Pages

Wednesday, March 6, 2013

ပြည်သူများ အမြင်မကျယ်သေးသည့်အတွက် အချို့နေရာများတွင် ထိန်းထိန်းသိမ်းသိမ်းလုပ်နေရကြောင်း သာသနာရေးဝန်ကြီးပြော

ပြည်သူများ အမြင်မကျယ်သေးသည့်အတွက် အချို့နေရာများတွင် ထိန်းထိန်းသိမ်းသိမ်းလုပ်နေရကြောင်း သာသနာရေးဝန်ကြီးပြော

March 5, 2013ACM သတင်း

မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကျင့်သုံး၍ သွားနေသောနိုင်ငံတစ်နိုင်ငံဖြစ်နေသော်လည်း ၊ ပြည်သူများ၏ အမြင်မကျယ်မှု ၊ ဘာသာရေးအစွဲအလမ်းကြီးမှု ၊ အယူသီးမှုများကြောင့် အချို့သောနေရာများတွင် အစိုးရအနေဖြင့် ထိန်းထိန်းသိမ်းသိမ်း လုပ်ကိုင်နေရကြောင်း သာသနာရေး ၀န်ကြီးဦးဆန်းဆင့်က ဘာသာရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံစဉ်ပြောကြားသည်။ “ကျွန်တော်တို့အခု အုပ်ချုပ်နေတာ ဒီမိုကရေစီစနစ် နဲ့ ပြည်သူအစိုးရဖြစ်ပါတယ်။ ဒါပေမယ့် အချို့သောနေရာတွေမှာ ချက်ချင်းလုပ်လိုက်ရင် အခက်အခဲတွေရှိပါတယ်။ ပြည်သူတွေက“အမြင်မကျယ်သေးဘူးလို့ပြောချင်တယ်။ ဘာလို့လဲဆိုတော့ ပြည်သူတွေအားလုံးက ဘာသာရေးအစွဲအလမ်းကြီးတာတွေ ၊ အယူသီးတာတွေ ရှိသေးတယ်။ ဒီလိုတွေဖြစ်နေတဲ့အခါကျတော့ လုပ်ချင်တာကိုလုပ်လိုက်ရင် အများရဲ့ မကျေနပ်ချက်တွေဖြစ်လာပြီး တစ်ယောက် နဲ့ တစ်ယောက် အာဃာတပွားလာပြီးတော့ ကိုယ်ထိလက်ရောက် ကျူးလွန်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။ ဒါမျိုးတွေကိုလည်း မဖြစ်စေချင်တဲ့အတွက် အချို့နေရာတွေမှာ ထိန်းထိန်းသိမ်းသိမ်း လုပ်နေရတဲ့အခြေအနေလေးတွေ ရှိနေပါတယ်´´ဟုပြောကြားခဲ့သည်။ လူမျိုးတစ်မျိုး နှင့် တစ်မျိုးအထင်အမြင်လွဲမှားမှုများအား လျော့ကျစေရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

ဖြိုးအောင်

 The Hot News


March 5, 2013

မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကျင့်သုံး၍ သွားနေသောနိုင်ငံတစ်နိုင်ငံဖြစ်နေသော်လည်း ၊ ပြည်သူများ၏ အမြင်မကျယ်မှု ၊ ဘာသာရေးအစွဲအလမ်းကြီးမှု ၊ အယူသီးမှုများကြောင့် အချို့သောနေရာများတွင် အစိုးရအနေဖြင့် ထိန်းထိန်းသိမ်းသိမ်း လုပ်ကိုင်နေရကြောင်း သာသနာရေး ၀န်ကြီးဦးဆန်းဆင့်က ဘာသာရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံစဉ်ပြောကြားသည်။ “ကျွန်တော်တို့အခု အုပ်ချုပ်နေတာ ဒီမိုကရေစီစနစ် နဲ့ ပြည်သူအစိုးရဖြစ်ပါတယ်။ ဒါပေမယ့် အချို့သောနေရာတွေမှာချက်ချင်းလုပ်လိုက်ရင် အခက်အခဲတွေရှိပါတယ်။ ပြည်သူတွေက“အမြင်မကျယ်
သေးဘူးလို့ပြောချင်တယ်။ 
 
ဘာလို့လဲဆိုတော့ ပြည်သူတွေအားလုံးက ဘာသာရေးအစွဲအလမ်းကြီးတာတွေ ၊ အယူသီးတာတွေ ရှိသေးတယ်။ ဒီလိုတွေဖြစ်နေတဲ့အခါကျတော့ လုပ်ချင်တာကိုလုပ်လိုက်ရင် အများရဲ့ မကျေနပ်ချက်တွေဖြစ်လာပြီး တစ်ယောက် နဲ့ တစ်ယောက် အာဃာတပွားလာပြီးတော့ ကိုယ်ထိလက်ရောက် ကျူးလွန်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။ 
 
ဒါမျိုးတွေကိုလည်း မဖြစ်စေချင်တဲ့အတွက် အချို့နေရာတွေမှာ ထိန်းထိန်းသိမ်းသိမ်း လုပ်နေရတဲ့အခြေအနေလေးတွေ ရှိနေပါတယ်´´ဟုပြောကြားခဲ့သည်။ 
 
လူမျိုးတစ်မျိုး နှင့် တစ်မျိုးအထင်အမြင်လွဲမှားမှုများအား လျော့ကျစေရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

ဖြိုးအောင်
RND: 5.3.2013
The Hot News

0 comments:

Post a Comment