Pages

Saturday, December 28, 2013

ဧရာဝတီမြစ်ဆိပ်တွင် ဆိုက်ကပ်ထားသော သင်္ဘော ဂဟေဆော်ရာမှ ပေါက်ကွဲမှုဖြစ်

Photo: ဧရာဝတီမြစ်ဆိပ်တွင် ဆိုက်ကပ်ထားသော သင်္ဘော ဂဟေဆော်ရာမှ ပေါက်ကွဲမှုဖြစ်
Saturday, December 28, 2013

မန္တလေး မြို့ မဟာအောင်မြေမြို့ နယ် သန်လျက်မှော် အနောက်ရပ် ကွက် ရတနာပုံသင်္ဘောကျင်း အနောက် ဧရာဝတီမြစ်ဆိပ်တွင် ဆိုက်ကပ်ထားသည့် ကျောက် တင်  တွဲသင်္ဘောတစ်စင်း ဒီဇင်ဘာ ၂ရရက်က ပေါက်ကွဲမှုဖြစ်ပွား ရာမှ လူတစ်ဦး ပွဲချင်းပြီးသေ ဆုံးပြီး လေးဦး ဒဏ်ရာများ အ သီးသီးရရှိသွားကြောင်း နယ်မြေ ခံ အမှတ်(၇)ရဲစခန်းမှသိရသည်။

အဆိုပါကျောက်တင်တွဲ သင်္ဘောသည် အလျား ပေ၂၀၀၊ အနံ ၄၅ပေကျယ် ဝန်းပြီး ကျင်း ၁၈ဝခန့်ပါဝင်သည့် ကျောက် သေးများတင်ဆောင်၍ သူရိန် ကျော်စိုးဝင်း(၈)တွဲတွင် သင်္ဘော တွဲလျက် ဆိုက်ကပ်ထားစဉ် ကျောက်တင်တွဲ၏ ရှေ့ပိုင်း ကျောက်ဆူး ချသည့် ကျောက် ထိန်းကွင်းပျက်စီးနေသဖြင့် အ သစ်လဲလှယ်ပြင်ဆင်မှု ပြုလုပ် ရန် ဂဟေဆော်လုပ်သား လွင် မိုးအောင်နှင့် အာနိုးတို့မှ လေ အိုးတစ်လုံး၊ ဂက်စ်အိုးတစ်လုံး တို့နှင့်အတူ သင်္ဘောပေါ်သို့ ဒီ ဇင်ဘာ ၂ရရက် နံနက် ၈နာရီ တွင် ရောက်ရှိလာသည်။ ဂဟေ ဆော်ခြင်းလုပ်ငန်း လုပ်ကိုင်ရန် အတွက် ရေယာဉ်အုပ် ဦးသန်း နိုင်မှ လိုအပ်သောသံပြားများ အား ကုန်းပေါ်သို့ လိုက်လံရှာ ဖွေပြီး ၈နာရီ ၄၅မိနစ်တွင် ဂ ဟေဆော်လုပ်သားများဖြစ်ကြ သည့် လွင်မိုး အောင်၊ အာနိုးနှင့် သင်္ဘောလုပ်သား လင်းဦးနှင့် မျိုးနိုင်တို့က ဂဟေဆော်နေစဉ် ၉နာရီ ၁၅မိနစ်တွင် ဂဟေ ဆော်ရာမှ ထွက်ပေါ်လာသည့် မီးပွားများနှင့် ဂက်စ်အိုးမှ ထွက်ပေါ်လာသည့် ဂက်စ်ငွေ့ တို့ပေါင်းစပ်ရာမှ ပေါက်ကွဲမှု ဖြစ်ပွား ခြင်းဖြစ်သည်။

''ဒီဆိပ်ကမ်းမှာ နှစ်ပေါင်း များစွာ အလုပ်လုပ်လာတာ ဒီ လိုမျိုး ကြီးမားတဲ့ပေါက်ကွဲမှုမျိုး မကြုံဖူးသေးဘူး''ဟု ပေါက်ကွဲ မှုဖြစ်စဉ်အနီးတွင်ရှိနေသည့် ကျောက်သယ်လုပ်သားကြီး ဦးလှမြင့်က ရန်ကုန်တိုင်းမ်နေ့ စဉ်သတင်းစာသို့ ပြောသည်။  ပေါက်ကွဲ မှုကြောင့် ကျောက်တွဲကိုယ်ထည် ပွင့်ထွက် သွားပြီး ကျောက်တွဲနောက်ခန်း အဆောက်အအုံမှာလည်း လွင့် ထွက်သွားကာ သင်္ဘောမှာလည်း ရေထဲသို့ နစ်မြုပ်သွားသည်။

အခင်းဖြစ် ကျောက်တွဲသင်္ဘော နှင့် ပေ၂ဝဝခန့်အကွာရှိ လူတ ချို့ကိုလည်း လွင့်စဉ်လာသည့် ကျောက်စများနှင့် သံပြားစ များထိမှန်ခဲ့ရာ မသီသီမြင့် ၄၃ နှစ် ဓမ္မကျကျေးရွာ ပုသိမ်ကြီး မြို့နယ်နေသူမှာ နေရာတွင် ပင်ပွဲချင်းပြီး သေဆုံးသွားသည်။ မသီရိဇော် ၊ ခြောက်နှစ်၊ မျိုးနိုင် ၂၄နှစ်၊ လင်းဦး ၂၄နှစ်တို့မှာ လည်း ပွန်းပဲ့ဒဏ်ရာနှင့် မီး လောင်ဒဏ်ရာများရရှိသွားပြီး မစိုးရိမ်ရသည့်အခြေအနေဖြစ် သော်လည်း လွင်မိုးအောင် ၁၈ နှစ်တို့မှာ ကိုယ်ခန္ဓာတစ်ခုလုံး မီးလောင်သွားသဖြင့် သတိမ ရသေးဘဲ အခြေအနေစိုးရိမ်ရ ကြောင်း သိရသည်။ ဂဟေဆော် ရာတွင်ပါဝင်သည့် လုပ်သား အာနိုးမှာ ပျောက်ဆုံးနေဆဲဖြစ် သဖြင့် ကယ်ဆယ်ရေးအဖွဲ့များ က ရှာဖွေနေကြပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ ရေယာဉ်အုပ် ဦးသန်းနိုင် ၃၈နှစ် မြစ်ငယ်မြို့ နေသူ အား နယ်မြေခံရဲစခန်း တွင် အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

ခွန်စိုင်းအောင်

ပေါက်ကွဲမှုဖြစ်ပွားသော ကျောက်တင်တွဲသင်္ဘောအား တွေ့ရစဉ်။ ဓာတ်ပုံ - ခွန်စိုင်းအောင်
Yangon Media Group
ပေါက်ကွဲမှုဖြစ်ပွားသော ကျောက်တင်တွဲသင်္ဘောအား တွေ့ရစဉ်။ ဓာတ်ပုံ - ခွန်စိုင်းအောင်
RangonNewsDaily:: December . 28 .2013
မန္တလေး မြို့ မဟာအောင်မြေမြို့ နယ် သန်လျက်မှော် အနောက်ရပ် ကွက် ရတနာပုံသင်္ဘောကျင်း အနောက် ဧရာဝတီမြစ်ဆိပ်တွင် ဆိုက်ကပ်ထားသည့် ကျောက် တင် တွဲသင်္ဘောတစ်စင်း ဒီဇင်ဘာ ၂ရရက်က ပေါက်
ကွဲမှုဖြစ်ပွား ရာမှ လူတစ်ဦး ပွဲချင်းပြီးသေ ဆုံးပြီး လေးဦး ဒဏ်ရာများ အ သီးသီးရရှိသွားကြောင်း နယ်မြေ ခံ အမှတ်(၇)ရဲစခန်းမှသိရသည်။ အဆိုပါကျောက်တင်တွဲ သင်္ဘောသည် အလျား ပေ၂၀၀၊ အနံ ၄၅ပေကျယ် ဝန်းပြီး ကျင်း ၁၈ဝခန့်ပါဝင်သည့်
 ကျောက် သေးများတင်ဆောင်၍သူရိန် ကျော်စိုးဝင်း(၈)တွဲတွင်သင်္ဘောတွဲလျက်ဆိုက်ကပ်ထားစဉ် ကျောက်
တင်တွဲ၏ ရှေ့ပိုင်း ကျောက်ဆူး ချသည့် ကျောက် ထိန်းကွင်းပျက်စီးနေသဖြင့် အ သစ်လဲလှယ်ပြင်ဆင်မှု ပြု
လုပ် ရန် ဂဟေဆော်လုပ်သား လွင် မိုးအောင်နှင့် အာနိုးတို့မှ လေ အိုးတစ်လုံး၊ ဂက်စ်အိုးတစ်လုံး တို့နှင့်
အတူ သင်္ဘောပေါ်သို့ ဒီ ဇင်ဘာ ၂ရရက် နံနက် ၈နာရီ တွင် ရောက်ရှိလာသည်။ 
 
