Pages

Saturday, December 28, 2013

ကမ္ဘောဒီးယား အထည်ချုပ်လုပ်သားများ ဆန္ဒပြပွဲနှင့် ပူးပေါင်းပြီ

Photo: ကမ္ဘောဒီးယား အထည်ချုပ်လုပ်သားများ ဆန္ဒပြပွဲနှင့် ပူးပေါင်းပြီ
Saturday, December 28, 2013

္ကကမ္ဘောဒီးယားမှ ထောင်ပေါင်းများစွာသော အထည်ချုပ်လုပ်သားများသည် လစာတိုးမြှင့်ရေး ဖိအားပေးရန်အတွက် လက်ရှိအချိန်၌် မြို့တော်အနှံ့တွင် ပြုလုပ်နေသော ၀န်ကြီးချုပ် ဟန်ဆန်
ဖြုတ်ချရေး တောင်းဆိုမှုများတွင် ပူးပေါင်းပါဝင် လိုက်ကြသည်။

ဆန္ဒပြသူများသည် ၀န်ကြီးချုပ်ကိုရာထူးမှ နှုတ်ထွက်စေပြီး 
ရွေးကောက်ပွဲအသစ် ကျင်းပပေးရန် တောင်းဆို ထားကြသည်။
ဒီဇင်ဘာ ၂၆ရက်က မြို့တော်ဖနွမ်းပင်တွင် ဆန္ဒပြပွဲနှင့် ပူပေါင်း
လာကြသော အထည်ချုပ်လုပ်သားမှာ သုံးသိန်း ခန့်ရှိသည်။ အစိုးရနှင့် စက်ရုံပိုင်ရှင်များသည် ယခုပေးနေသည့်လခနှင့် အလုပ်သမားများ မရပ်တည်နိုင်ကြသည်ကို သိသော်လည်း လစာတိုးပေးရန်ကိုမူ သဘောမတူခဲ့ကြပေ။

လက်ရှိအခြေအနေအရ ဆိုလျှင် ကမ္ဘောဒီးယားမှ အထည်ချုပ်စက်ရုံပေါင်း ၅၀၀ ခန့်မှာ ရပ်ထားရမည့် ပုံစံဖြစ်နေသည်။ ကန့်ကွက်ပွဲများကို ဦးဆောင်နေသည့် ကမ္ဘောဒီယားအမျိုးသားလွတ်မြောက်ရေး ပါတီ (CNRP) ကခေါင်းဆောင် ဆမ်ရိန်းဆီက အထည်ချုပ်လုပ်သားများသည် တိုင်းပြည်ကို သက်တမ်းရှည် အုပ်ချုပ်နေသော ဟန်ဆန်နှင့် သူ၏ အဖွဲ့ ပြုတ်ကျရန် ပူးပေါင်းကြခြင်းဖြစ်သည်ဟု ဆိုသည်။ 

နောက်ဆုံးကျင်းပခဲ့သည့် ရွေးကောက်ပွဲကြောင့် ဟန်ဆန်သတ်တမ်းမှာ ၂၈နှစ်တိုင်ခဲ့သော်လည်း အတိုက်အခံပါတီများက မဲအရေအတွက်တွင် မသမာမှုများဖြင့် အနိုင်ရထားခြင်း ဖြစ်ကြောင်း စွတ်စွဲထားသည်။ 
ပါလီမန်ကို သပိတ်မှောက် ထားသည်မှာလည်း ငါးလမျှ ကြာမြင့်နေပြီဖြစ်သည်။

အတိုက်အခံခေါင်းဆောင် ရိန်းစီက အလုပ်သမားများသည် အကူအညီမဲ့ဘ၀ဖြင့် ခက်ခဲမှုများကို ရင်ဆိုင်နေရသည်မှာ နှစ်ပေါင်း ၂၀ကျော်ပြီဖြစ်ကြောင်း၊ ဟန်ဆန်သည် အလုပ်သမားများ၏ အရေးထက် စက်ရုံပိုင်ရှင်များအရေးကိုသာ ပိုကြည့်သူ ဖြစ်ကြောင်း ဆိုသည်။ 

ကမ္ဘောဒီယားအစိုးရက လာမည့်နှစ် ဧပြီလမှ စတင်ကာ အထည်ချုပ်လုပ်သားတို့၏ လစာကို ဒေါ်လာ ၈၀မှ ၉၅ဒေါ်လာသို့ တိုးမြှင့်ပေးမည်ဟု ကြေညာထားသည်။ သို့သော်လည်း အလုပ်သမားများက ယင်းပမာဏမှာ လုံလောက်မှု မရှိသဖြင့် တစ်လလျှင် ဒေါ်လာ ၁၆၀ ဟုသတ်မှတ်ပေးရန် တောင်းဆိုထားသည်။

Ref: AFP
The Myanma Age

RangonNewsDaily:: December . 28 .2013
္ကကမ္ဘောဒီးယားမှ ထောင်ပေါင်းများစွာသော အထည်ချုပ်လုပ်သားများသည် လစာတိုးမြှင့်ရေး ဖိအားပေး
ရန်အတွက် လက်ရှိအချိန်၌် မြို့တော်အနှံ့တွင် ပြုလုပ်နေသော ၀န်ကြီးချုပ် ဟန်ဆန်
ဖြုတ်ချရေး တောင်းဆိုမှုများတွင် ပူးပေါင်းပါဝင် လိုက်ကြသည်။ ဆန္ဒပြသူများသည် ၀န်ကြီးချုပ်ကိုရာထူးမှ နှုတ်ထွက်စေပြီး ရွေးကောက်ပွဲအသစ် ကျင်းပပေးရန် တောင်းဆို
ထားကြသည်။

ဒီဇင်ဘာ ၂၆ရက်က မြို့တော်ဖနွမ်းပင်တွင် ဆန္ဒပြပွဲနှင့် ပူပေါင်းလာကြသော အထည်ချုပ်လုပ်သားမှာ သုံး
သိန်း ခန့်ရှိသည်။ အစိုးရနှင့် စက်ရုံပိုင်ရှင်များသည် ယခုပေးနေသည့်လခနှင့် အလုပ်သမားများ မရပ်
တည်နိုင်ကြသည်ကို သိသော်လည်း လစာတိုးပေးရန်ကိုမူ သဘောမတူခဲ့ကြပေ။

လက်ရှိအခြေအနေအရ ဆိုလျှင် ကမ္ဘောဒီးယားမှ အထည်ချုပ်စက်ရုံပေါင်း ၅၀၀ ခန့်မှာ ရပ်ထားရမည့် ပုံ
စံဖြစ်နေသည်။ ကန့်ကွက်ပွဲများကို ဦးဆောင်နေသည့် ကမ္ဘောဒီယားအမျိုးသားလွတ်မြောက်ရေး ပါတီ (CN
RP) ကခေါင်းဆောင် ဆမ်ရိန်းဆီက အထည်ချုပ်လုပ်သားများသည် တိုင်းပြည်ကို သက်တမ်းရှည် အုပ်
ချုပ်နေသော ဟန်ဆန်နှင့် သူ၏ အဖွဲ့ ပြုတ်ကျရန် ပူးပေါင်းကြခြင်းဖြစ်သည်ဟု ဆိုသည်။

နောက်ဆုံးကျင်းပခဲ့သည့် ရွေးကောက်ပွဲကြောင့်ဟန်ဆန်သတ်တမ်းမှာ၂၈နှစ်တိုင်ခဲ့သော်လည်းအတိုက်အခံ
ပါတီများကမဲအရေအတွက်တွင်မသမာမှုများဖြင့် အနိုင်ရထားခြင်း ဖြစ်ကြောင်းစွတ်စွဲထားသည်။ ပါလီမန်ကို
သပိတ်မှောက် ထားသည်မှာလည်း ငါးလမျှ ကြာမြင့်နေပြီဖြစ်သည်။

အတိုက်အခံခေါင်းဆောင် ရိန်းစီက အလုပ်သမားများသည် အကူအညီမဲ့ဘ၀ဖြင့် ခက်ခဲမှုများကို ရင်ဆိုင်နေ
ရသည်မှာ နှစ်ပေါင်း ၂၀ကျော်ပြီဖြစ်ကြောင်း၊ ဟန်ဆန်သည် အလုပ်သမားများ၏ အရေးထက် စက်ရုံပိုင်
ရှင်များအရေးကိုသာ ပိုကြည့်သူ ဖြစ်ကြောင်း ဆိုသည်။

ကမ္ဘောဒီယားအစိုးရက လာမည့်နှစ် ဧပြီလမှ စတင်ကာ အထည်ချုပ်လုပ်သားတို့၏ လစာကို ဒေါ်လာ ၈၀မှ ၉၅ဒေါ်လာသို့ တိုးမြှင့်ပေးမည်ဟု ကြေညာထားသည်။ သို့သော်လည်း အလုပ်သမားများက ယင်းပမာဏ
မှာ လုံလောက်မှု မရှိသဖြင့် တစ်လလျှင် ဒေါ်လာ ၁၆၀ ဟုသတ်မှတ်ပေးရန် တောင်းဆိုထားသည်။

Ref: AFP
The Myanma Age , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment