Pages

Sunday, December 29, 2013

ကြယ်စင်မော်ကွန်း ဇာတ်ကားကြီးအပေါ် ပရိသတ်များ၏ ရင်တွင်း စကားသံများ

Photo: ကြယ်စင်မော်ကွန်း ဇာတ်ကားကြီးအပေါ် ပရိသတ်များ၏ ရင်တွင်း စကားသံများ
Sunday, December 29, 2013

ကြယ်စင်မော်ကွန်း ဇာတ်ကားကြီးကို ရုံတင်ပြသသော ဒီဇင်ဘာ ၂၇ ရက်နေ့မှာပင် ပရိသတ်အများအပြား လာရောက်ကြည့်ရှုအားပေး တာကို တွေ့ရှိခဲ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ ရုပ်ရှင်လောကမှာ မထင် မှတ်ထားဘဲ ပရိသတ်အားပေးမှု ကိုရရှိခဲ့တဲ့ ဇာတ်ကားကြီးပင်ဖြစ် ပါတယ်။ ဒါ့ကြောင့် ကြယ်စင်မော်ကွန်းကို ကြည့်ရှုအားပေးခဲ့ကြတဲ့ ပရိသတ်များရဲ့ ရင်တွင်းစကားသံ များကိုလည်း ယခုလိုတင်ပြလိုက် ရပါတယ်။

ကြယ်စင်မော်ကွန်း ဇာတ်ကားကြီးကို ကြည့်ရှုဖို့စောင့်မျှော်နေတဲ့ ပရိသတ်များရဲ့ ရင်တွင်းစကားသံ တွေကတော့-

ဦးခင်မြင့်

''ကျွန်တော်က ဒီကားကို တီဗွီမှာ ကြော်ငြာပြကတည်းက ကြည့်ချင်နေတာ။ ဇာတ်လမ်းကလည်း ကောင်းမယ့်ပုံလေ။ ပြီးတော့ မင်းသား၊ မင်းသမီးတွေလည်း စုံတယ်။ ဗိုလ်ချုပ် အကြောင်း လည်းပါတော့ လာကြည့်ဖြစ်တာပါ။''

ကျောင်းသူလေးတစ်ဦး

''သူငယ်ချင်းတွေက ပြောတယ်။ အရမ်းကောင်းတယ်ဆိုလို့။ ပြီးတော့ သမီးကြိုက်တဲ့ မင်းသားလူမင်း တစ်ယောက်နဲ့ တစ်ယောက်ကအကြိုက်ချင်း မတူပေမဲ့ ဒီကားလေး ကိုတော့ အစ်မတို့ကြိုက်ပါတယ်။ ခေတ်ကာလပြောင်းလဲ ပုံတွေကိုလည်း တစ်ဆင့်ပြီးတစ်ဆင့် ရိုက်ကူးထားတဲ့အတွက် အရမ်းကိုကောင်းတဲ့ ဇာတ်လမ်းလေးပါပဲ။''

ရှေ့ဆောင် ရုပ်ရှင်ရုံကြီးရှေ့တွင် ဈေးရောင်းနေသည့် အန်တီ တစ်ယောက်ကလည်း-

''အန်တီတို့ ဈေးရောင်းနေတဲ့ ကာလမှာ ဒီလိုလူများများ လာကြည့်တာ မတွေ့ဖူးဘူး။ အင်္ဂလိပ်ကားတွေ တင်ထားတဲ့ ရုံတွေမှာတောင် လူမရှိပါဘူး။ ဒီမှာ မနက် ၉ နာရီကတည်းက လူတွေပြည့်နေတာ။ တကယ်ကိုလဲ ဝမ်းသာမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာ ဇာတ်ကားတွေကို ပရိသတ်အားပေးမှုကဒီ လောက်တောင်များတယ်ဆိုတာ တွေ့ရတော့ အရမ်းကို ဝမ်းသာစရာပါပဲ''ဟု ပြောပြခဲ့သည်။

ကိုသူရ

''ကျွန်တော်ကတော့ ဒီကားကို အရမ်းကြိုက်ပါတယ်။ ကျွန်တော်တို့ လူငယ်တွေ အတွက်လည်း ဗဟုသုတတွေ ရစေပါတယ်။ ကျွန်တော် တို့အရင်က မသိခဲ့တဲ့ သမိုင်းတွေကို လည်း ဒီကားကြည့်လိုက် ရတဲ့အတွက် သိလာရတယ်။ တကယ်ကိုကောင်း တဲ့ကားပါ။''

မမြတ်မွန်

''ဇာတ်ကားက ပီပီပြင်ပြင်ရိုက် ကူးတင်ဆက်ထားတဲ့ အတွက်ကြည့် ရတာအရမ်းကို ကောင်းပါတယ်။ မျိုးဆက်သစ် လူငယ်လေးတွေအတွက် အကောင်းဆုံးရိုက်ကူးပေး ထားတဲ့ ဇာတ်ကားလေး တစ်ကားပါ။ နောက်ထပ်ကြည့်မယ့် ပရိသတ်တွေ အနေနဲ့ ကြည့်သင့်တဲ့ကားပါ လို့ ပြောချင်တယ်။ ခေတ်ကာလ ပြောင်းလဲပုံတွေကိုလည်း တစ်ဆင့် ပြီးတစ်ဆင့် ရိုက်ကူးထားတဲ့အတွက် အရမ်းကိုကောင်းတဲ့ ဇာတ်လမ်း လေးပါပဲ။''

ပရိသတ်များကြားထဲတွင် သူတို့၏ရင်တွင်း စကားသံများကို နားထောင်နေသည့် ကြယ်စင်မော်ကွန်း ဇာတ်ကားကြီးကို ရိုက်ကူးခဲ့သူ ဒါရိုက်တာ ပန်းချီစိုးမိုးကိုလည်း တွေ့ရှိခဲ့ရသည်။

ဒါရိုက်တာ ပန်းချီစိုးမိုး

ဆရာမင်္ဂလာပါ

ဆရာ့အနေနဲ့ ဆရာဖန်တီးခဲ့တဲ့ ဇာတ်ကားကြီးကို ပရိသတ်တွေ တစ်ခဲနက် အားပေး နေတာတွေ့ရတော့ ဆရာရဲ့ ခံစားချက်လေးက။

မြန်မာ့ရုပ်ရှင် ကျဆုံးနေတဲ့ အချိန်မှာ ဒီလိုရုံပြည့်ပြီး မှောင်ခိုလက်မှတ် ဖြစ်တယ်ဆိုတဲ့ အဆင့်က အင်မတန်ကို ဝမ်းသာဖို့ကောင်းပါတယ်။ လူတိုင်းလူတိုင်းက ကိုယ့်နိုင်ငံရဲ့ သမိုင်းကြောင်းကို စိတ်ဝင်စားတာ အင်မတန် ဝမ်းသာစရာပါ။ ဦးရဲ့စိတ်ထဲမှာလဲ ဝမ်းသာပါတယ်။ ဇာတ်ကားတစ်ကားက ပိုက်ဆံရတာနဲ့ မပြီးပါဘူး။ ပရိသတ်အကြိုက် ဖြစ်ဖို့က အဓိကပါ။ ဆရာ့အနေနဲ့ ဒီကားကြီးအောင် မြင်မှုအပေါ် ခံစားချက်က။

ဒီကားကတော့ ရုပ်ရှင်လောက မှာ အောင်မြင်တဲ့ကားတစ်ကားလို့ ပြောလို့ရပါတယ်။ 

မြ၀တီ

RangonNewsDaily:: December . 29 .2013
ကြယ်စင်မော်ကွန်း ဇာတ်ကားကြီးကို ရုံတင်ပြသသော ဒီဇင်ဘာ ၂၇ ရက်နေ့မှာပင် ပရိသတ်အများအပြား လာရောက်ကြည့်ရှုအားပေး တာကို တွေ့ရှိခဲ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ ရုပ်ရှင်လောကမှာ မထင် မှတ်ထားဘဲ ပရိသတ်အားပေးမှု ကိုရရှိခဲ့တဲ့ ဇာတ်ကားကြီးပင်ဖြစ် ပါတယ်။ ဒါ့ကြောင့် ကြယ်စင်မော်ကွန်းကို ကြည့်ရှုအားပေးခဲ့ကြတဲ့ ပရိသတ်များရဲ့ ရင်တွင်းစကားသံ များကိုလည်း ယခုလိုတင်ပြလိုက် ရပါတယ်။

ကြယ်စင်မော်ကွန်း ဇာတ်ကားကြီးကို ကြည့်ရှုဖို့စောင့်မျှော်နေတဲ့ ပရိသတ်များရဲ့ ရင်တွင်းစကားသံ တွေ
ကတော့-

ဦးခင်မြင့်

''ကျွန်တော်ကဒီကားကိုတီဗွီမှာ ကြော်ငြာပြကတည်းက ကြည့်ချင်နေတာ။ ဇာတ်လမ်းကလည်း ကောင်းမယ့်
ပုံလေ။ ပြီးတော့ မင်းသား၊ မင်းသမီးတွေလည်း စုံတယ်။ ဗိုလ်ချုပ် အကြောင်း လည်းပါတော့ လာကြည့်ဖြစ်
တာပါ။''

ကျောင်းသူလေးတစ်ဦး

''သူငယ်ချင်းတွေက ပြောတယ်။အရမ်းကောင်းတယ်ဆိုလို့။ပြီးတော့သမီးကြိုက်တဲ့မင်းသားလူမင်းတစ်ယောက်
နဲ့ တစ်ယောက်ကအကြိုက်ချင်း မတူပေမဲ့ ဒီကားလေး ကိုတော့ အစ်မတို့ကြိုက်ပါတယ်။ ခေတ်ကာလပြောင်း
လဲ ပုံတွေကိုလည်း တစ်ဆင့်ပြီးတစ်ဆင့် ရိုက်ကူးထားတဲ့အတွက် အရမ်းကိုကောင်းတဲ့ ဇာတ်လမ်းလေးပါပဲ။''

ရှေ့ဆောင် ရုပ်ရှင်ရုံကြီးရှေ့တွင် ဈေးရောင်းနေသည့် အန်တီ တစ်ယောက်ကလည်း-

''အန်တီတို့ ဈေးရောင်းနေတဲ့ ကာလမှာ ဒီလိုလူများများ လာကြည့်တာ မတွေ့ဖူးဘူး။ အင်္ဂလိပ်ကားတွေ တင်
ထားတဲ့ရုံတွေမှာတောင်လူမရှိပါဘူး။ဒီမှာမနက် ၉ နာရီကတည်းက လူတွေပြည့်နေတာ။ တကယ်ကိုလဲ ဝမ်း
သာမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာ ဇာတ်ကားတွေကို ပရိသတ်အားပေးမှုကဒီ လောက်တောင်များ
တယ်ဆိုတာ တွေ့ရတော့ အရမ်းကို ဝမ်းသာစရာပါပဲ''ဟု ပြောပြခဲ့သည်။

ကိုသူရ

''ကျွန်တော်ကတော့ဒီကားကိုအရမ်းကြိုက်ပါတယ်။ ကျွန်တော်တို့ လူငယ်တွေ အတွက်လည်း ဗဟုသုတတွေ
ရစေပါတယ်။ ကျွန်တော် တို့အရင်က မသိခဲ့တဲ့ သမိုင်းတွေကို လည်း ဒီကားကြည့်လိုက် ရတဲ့အတွက် သိ
လာရတယ်။ တကယ်ကိုကောင်း တဲ့ကားပါ။''

မမြတ်မွန်

''ဇာတ်ကားကပီပီပြင်ပြင်ရိုက်ကူးတင်ဆက်ထားတဲ့ အတွက်ကြည့် ရတာအရမ်းကို ကောင်းပါတယ်။ မျိုးဆက်
သစ် လူငယ်လေးတွေအတွက်အကောင်းဆုံးရိုက်ကူးပေး ထားတဲ့ ဇာတ်ကားလေး တစ်ကားပါ။ နောက်ထပ်
ကြည့်မယ့် ပရိသတ်တွေ အနေနဲ့ ကြည့်သင့်တဲ့ကားပါ လို့ ပြောချင်တယ်။ ခေတ်ကာလ ပြောင်းလဲပုံတွေကို
လည်း တစ်ဆင့် ပြီးတစ်ဆင့် ရိုက်ကူးထားတဲ့အတွက် အရမ်းကိုကောင်းတဲ့ ဇာတ်လမ်း လေးပါပဲ။''

ပရိသတ်များကြားထဲတွင် သူတို့၏ရင်တွင်း စကားသံများကို နားထောင်နေသည့် ကြယ်စင်မော်ကွန်း ဇာတ်
ကားကြီးကို ရိုက်ကူးခဲ့သူ ဒါရိုက်တာ ပန်းချီစိုးမိုးကိုလည်း တွေ့ရှိခဲ့ရသည်။

ဒါရိုက်တာ ပန်းချီစိုးမိုး

ဆရာမင်္ဂလာပါ


ဆရာ့အနေနဲ့ ဆရာဖန်တီးခဲ့တဲ့ ဇာတ်ကားကြီးကို ပရိသတ်တွေ တစ်ခဲနက် အားပေး နေတာတွေ့ရတော့ ဆရာရဲ့ ခံစားချက်လေးက။

မြန်မာ့ရုပ်ရှင် ကျဆုံးနေတဲ့ အချိန်မှာ ဒီလိုရုံပြည့်ပြီး မှောင်ခိုလက်မှတ် ဖြစ်တယ်ဆိုတဲ့ အဆင့်က အင်မတန်
ကိုဝမ်းသာဖို့ကောင်းပါတယ်။လူတိုင်းလူတိုင်းကကိုယ့်နိုင်ငံရဲ့ သမိုင်းကြောင်းကို စိတ်ဝင်စားတာ အင်မတန်
ဝမ်းသာစရာပါ။ ဦးရဲ့စိတ်ထဲမှာလဲ ဝမ်းသာပါတယ်။ ဇာတ်ကားတစ်ကားက ပိုက်ဆံရတာနဲ့ မပြီးပါဘူး။ ပရိ
သတ်အကြိုက် ဖြစ်ဖို့က အဓိကပါ။ ဆရာ့အနေနဲ့ ဒီကားကြီးအောင် မြင်မှုအပေါ် ခံစားချက်က။

ဒီကားကတော့ ရုပ်ရှင်လောက မှာ အောင်မြင်တဲ့ကားတစ်ကားလို့ ပြောလို့ရပါတယ်။

မြ၀တီ , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment