Pages

Saturday, December 28, 2013

တရားမဝင် ဝင်ရောက် လာသည့် တရုတ်လူမျိုး ငါးဦး ဖမ်းဆီးရမိ

Khin Mg Latt's photo.

RangonNewsDaily:: December . 28 .2013
ဒီဇင်ဘာ ၁၉ရက် နံနက် ၁ဝနာရီခန့်က ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ်၊ စီပိန်းကျေးရွာ အနီးတွင် မသင်္ကာဖွယ်
ရာ လူသုံးဦးအား တပ်မတော် စစ်ကြောင်းက စစ်ဆေး ခဲ့ပါသည်။ရှောက်လီအသက်၃၈နှစ် စီရွှမ်ပြည်နယ်၊ လီရှောက်ဝမ် အသက် ၃၈နှစ် ထုံကျင်းပြည်နယ်နှင့်လီဇန်အသက်
၂၁နှစ် ထုံကျင်းပြည်နယ် တို့အား ကျောပိုးအိတ် တစ်လုံး၊ ဖုန်းနံပါတ် ဝ၉-၄၉၅၈၄၈၇၆ ဖုန်းတစ်လုံး၊ မြန်မာ
ငွေ ကျပ် ၁၅သိန်း၊ တရုတ်စာဖြင့် ရေးထားသော စာရွက်ငါးရွက်၊ သစ်တွက်ရာတွင် အသုံးပြုသည်ဟု ယူဆ ရသော စာအုပ်တစ်အုပ်တို့အား သိမ်းဆည်း ရမိခဲ့သည်။

အလားတူ ဒီဇင်ဘာ၂၄ရက်ညနေ ၄နာရီခန့်က နန့်ဟန်ကျေးရွာအနီး စီပိန်းကျေးရွာ ဘက်မှ မောင်းနှင်လာ
သော မသင်္ကာဖွယ် ဆိုင်ကယ် နှစ်စီးအား တပ်မတော် စစ်ကြောင်းမှ ရပ်တန့် စစ်ဆေးရာ ဗန်းမော်မြို့နေ
ကျော်နိုင်ထွေး (ဘ) ဦးဝင်းမောင်မှ တရားမဝင် ခေါ်ဆောင်လာသော
::
တရုတ်နိုင်ငံသား နှစ်ဦးဖြစ်သည့် မှုန်ယိန်း အသက် ၄၅နှစ်၊ အိုက်ရှင်း အသက် ၂၂နှစ်၊ နမ့်ခမ်းလုံရှန် ယူ
နန်ပြည်နယ် နေသူတို့အား ဆိုင်ကယ် နှစ်စီးနှင့် မြန်မာငွေကျပ် ၅၇သိန်း ကျော်တို့အား သိမ်းဆည်း ရမိ ခဲ့
သည်။

အဆိုပါ ဖမ်းဆီးရမိသော တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ငါးဦးအား စစ်ဆေးရာ ၎င်းတို
့သည် လက်နက်ကိုင်အဖွဲ့ အစည်းအချို့နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ အတွင်း တရားမဝင် သစ်လုပ်ငန်းများ လုပ်ဆောင်ရန် ရောက်ရှိနေခြင်း ဖြစ်ကြောင်း သိရှိရပြီး
::
ဖမ်းဆီးရမိသော ပစ္စည်းများ နှင့်အတူ တရား ဥပဒေ နှင့်အညီအရေးယူ ဆောင်ရွက်နိုင်ရေးမဘိမ်းမြို့နယ်
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စခန်းသို့ စနစ်တကျ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

မြ၀တီ::-- kolatt(PBDN)
RangonNewsDaily


0 comments:

Post a Comment