ဂဟေ ဆော်ခြင်းလုပ်ငန်း လုပ်ကိုင်ရန် အတွက် ရေယာဉ်အုပ် ဦးသန်း နိုင်မှ လိုအပ်သောသံပြားများ အား ကုန်းပေါ်သို့ လိုက်လံရှာ ဖွေပြီး ၈နာရီ ၄၅မိနစ်တွင် ဂ ဟေဆော်လုပ်သားများဖြစ်ကြ သည့် လွင်မိုး အောင်၊ အာနိုးနှင့် သင်္ဘောလုပ်သား လင်းဦးနှင့် မျိုးနိုင်တို့က ဂဟေဆော်နေစဉ် ၉နာရီ ၁၅မိနစ်တွင် ဂဟေ ဆော်ရာ
မှ ထွက်ပေါ်လာသည့် မီးပွားများနှင့် ဂက်စ်အိုးမှ ထွက်ပေါ်လာသည့် ဂက်စ်ငွေ့ တို့ပေါင်းစပ်ရာမှ ပေါက်ကွဲ
မှု ဖြစ်ပွား ခြင်းဖြစ်သည်။

''ဒီဆိပ်ကမ်းမှာ နှစ်ပေါင်း များစွာ အလုပ်လုပ်လာတာ ဒီ လိုမျိုး ကြီးမားတဲ့ပေါက်ကွဲမှုမျိုး မကြုံဖူးသေးဘူး''ဟု
 ပေါက်ကွဲမှုဖြစ်စဉ်အနီးတွင်ရှိနေသည့် ကျောက်သယ်လုပ်သားကြီးဦးလှမြင့်ကရန်ကုန်တိုင်းမ်နေ့စဉ်သတင်း
စာသို့ ပြောသည်။ ပေါက်ကွဲ မှုကြောင့် ကျောက်တွဲကိုယ်ထည် ပွင့်ထွက် သွားပြီး ကျောက်တွဲနောက်ခန်း အဆောက်အအုံမှာလည်း လွင့် ထွက်သွားကာ သင်္ဘောမှာလည်း ရေထဲသို့ နစ်မြုပ်သွားသည်။

အခင်းဖြစ် ကျောက်တွဲသင်္ဘော နှင့် ပေ၂ဝဝခန့်အကွာရှိ လူတ ချို့ကိုလည်း လွင့်စဉ်လာသည့် ကျောက်
စများနှင့် သံပြားစ များထိမှန်ခဲ့ရာ မသီသီမြင့် ၄၃ နှစ် ဓမ္မကျကျေးရွာ ပုသိမ်ကြီး မြို့နယ်နေသူမှာ နေရာတွင် ပင်ပွဲချင်းပြီး သေဆုံးသွားသည်။ 
 
မသီရိဇော် ၊ ခြောက်နှစ်၊ မျိုးနိုင် ၂၄နှစ်၊ လင်းဦး ၂၄နှစ်တို့မှာ လည်း ပွန်းပဲ့ဒဏ်ရာနှင့် မီး လောင်ဒဏ်ရာများ
ရရှိသွားပြီး မစိုးရိမ်ရသည့်အခြေအနေဖြစ် သော်လည်း လွင်မိုးအောင် ၁၈ နှစ်တို့မှာ ကိုယ်ခန္ဓာတစ်ခုလုံး မီးလောင်သွားသဖြင့် သတိမ ရသေးဘဲ အခြေအနေစိုးရိမ်ရ ကြောင်း သိရသည်။ 
 
ဂဟေဆော် ရာတွင်ပါဝင်သည့် လုပ်သား အာနိုးမှာ ပျောက်ဆုံးနေဆဲဖြစ် သဖြင့် ကယ်ဆယ်ရေးအဖွဲ့များ က ရှာဖွေနေကြပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ ရေယာဉ်အုပ် ဦးသန်းနိုင် ၃၈နှစ် မြစ်ငယ်မြို့ နေသူ အား နယ်မြေခံ
ရဲစခန်း တွင် အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

ခွန်စိုင်းအောင်
Yangon Media  ,kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment