Pages

Wednesday, March 6, 2013

ပစ်ကပ်ကားအချို့ လုပ်ငန်းသုံးယာဉ်အဖြစ် အခွန်သက်သာစွာ တင်သွင်းခွင့်ပြုပြီ

ပစ်ကပ်ကားအချို့ လုပ်ငန်းသုံးယာဉ်အဖြစ် အခွန်သက်သာစွာ တင်သွင်းခွင့်ပြုပြီ

ခင်မျိုးသွယ်(မဇ္ဈိမ)

ပစ်ကပ် ကားအချို့အား လုပ်ငန်းသုံးယာဉ်အဖြစ် တင်သွင်းခွင့်ကို
မတ်လ ၁ ရက်နေ့မှ စတင်၍ ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တဆင့် သိရသည်။

“ပစ်ကပ်အမျိုးအစားထဲက Pick Up (2 Door ) Extended Cab/ Space Cab ယာဉ်တွေ တင်သွင်းခွင့်ကို မတ်လ ၁ ရက်နေ့ကစပြီး လုပ်ငန်းသုံးယာဉ်အဖြစ် သတ်မှတ်ပြီး အခွန်အခတွေကိုလည်း လုပ်ငန်းသုံးယာဉ်တွေအဖြစ် သတ်မှတ်ကောက်ခံသွားမှာပါ” ဟု ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်မင်းနိုင် က ပြောသည်။

ယင်းကားများမှာ ယခင်က ပစ်ကပ် လူစီးယာဉ်အုပ်စုအဖြစ်သာ တင်သွင်းခွင့် ပြုခဲ့သဖြင့် အခွန် ၈၀ ရာခိုင်နှုန်း ပေးဆောင်ခဲ့ရပြီး
ယခုအခါ လုပ်ငန်းသုံးယာဉ်အဖြစ် သတ်မှတ်လိုက်၍ အခွန် ၅ ရာခိုင်နှုန်းသာ ပေးဆောင်ရတော့မည် ဖြစ်သည်။

“ပစ်ကပ်တွေကို နိုင်ငံတကာမှာလည်း လုပ်ငန်းသုံးယာဉ်အဖြစ်ပဲ သတ်မှတ်တာပါ။ အိမ်နီးချင်း ထိုင်းမှာလည်း အဲဒီလိုပဲ သတ်မှတ် ထားပါတယ်။ ဒီကားတွေက နယ်က လုပ်ငန်းသမားတွေ အတွက်
တကယ် အသုံးတည့်မယ့် ကားတွေ ဖြစ်ပါတယ်။ ဖြေလျှော့မှုတွေ
အတွက် ကျေးဇူးတင်ပါတယ်” ဟု ရန်ကုန်မြို့ အခြေစိုက် ကားအရောင်းပြခန်း တခုမှ အရောင်းမန်နေဂျာ ဦးမြတ်ကို က ဆိုသည်။

Pick Up 2Door-2013 မော်ဒယ်အမျိုးအစားမှာ တစီးလျှင် အမေရိကန် ဒေါ်လာ ၁၆,၁၀၀ နှုန်းဖြင့် ပြည်ပမှ တင်သွင်းနိုင်ကြောင်း သိရသည်။
အေးချမ်းမွန်မှ ပြန်လည်မျဝေပေးခြင်းဖြစ်ပါသည်

အေးချမ်းမွန်မှ ( မဇ္ဈိမ ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

ခင်မျိုးသွယ်(မဇ္ဈိမ)

ပစ်ကပ် ကားအချို့အား လုပ်ငန်းသုံးယာဉ်အဖြစ် တင်သွင်းခွင့်ကို မတ်လ ၁ ရက်နေ့မှ စတင်၍ ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တဆင့် သိရသည်။ “ပစ်ကပ်အမျိုးအစားထဲက Pick Up (2 Door ) Extended Cab/ Space Cab ယာဉ်တွေ တင်သွင်းခွင့်ကို မတ်လ ၁ ရက်နေ့ကစပြီး လုပ်ငန်းသုံးယာဉ်အဖြစ် သတ်မှတ်ပြီး အခွန်အခတွေကိုလည်း လုပ်ငန်းသုံးယာဉ်တွေအဖြစ် သတ်မှတ်ကောက်ခံသွားမှာပါ” ဟု ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်မင်းနိုင် က ပြောသည်။

ယင်းကားများမှာ ယခင်က ပစ်ကပ် လူစီးယာဉ်အုပ်စုအဖြစ်သာ တင်သွင်းခွင့် ပြုခဲ့သဖြင့် အခွန် ၈၀ ရာခိုင်နှုန်း ပေးဆောင်ခဲ့ရပြီး ယခုအခါ လုပ်ငန်းသုံးယာဉ်အဖြစ် သတ်မှတ်လိုက်၍ အခွန် ၅ ရာခိုင်နှုန်းသာ ပေးဆောင်ရတော့မည် ဖြစ်သည်။

“ပစ်ကပ်တွေကို နိုင်ငံတကာမှာလည်း လုပ်ငန်းသုံးယာဉ်အဖြစ်ပဲ သတ်မှတ်တာပါ။ အိမ်နီးချင်း ထိုင်းမှာလည်း အဲဒီလိုပဲ သတ်မှတ် ထားပါတယ်။ ဒီကားတွေက နယ်က လုပ်ငန်းသမားတွေ အတွက်
တကယ် အသုံးတည့်မယ့် ကားတွေ ဖြစ်ပါတယ်။ ဖြေလျှော့မှုတွေ အတွက် ကျေးဇူးတင်ပါတယ်” ဟု ရန်ကုန်မြို့ အခြေစိုက် ကားအရောင်းပြခန်း တခုမှ အရောင်းမန်နေဂျာ ဦးမြတ်ကို က ဆိုသည်။

Pick Up 2Door-2013 မော်ဒယ်အမျိုးအစားမှာ တစီးလျှင် အမေရိကန် ဒေါ်လာ ၁၆,၁၀၀ နှုန်းဖြင့် ပြည်ပမှ တင်သွင်းနိုင်ကြောင်း သိရသည်။
 
  
RND: 5.3.2013
မဇ္ဈိမ

0 comments:

Post a Comment