်ဆိုင်းမည်ဟု ကွန်မြူနစ်ပါတီ ထုတ်ပြန်
Saturday, December 28, 2013

ဖိလစ်ပိုင် အစိုးရအဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု ရပ်ဆိုင်းမည်ဟု ဖိလစ်ပိုင် ကွန်မြူနစ်ပါတီ (CPP) က ပါတီ တည်ထောင်ခြင်း ၄၅ နှစ်မြောက် အခမ်းအနားတွင် ထုတ်ပြန်လိုက်ကြောင်း Inquirer News သတင်းတွင် ဖော်ပြထားသည်။

သမ္မတအကွီနို၏ အုပ်ချုပ်ရေးအဖွဲ့က ငြိမ်းချမ်းရေး ဆွေးနွေးရန် လိုလားမှု မရှိခြင်းကြောင့် ဆွေးနွေးမှုများကို ရပ်ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း၊ နောက် အုပ်ချုပ်ရေး အဖွဲ့သစ် လက်ထက်တွင် ဆွေးနွေးမှုများ ထပ်မံ ပြုလုပ်သွားရန် စောင့်ဆိုင်းသွားမည် ဖြစ်ကြောင်း ဂျာနယ်လစ်များထံသို့ ပေးပို့ သည့် ဖိလစ်ပိုင် ကွန်မြူနစ်ပါတီ၏ အီးမေးလ်တွင် ဖော်ပြထားသည်။

ဖိလစ်ပိုင်နိုင်ငံ၌ အာရှဒေသ၏ သတ်တမ်း အရှည်ကြာဆုံး ကွန်မြူနစ် ပုန်ကန်မှု ပေါ်ပေါက်နေပြီး ဆင်းရဲမွဲတေမှု၊ လက်ဝါးကြီးအုပ် ချုပ်ကိုင်အုပ်ချုပ်မှု များကြောင့် ယင်းကဲ့သို့ ဖြစ်ပွားရခြင်း ဖြစ်သည်ဟု ပြစ်တင်ထားသည်။

အစ္စလာမ္မစ် လက်နက်ကိုင် အဖွဲ့များ ဖြစ်သော မော်ရို အစ္စလာမ္မစ် လွတ်မြောက်ရေးတပ်ဦး၊ ဘန်ဆာမိုရို အစ္စလာမ္မစ် စစ်သည်အဖွဲ့ စသည့် အဖွဲ့များနှင့် ဖိလစ်ပိုင် အစိုးရကြား ငြိမ်းချမ်းရေး ဆွေးနွေးနေပြီး သဘောတူညီမှု ရရှိနိုင်ခြင်းရှိ မရှိကို CPP က စောင့်ကြည့် အကဲခတ်နေသည်။
“ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရရှိရေးနဲ့ ဘိုးဘွားပိုင် နယ်မြေရရှိရေး ဘန်ဆာမိုရို အဖွဲ့က ဆက်လက် တိုက်ပွဲဝင် သွားမည်လို့ ကျွန်တော်တို့ ရှုမြင်ပါတယ်” ဟု CPP က ပြောကြားသည်။

ထို့အပြင် ၁၉၉၆ ခုနှစ် ငြိမ်းချမ်းရေး သဘောတူညီချက်ကို အကွီနို အုပ်ချုပ်ရေးအဖွဲ့က ဖောက်ဖျက်သည်ဟု စွပ်စွဲပြီး မော်ရို အမျိုးသား လွတ်မြောက်ရေးတပ်ဦး အဖွဲ့ဝင်များက ဖိလစ်ပိုင်နိုင်ငံ ဇန်ဘိုဂါမြို့ကို စက်တင်ဘာလအတွင်း တိုက်ခိုက်ခဲ့သည်။

မော်ရို အစ္စလာမ္မစ် လွတ်မြောက်ရေး တပ်ဦးနှင့် ဖိလစ်ပိုင် အစိုးရအဖွဲ့ကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို နှစ်သစ်ကူး ပွဲတော်အပြီးတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တော်တွင် ကျင်းပသွားမည်ဖြစ်ပြီး လက်နက်များ ချရေး၊ ကြားဖြတ် တရားစီရင်ရေးနှင့် အခြားသော အချက်များ ကို ဆွေးနွေးသွားမည် ဖြစ်သည်။

ဖိလစ်ပိုင် ကွန်မြူနစ်ပါတီဝင် အင်အားကို ၂၅၀၀၀ ထိ တိုးချဲ့သွားရန်နှင့် ဖိလစ်ပိုင် တပ်မတော်နှင့် ရင်ဆိုင် တိုက်ခိုက်နိုင်ရန် ပြည်သူ့ တပ်မတော်သစ်ကို အင်အား ၂၅,၀၀၀ ထိ တိုးမြှင့်သွားရန် ကွန်မြူနစ်ပါတီ နောက်လိုက်များကို တိုက်တွန်းထားသည်။

ထို့ပြင် ဖိလစ်ပိုင် ပြည်နယ်ပေါင်း ၈၁ ခုအနက် ၇၁ ခုတွင် ကွန်မြူနစ် ပြောက်ကျား စစ်မျက်နှာပေါင်း ၁၁၀ ထိ ရှိနေပြီး ယင်းစစ်မျက်နှာ အရေအတွက်ကို ၂၀၀ အထိ တိုးမြှင့်သွားရန်လည်း ကွန်မြူနစ်ပါတီက စီစဉ်နေသည်။

စည်းကမ်းများဖြင့် ငွေလွှဲပေးရေး အစီအစဉ်နှင့် ပါနာမာ အသက်မွေးမြူရေး စီမံကိန်းများမှာ အကျင့်ပျက် လာဘ်စားမှုနှင့် ခြိမ်းခြောက်ရေး အစီအမံများဖြစ်ပြီး ပြည်သူ့တပ်မတော်၏ သတင်းရရှိနိုင်ရန် အစိုးရအဖွဲ့က တစ်ဖက်လှည့်ဖြင့် ကျင့်သုံးခြင်း ဖြစ်ကြောင်း ကွန်မြူနစ်ပါတီက ဝေဖန်ထားသည်။

ဖိလစ်ပိုင် တပ်မတော်၏ သောင်းကျန်းသူ နှိမ်နင်းမှု စစ်ဆင်ရေးမှာလည်း ကျဆုံးနေကြောင်း၊ နိုင်ငံတွင်း ဥပဒေမဲ့ ပြုမူနေသည့် သမ္မတအကွီနိုကို ရာထူးမှ ဖြုတ်ချသွားရမည် ဖြစ်ကြောင်း ဖိလစ်ပိုင် ကွန်မြူနစ်ပါတီက တောင်းဆိုထားသည်။

The Voice Weekly

RangonNewsDaily:: December . 28 .2013
ဖိလစ်ပိုင် အစိုးရအဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုရပ်ဆိုင်းမည်ဟုဖိလစ်ပိုင်ကွန်မြူနစ်ပါတီ (CPP) က ပါတီ
တည်ထောင်ခြင်း ၄၅ နှစ်မြောက် အခမ်းအနားတွင် ထုတ်ပြန်လိုက်ကြောင်း Inquirer News သတင်းတွင်
 ဖော်ပြထားသည်။ သမ္မတအကွီနို၏ အုပ်ချုပ်ရေးအဖွဲ့က ငြိမ်းချမ်းရေး ဆွေးနွေးရန် လိုလားမှု မရှိခြင်းကြောင့် ဆွေးနွေးမှုများကို ရပ်ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း၊ နောက် အုပ်ချုပ်ရေးအဖွဲ့သစ်လက်ထက်တွင် ဆွေးနွေးမှုများ ထပ်မံ ပြုလုပ်
သွားရန် စောင့်ဆိုင်းသွားမည် ဖြစ်ကြောင်း ဂျာနယ်လစ်များထံသို့ ပေးပို့ သည့် ဖိလစ်ပိုင် ကွန်မြူနစ်ပါတီ၏ အီးမေးလ်တွင် ဖော်ပြထားသည်။

ဖိလစ်ပိုင်နိုင်ငံ၌အာရှဒေသ၏သတ်တမ်းအရှည်ကြာဆုံး ကွန်မြူနစ် ပုန်ကန်မှု ပေါ်ပေါက်နေပြီး ဆင်းရဲမွဲတေ
မှု၊ လက်ဝါးကြီးအုပ် ချုပ်ကိုင်အုပ်ချုပ်မှု များကြောင့် ယင်းကဲ့သို့ ဖြစ်ပွားရခြင်း ဖြစ်သည်ဟု ပြစ်တင်ထားသည်။

အစ္စလာမ္မစ် လက်နက်ကိုင် အဖွဲ့များ ဖြစ်သော မော်ရို အစ္စလာမ္မစ် လွတ်မြောက်ရေးတပ်ဦး၊ ဘန်ဆာမိုရို အစ္စလာမ္မစ်စစ်သည်အဖွဲ့စသည့် အဖွဲ့များနှင့် ဖိလစ်ပိုင် အစိုးရကြား ငြိမ်းချမ်းရေး ဆွေးနွေးနေပြီး သဘော
တူညီမှု ရရှိနိုင်ခြင်းရှိ မရှိကို CPP က စောင့်ကြည့် အကဲခတ်နေသည်။

“ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရရှိရေးနဲ့ဘိုးဘွားပိုင်နယ်မြေရရှိရေး ဘန်ဆာမိုရို အဖွဲ့က ဆက်လက် တိုက်ပွဲဝင် သွား
မည်လို့ ကျွန်တော်တို့ ရှုမြင်ပါတယ်” ဟု CPP က ပြောကြားသည်။

ထို့အပြင် ၁၉၉၆ ခုနှစ် ငြိမ်းချမ်းရေး သဘောတူညီချက်ကို အကွီနို အုပ်ချုပ်ရေးအဖွဲ့က ဖောက်ဖျက်သည်ဟု စွပ်စွဲပြီး မော်ရိုအမျိုးသားလွတ်မြောက်ရေးတပ်ဦး အဖွဲ့ဝင်များက ဖိလစ်ပိုင်နိုင်ငံ ဇန်ဘိုဂါမြို့ကို စက်တင်ဘာ
လအတွင်း တိုက်ခိုက်ခဲ့သည်။

မော်ရို အစ္စလာမ္မစ် လွတ်မြောက်ရေး တပ်ဦးနှင့် ဖိလစ်ပိုင် အစိုးရအဖွဲ့ကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို
 နှစ်သစ်ကူးပွဲတော်အပြီးတွင်မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တော်တွင် ကျင်းပသွားမည်ဖြစ်ပြီး လက်နက်
များ ချရေး၊ ကြားဖြတ် တရားစီရင်ရေးနှင့် အခြားသော အချက်များ ကို ဆွေးနွေးသွားမည် ဖြစ်သည်။

ဖိလစ်ပိုင် ကွန်မြူနစ်ပါတီဝင် အင်အားကို ၂၅၀၀၀ ထိ တိုးချဲ့သွားရန်နှင့် ဖိလစ်ပိုင် တပ်မတော်နှင့် ရင်ဆိုင် တိုက်ခိုက်နိုင်ရန် ပြည်သူ့ တပ်မတော်သစ်ကို အင်အား ၂၅,၀၀၀ ထိ တိုးမြှင့်သွားရန် ကွန်မြူနစ်ပါတီ နောက်
လိုက်များကို တိုက်တွန်းထားသည်။

ထို့ပြင် ဖိလစ်ပိုင် ပြည်နယ်ပေါင်း ၈၁ ခုအနက် ၇၁ ခုတွင် ကွန်မြူနစ် ပြောက်ကျား စစ်မျက်နှာပေါင်း ၁၁၀ ထိ ရှိနေပြီး ယင်းစစ်မျက်နှာ အရေအတွက်ကို ၂၀၀ အထိ တိုးမြှင့်သွားရန်လည်း ကွန်မြူနစ်ပါတီက စီစဉ်နေ
သည်။

စည်းကမ်းများဖြင့် ငွေလွှဲပေးရေး အစီအစဉ်နှင့် ပါနာမာ အသက်မွေးမြူရေး စီမံကိန်းများမှာ အကျင့်ပျက် လာဘ်စားမှုနှင့် ခြိမ်းခြောက်ရေး အစီအမံများဖြစ်ပြီး ပြည်သူ့တပ်မတော်၏ သတင်းရရှိနိုင်ရန် အစိုးရအဖွဲ့
က တစ်ဖက်လှည့်ဖြင့် ကျင့်သုံးခြင်း ဖြစ်ကြောင်း ကွန်မြူနစ်ပါတီက ဝေဖန်ထားသည်။

ဖိလစ်ပိုင် တပ်မတော်၏ သောင်းကျန်းသူ နှိမ်နင်းမှု စစ်ဆင်ရေးမှာလည်း ကျဆုံးနေကြောင်း၊ နိုင်ငံတွင်း ဥပဒေမဲ့ ပြုမူနေသည့် သမ္မတအကွီနိုကို ရာထူးမှ ဖြုတ်ချသွားရမည် ဖြစ်ကြောင်း ဖိလစ်ပိုင် ကွန်မြူနစ်ပါတီ
က တောင်းဆိုထားသည်။

The Voice Weekly , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment