Pages

Sunday, December 29, 2013

၂ဝ၁၂ မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆု ပေးပွဲ ဗန်းကိုင် ရှစ်ဦး၏ ရင်ခုန်စကားသံများ

Photo: ၂ဝ၁၂ မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆု ပေးပွဲ
ဗန်းကိုင် ရှစ်ဦး၏ ရင်ခုန်စကားသံများ 
Sunday, December 29, 2013

၂ဝ၁၂ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုချီးမြှင့်ပွဲအခမ်း အနားအတွက် ဆုဗန်းကိုင်သူများ၏ အရည်အချင်းစစ် ဆေးခြင်းကို ဒီဇင်ဘာ ၁၁နှင့် ၁၂ ရက်တို့က အပြီးသတ်ရွေးချယ်ခဲ့ရာ ယခုနှစ် အတွက် အကယ်ဒမီဗန်းကိုင်ရှစ်ဦး ပေါ်ထွက်လာခဲ့သည်။

ယခုနှစ်အတွက် အကယ်ဒမီ ဗန်းကိုင်ရွေးချယ်မှုတွင် ပုံစံပြောင်း လဲမှုနှင့် စတင်ရွေးချယ်ခဲ့သလို အကဲ ဖြတ်အမှတ်ပေးစနစ်များဖြင့် ရွေး ချယ်ခဲ့ခြင်းဖြစ်သည်။ အကယ်ဒမီ ဗန်းကိုင်လျှောက်လွှာတင်ခဲ့သည့် ၉ဝကျော်ထဲကမှ ပြန်လည်စိစစ်ရွေးထုတ်၍ ပဏာမ ၅၈ဦး၊ ထို့နောက် ဆန်ခါတင် ၁၅ဦးထဲမှ ရှစ်ဦးကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ 

အကယ်ဒမီစင်မြင့်ပေါ်မှာ လျှောက်လှမ်းကြမည့် အကယ်ဒမီဗန်းကိုင်ရှစ်ဦး၏ ရင်ခုန်စကားသံတွေကို စုစည်းဖော်ပြပေးလိုက်ပါသည်။
ဆောင်းဝတ်ရည်မေ (အသက်-၁၈နှစ်)

" အကယ်ဒမီဗန်းကိုင်ကို ငယ် ငယ်ကတည်းက ရူးသွပ်ခဲ့တာပါ။ အကယ်ဒမီဗန်းကိုင်ဆိုတာကလည်း အကယ်ဒမီဆုပေးပွဲ အခမ်းအနားကြီးအတွက် တစ်စိတ်တစ်ဒေသ အရေးပါပြီးတော့ တာဝန် နည်းနည်းကြီးတဲ့အထဲမှာပါမယ်လို့ ထင်ပါတယ်။ အဲဒါ ကြောင့် အကယ်ဒမီဗန်းကိုင်ဖြစ်ခွင့်ရတာကို တအားပီတိဖြစ် မိနေပါတယ်။ "

ခိုင်သဇင်သင်း(ခ) ပန်းရောင် (အသက်-၁၉နှစ်)

" အနုပညာကို ငယ်ငယ်က တည်းက ဝါသနာပါပါတယ်။ အဲဒါ ကြောင့်လည်း အခုပထမဦးဆုံးခြေလှမ်းအနေနဲ့ အကယ်ဒမီကို ဝင်ပြီးတော့ လျှောက်ဖြစ်ခဲ့တာပါ။

ဒီအကယ်ဒမီဆုဆိုတာ ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်တွေထဲကမှ ထူးချွန်တဲ့ သူတွေကို ချီးမြှင့်တဲ့ဆုတစ်ခုပါ။ ဒါကြောင့်မို့လို့ ခုလို ထူးချွန်တဲ့ အနုပညာရှင်တွေကို ဆုပေးတဲ့ပွဲမှာ အကယ်ဒမီဗန်းကိုင် တစ် ယောက်ဖြစ်ခွင့်ရတဲ့အတွက် တအားကို ဂုဏ်ယူမိတယ်။ "

မေစူးနိုင်း(အသက်-၁၉နှစ်)

အကယ်ဒမီဗန်းကိုင်လျှောက် ဖြစ်ခဲ့တာက အနုပညာနဲ့ ပတ်သက် ရင် ပထမဦးဆုံးခြေလှမ်းပါ။ ပြိုင်ပွဲ တစ်လျှောက်မှာလည်း စိတ်လှုပ်ရှားနေခဲ့တာပါ။

ဒီလိုအခမ်းအနားကြီးမျိုးမှာ အကယ်ဒမီ ဆုအတွက် ဗန်းကိုင်ခွင့်ရမှာဆိုတော့ အရမ်းကို ဂုဏ်ယူနေမိပါတယ်။ အခု အကယ်ဒမီဗန်းကိုင်ဖြစ်ခွင့်ရတာနဲ့
အတူတတ်နိုင်သလောက် အစွမ်းကုန်ကြိုးစားသွားပါမယ်။ အနုပညာနယ်ပယ်ကို အခုမှ စဝင်တာဖြစ်တဲ့အတွက် အနုပညာနဲ့ပတ်သက်ရင် အစွမ်းကုန်ကြိုး စားသွားချင်တယ်။

လမင်းအိနြေ္ဒ (အသက်- ၁၉ နှစ်)

ဒီဟာက လမင်းအတွက် တတိယအကြိမ်မြောက် အကယ်ဒမီ ဗန်းကိုင်လျှောက်ဖြစ်ခဲ့ခြင်းပါ။ ၂ဝ၁ဝ၊ ၂ဝ၁၂ မှာ ပြိုင်ခဲ့ဖူးပါတယ်။ ဒီနှစ်မှ အရွေးချယ်ခံခဲ့ရတာပါ။ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကြီးမှာ အကယ်ဒမီဗန်းကိုင်ခွင့်ရတဲ့အတွက်လည်း ဝမ်းသာမိတယ်။ ဒီလိုဆုဆိုတာဟာလည်း တကယ့်ကို အရည်အချင်းပြည့်ဝတဲ့ အနုပညာရှင်၊
အတတ်ပညာရှင်တွေကိုပေးတာမို့ တအားကို လည်း နတ်ကြီးတဲ့ဆုကြီးလို့ ပြောရမှာပေါ့။ အဲဒါကြောင့် ဒီလိုဆုပေပွဲ မျိုးမှာ ပါဝင်ခွင့်ရတဲ့အတွက် တအားကိုပျော်ရွှင်ပြီး ဂုဏ်ယူမိ နေပါတယ်။

အင်ကြင်းထူး (အသက်-၁၉နှစ်)

မနှစ်ကတည်းက အကယ်ဒမီဗန်းကိုင်အတွက် ယှဉ်ပြိုင် ဖို့ လုပ်ခဲ့ သေးပေမယ့် မပြိုင်ဖြစ်ခဲ့ပါဘူး။ ဒီနှစ်မှပဲ ပြန်လည် ယှဉ်ပြိုင်ခဲ့တာ။ ခမ်းနားတဲ့ ဆုပေးပွဲကြီးမှာ ကိုယ်က ဗန်းကိုင်ဖြစ်ခွင့်ရတာဆိုတော့ ကိုယ်ဟန်အလှ ပြရုံတင် မဟုတ်ဘဲနဲ့ ကိုယ်လုပ် ဆောင်ရမယ့် တာဝန်ကို အမှား အယွင်းမရှိဘဲနဲ့ အကောင်းဆုံး ဖြစ်အောင် အခမ်း အနားကို
နှောင့်နှေးမှုမရှိဘဲ အဆင်ပြေချောမွေ့ အောင် လုပ်ဆောင်နိုင်ဖို့က ပိုအရေးကြီးပါတယ်။

အကယ်ဒမီဗန်းကိုင်တစ်ယောက်ဖြစ်ခွင့်ရတယ်ဆို တော့ အနုပညာလမ်းကြောင်း ပွင့်လာဖို့ မျှော်လင့် ထားတော့ ဒီကနေပဲ ရပ်တန့်နေမှာမဟုတ်ပါဘူး။ ဆက်ပြီးတော့ကြိုးစားနေဦးမှာ။ အနုပညာ လျှောက်လမ်းထဲမှာပေါ့။

နှင်းဆီဝိုင်(အသက်- ၁၉ နှစ်)

အကယ်ဒမီဗန်းကိုင်ကို လျှောက်ခဲ့ တာ အခုဆိုရင် သုံးနှစ်ရှိ သွားပါပြီ။ ဘာရည်ရွယ်ချက်နဲ့ လျှောက်ဖြစ်ခဲ့ ရတာလဲဆိုရင် အနုပညာလမ်း ကြောင်း ကို လျှောက်လှမ်းချင်တဲ့ရည်ရွယ်ချက်ပါ။ အခု ဗန်းကိုင်ထဲမှာ ပါဝင်ခွင့်ရတာဟာ လည်း ကံတရားပါပဲ။ အကုန်လုံးက အကောင်း ဆုံးယှဉ်ပြိုင်ခဲ့ကြတဲ့အထဲမှာ ကိုယ်ရခဲ့ တယ် ဆိုတာက ကံတရားနဲ့လည်းဆိုင်ပါမယ်။ အကယ် ဒမီဗန်းကိုင်ဖြစ်ခွင့်ရတာကို ဂုဏ်ယူ မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကယ်ဒမီဆုပေးပွဲကို တစ်တိုင်း

ပြည်လုံးမှာရှိတဲ့သူတွေ အကုန်လုံးက ကြည့်ကြတာလေ။ အဲဒီတော့ အကယ်ဒမီ ဗန်းကိုင်တစ်ဦးဟာလည်း ပေါ့ပြက်ပြက်စိတ်နဲ့ လုပ်လို့မရဘူး။ ကိုယ့်ကိုပေးအပ်လာမယ့် တာဝန်ကို အကောင်းဆုံးကျေပွန် အောင်ဆောင်ရွက်ရပါမယ်။

မေမြင့်မိုရ် (အသက်(၁၈)နှစ်)

အရင် အကယ်ဒမီဗန်းကိုင်တုန်းကလည်းလျှောက်ဖြစ် ခဲ့ပါသေးတယ်။ ဒါပေမဲ့ The Sign of Love Season-3 ကိုကလောမှာ ရိုက်နေရတဲ့အချိန်ဖြစ်နေ တယ်။ အဲဒီတုန်းက

ပထမအကြိမ်ခေါ်တော့ ကလောကနေ လာဖြစ်သေးတယ်။ ဒါပေမဲ့ နောက်တစ်ခေါက်ကျတော့ အဆင်မပြေလို့ ပြန်မလာဖြစ်ခဲ့ဘူး။ အဲဒါကြောင့် ဒီနှစ်မှာ ပြန်လျှောက်ပြီး ဝင်ပြိုင်ဖြစ်ခဲ့တာပါ။ အကယ်ဒမီဆုကြီးကို ပေးအပ်ရမယ့် အကယ်ဒမီရွှေစင်ရုပ်တု ရဲ့ ဗန်းကိုင်ဖြစ်မယ်ဆိုတော့ တအားကို ပျော်ရွှင်မိတယ်။ MRTV- 4 မှာ လွှင့်နေတဲ့ "ပန်းနုသွေး" နဲ့ ပရိသတ်အားပေးမှု အနည်းငယ်ရှိနေပေမယ့် အကယ်ဒမီဗန်းကိုင်ကို ဘာလို့ ဝင်ပြိုင်ဖြစ်သလဲဆိုရင် အကယ်ဒမီဗန်းကိုင်က ငယ်စဉ်ကတည်းက အိပ်မက်မို့လို့ ဝင်ပြိုင်ခဲ့တာပါ။

ရှင်ဝေနိုင်ဦး (အသက်-၁၉နှစ်)

" အနုပညာကို ငယ်ငယ်ကတည်းက ဝါသနာပါတော့ အနုပညာ နဲ့ဆိုင်တဲ့ ကျောင်းတွင်းလှုပ်ရှားမှု အစီအစဉ်တွေမှာလည်း ပါဝင်ခဲ့ပါတယ်။ မယ်ပြိုင်ပွဲတွေလည်း ပြိုင်ဖူးခဲ့ပေမယ့် အကယ်ဒမီ ဗန်းကိုင်ကိုတော့ အခုနှစ်မှ ဝင်ရောက်ယှဉ်ပြိုင် ပြီး အရွေးချယ် ခံခဲ့ရတာပါ။ အနုပညာလောကရဲ့ အကြီးကျယ်ဆုံး ဆုပေးပွဲကြီးမှာ အကယ်ဒမီဗန်းကိုင်ဖြစ်ခွင့်ရမယ့်အတွက် တအားကို ဂုဏ်ယူနေ မိပါတယ်။

အကယ်ဒမီဗန်းကိုင်တစ်ယောက်ဖြစ်ခွင့်ရလာ တဲ့အတွက် အနုပညာလျှောက်လမ်းမှာ လမ်းကြောင်း တစ်ခု ပွင့်လာတယ်လို့ မျှော်လင့်မိပါတယ်။ အနုပညာက ညီမအတွက် ဘဝအစိတ်အပိုင်း တစ်ခုလိုပါပဲ။ နောက်ပိုင်းမှာလည်း အနုပညာနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို ဆက်လက်ဆောင်ရွက်သွားပါမယ်။

ထက်လူုလူ
Popular Myanmar News Journal

RangonNewsDaily:: December . 29 .2013
၂ဝ၁၂ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုချီးမြှင့်ပွဲအခမ်း အနားအတွက် ဆုဗန်းကိုင်သူများ၏ အရည်
အချင်းစစ် ဆေးခြင်းကို ဒီဇင်ဘာ ၁၁နှင့် ၁၂ ရက်တို့က အပြီးသတ်ရွေးချယ်ခဲ့ရာ ယခုနှစ် အတွက် အကယ်
ဒမီဗန်းကိုင်ရှစ်ဦး ပေါ်ထွက်လာခဲ့သည်။ ယခုနှစ်အတွက် အကယ်ဒမီ ဗန်းကိုင်ရွေးချယ်မှုတွင် ပုံစံပြောင်း လဲမှုနှင့် စတင်ရွေးချယ်ခဲ့သလို အကဲ ဖြတ်
အမှတ်ပေးစနစ်များဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။အကယ်ဒမီဗန်းကိုင်လျှောက်လွှာတင်ခဲ့သည့် ၉ဝကျော်ထဲ
ကမှ ပြန်လည်စိစစ်ရွေးထုတ်၍ပဏာမ၅၈ဦး၊ထို့နောက် ဆန်ခါတင် ၁၅ဦးထဲမှ ရှစ်ဦးကို ရွေးချယ်ခဲ့ခြင်းဖြစ်
သည်။

အကယ်ဒမီစင်မြင့်ပေါ်မှာ လျှောက်လှမ်းကြမည့် အကယ်ဒမီဗန်းကိုင်ရှစ်ဦး၏ ရင်ခုန်စကားသံတွေကို စုစည်း
ဖော်ပြပေးလိုက်ပါသည်။
ဆောင်းဝတ်ရည်မေ (အသက်-၁၈နှစ်)

" အကယ်ဒမီဗန်းကိုင်ကို ငယ် ငယ်ကတည်းက ရူးသွပ်ခဲ့တာပါ။ အကယ်ဒမီဗန်းကိုင်ဆိုတာကလည်း အကယ်
ဒမီဆုပေးပွဲ အခမ်းအနားကြီးအတွက် တစ်စိတ်တစ်ဒေသ အရေးပါပြီးတော့ တာဝန် နည်းနည်းကြီးတဲ့အထဲ
မှာပါမယ်လို့ ထင်ပါတယ်။ အဲဒါ ကြောင့် အကယ်ဒမီဗန်းကိုင်ဖြစ်ခွင့်ရတာကို တအားပီတိဖြစ် မိနေပါတယ်။ "

ခိုင်သဇင်သင်း(ခ) ပန်းရောင် (အသက်-၁၉နှစ်)

" အနုပညာကို ငယ်ငယ်က တည်းက ဝါသနာပါပါတယ်။ အဲဒါ ကြောင့်လည်း အခုပထမဦးဆုံးခြေလှမ်းအနေ
နဲ့ အကယ်ဒမီကို ဝင်ပြီးတော့ လျှောက်ဖြစ်ခဲ့တာပါ။

ဒီအကယ်ဒမီဆုဆိုတာ ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်တွေထဲကမှ ထူးချွန်တဲ့ သူတွေကို ချီးမြှင့်တဲ့ဆု
တစ်ခုပါ။ဒါကြောင့်မို့လို့ ခုလို ထူးချွန်တဲ့အနုပညာရှင်တွေကိုဆုပေးတဲ့ပွဲမှာ အကယ်ဒမီဗန်းကိုင်တစ် ယောက်
ဖြစ်ခွင့်ရတဲ့အတွက် တအားကို ဂုဏ်ယူမိတယ်။ "

မေစူးနိုင်း(အသက်-၁၉နှစ်)

အကယ်ဒမီဗန်းကိုင်လျှောက် ဖြစ်ခဲ့တာကအနုပညာနဲ့ပတ်သက်ရင်ပထမဦးဆုံးခြေလှမ်းပါပြိုင်ပွဲတစ်လျှောက်
မှာလည်း စိတ်လှုပ်ရှားနေခဲ့တာပါ။

ဒီလိုအခမ်းအနားကြီးမျိုးမှာ အကယ်ဒမီ ဆုအတွက် ဗန်းကိုင်ခွင့်ရမှာဆိုတော့ အရမ်းကို ဂုဏ်ယူနေမိပါတယ်။ အခု အကယ်ဒမီဗန်းကိုင်ဖြစ်ခွင့်ရတာနဲ့အတူတတ်နိုင်သလောက် အစွမ်းကုန်ကြိုးစားသွားပါမယ်။ 
 
အနုပညာနယ်ပယ်ကို အခုမှ စဝင်တာဖြစ်တဲ့အတွက် အနုပညာနဲ့ပတ်သက်ရင် အစွမ်းကုန်ကြိုး စားသွားချင်
တယ်။

လမင်းအိနြေ္ဒ (အသက်- ၁၉ နှစ်)

ဒီဟာက လမင်းအတွက် တတိယအကြိမ်မြောက် အကယ်ဒမီ ဗန်းကိုင်လျှောက်ဖြစ်ခဲ့ခြင်းပါ။ ၂ဝ၁ဝ၊ ၂ဝ၁၂ မှာ ပြိုင်ခဲ့ဖူးပါတယ်။ ဒီနှစ်မှ အရွေးချယ်ခံခဲ့ရတာပါ။ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကြီးမှာ အကယ်ဒမီဗန်း
ကိုင်ခွင့်ရတဲ့အတွက်လည်း ဝမ်းသာမိတယ်။ 
 
ဒီလိုဆုဆိုတာဟာလည်းတကယ့်ကိုအရည်အချင်းပြည့်ဝတဲ့အနုပညာရှင်၊အတတ်ပညာရှင်တွေကိုပေးတာမို့ 
တအားကို လည်း နတ်ကြီးတဲ့ဆုကြီးလို့ ပြောရမှာပေါ့။ အဲဒါကြောင့် ဒီလိုဆုပေပွဲ မျိုးမှာ ပါဝင်ခွင့်ရတဲ့အတွက် တအားကိုပျော်ရွှင်ပြီး ဂုဏ်ယူမိ နေပါတယ်။

အင်ကြင်းထူး (အသက်-၁၉နှစ်)

မနှစ်ကတည်းက အကယ်ဒမီဗန်းကိုင်အတွက် ယှဉ်ပြိုင် ဖို့လုပ်ခဲ့ သေးပေမယ့် မပြိုင်ဖြစ်ခဲ့ပါဘူး။ဒီနှစ်မှပဲ ပြန်
လည်ယှဉ်ပြိုင်ခဲ့တာ။ခမ်းနားတဲ့ ဆုပေးပွဲကြီးမှာ ကိုယ်က ဗန်းကိုင်ဖြစ်ခွင့်ရတာဆိုတော့ ကိုယ်ဟန်အလှ ပြရုံ
တင် မဟုတ်ဘဲနဲ့ ကိုယ်လုပ် ဆောင်ရမယ့် တာဝန်ကို အမှား အယွင်းမရှိဘဲနဲ့ အကောင်းဆုံး ဖြစ်အောင် အ
ခမ်း အနားကိုနှောင့်နှေးမှုမရှိဘဲ အဆင်ပြေချောမွေ့ အောင် လုပ်ဆောင်နိုင်ဖို့က ပိုအရေးကြီးပါတယ်။

အကယ်ဒမီဗန်းကိုင်တစ်ယောက်ဖြစ်ခွင့်ရတယ်ဆို တော့ အနုပညာလမ်းကြောင်း ပွင့်လာဖို့ မျှော်လင့် ထား
တော့ ဒီကနေပဲ ရပ်တန့်နေမှာမဟုတ်ပါဘူး။ ဆက်ပြီးတော့ကြိုးစားနေဦးမှာ။ အနုပညာ လျှောက်လမ်းထဲမှာ
ပေါ့။

နှင်းဆီဝိုင်(အသက်- ၁၉ နှစ်)

အကယ်ဒမီဗန်းကိုင်ကို လျှောက်ခဲ့ တာ အခုဆိုရင် သုံးနှစ်ရှိ သွားပါပြီ။ ဘာရည်ရွယ်ချက်နဲ့ လျှောက်ဖြစ်ခဲ့ ရ
တာလဲဆိုရင် အနုပညာလမ်း ကြောင်း ကို လျှောက်လှမ်းချင်တဲ့ရည်ရွယ်ချက်ပါ။ အခု ဗန်းကိုင်ထဲမှာ ပါဝင်ခွင့်
ရတာဟာလည်းကံတရားပါပဲ။ အကုန်လုံးက အကောင်း ဆုံးယှဉ်ပြိုင်ခဲ့ကြတဲ့အထဲမှာ ကိုယ်ရခဲ့ တယ် ဆိုတာ
က ကံတရားနဲ့လည်းဆိုင်ပါမယ်။ အကယ် ဒမီဗန်းကိုင်ဖြစ်ခွင့်ရတာကို ဂုဏ်ယူ မိပါတယ်။ 
 
ဘာဖြစ်လို့လဲဆိုတော့ အကယ်ဒမီဆုပေးပွဲကို တစ်တိုင်း ပြည်လုံးမှာရှိတဲ့သူတွေ အကုန်လုံးက ကြည့်ကြတာ
လေ။ အဲဒီတော့ အကယ်ဒမီ ဗန်းကိုင်တစ်ဦးဟာလည်းပေါ့ပြက်ပြက်စိတ်နဲ့ လုပ်လို့မရဘူး။ကိုယ့်ကိုပေးအပ်
လာမယ့်တာဝန်ကိုအကောင်းဆုံးကျေပွန် အောင်ဆောင်ရွက်ရပါမယ်။

မေမြင့်မိုရ် (အသက်(၁၈)နှစ်)

အရင် အကယ်ဒမီဗန်းကိုင်တုန်းကလည်းလျှောက်ဖြစ် ခဲ့ပါသေးတယ်။ ဒါပေမဲ့ The Sign of Love Season-3 ကိုကလောမှာ ရိုက်နေရတဲ့အချိန်ဖြစ်နေ တယ်။ အဲဒီတုန်းက

ပထမအကြိမ်ခေါ်တော့ကလောကနေ လာဖြစ်သေးတယ်။ ဒါပေမဲ့ နောက်တစ်ခေါက်ကျတော့ အဆင်မပြေ
လို့ ပြန်မလာဖြစ်ခဲ့ဘူး။ အဲဒါကြောင့် ဒီနှစ်မှာ ပြန်လျှောက်ပြီး ဝင်ပြိုင်ဖြစ်ခဲ့တာပါ။ အကယ်ဒမီဆုကြီးကို ပေး
အပ်ရမယ့် အကယ်ဒမီရွှေစင်ရုပ်တု ရဲ့ ဗန်းကိုင်ဖြစ်မယ်ဆိုတော့ တအားကို ပျော်ရွှင်မိတယ်။ 
 
MRTV- 4 မှာလွှင့်နေတဲ့ "ပန်းနုသွေး" နဲ့ပရိသတ်အားပေးမှု အနည်းငယ်ရှိနေပေမယ့် အကယ်ဒမီဗန်းကိုင်
ကို ဘာလို့ ဝင်ပြိုင်ဖြစ်သလဲဆိုရင် အကယ်ဒမီဗန်းကိုင်က ငယ်စဉ်ကတည်းက အိပ်မက်မို့လို့ ဝင်ပြိုင်ခဲ့တာပါ။

ရှင်ဝေနိုင်ဦး (အသက်-၁၉နှစ်)

" အနုပညာကို ငယ်ငယ်ကတည်းက ဝါသနာပါတော့ အနုပညာ နဲ့ဆိုင်တဲ့ ကျောင်းတွင်းလှုပ်ရှားမှု အစီအစဉ်
တွေမှာလည်း ပါဝင်ခဲ့ပါတယ်။ မယ်ပြိုင်ပွဲတွေလည်း ပြိုင်ဖူးခဲ့ပေမယ့် အကယ်ဒမီ ဗန်းကိုင်ကိုတော့ အခုနှစ်မှ ဝင်ရောက်ယှဉ်ပြိုင် ပြီး အရွေးချယ်ခံခဲ့ရတာပါ။အနုပညာလောကရဲ့အကြီးကျယ်ဆုံး ဆုပေးပွဲကြီးမှာ အကယ်
ဒမီဗန်းကိုင်ဖြစ်ခွင့်ရမယ့်အတွက် တအားကို ဂုဏ်ယူနေ မိပါတယ်။

အကယ်ဒမီဗန်းကိုင်တစ်ယောက်ဖြစ်ခွင့်ရလာ တဲ့အတွက် အနုပညာလျှောက်လမ်းမှာ လမ်းကြောင်း တစ်ခု ပွင့်လာတယ်လို့ မျှော်လင့်မိပါတယ်။ အနုပညာက ညီမအတွက် ဘဝအစိတ်အပိုင်း တစ်ခုလိုပါပဲ။ နောက်ပိုင်း
မှာလည်း အနုပညာနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို ဆက်လက်ဆောင်ရွက်သွားပါမယ်။

ထက်လူုလူ
Popular Myanmar  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment