Pages

Wednesday, March 6, 2013

ပေးဆပ်မှုကြီးမားခဲ့တဲ့ နာနီရဲ့ အနီကဒ်နဲ့ အိမ်ပြန်လှခဲ့တဲ့ ရော်နာဒို (# မန်ယူ ၁-၂ ရီးရဲလ်)

Wednesday, March 6, 2013
ချန်ပီယံလိဂ် (၁၆) သင်းအဆင့်ရှုံးထွက်ပွဲစဉ်၌ ပရိသတ် စိတ်ဝင်စားမှု အများဆုံးကို ရရှိထားသည့် မန်ချက်
စတာယူနိုက်တက်နှင့် ရီးရဲလ်တို့၏ ဒုတိယအကျော့ ပွဲကို အင်္ဂလန်နိုင်ငံ အိုးထရတ်ဖို့ဒ်ကွင်းကြီးတွင် ကစား
ခဲ့ကြသည်။  ယနေ့ပွဲတွင်တော့ အိမ်ရှင် မန်ချက်စတာယူနိုက်တက် အသင်းသည် ဒုတိယပိုင်းအစတွင် ဦး
ဆာင်ဂိုး သွင်းယူနိုင်ခဲ့သော်လည်း ကွင်းလယ်လူ နာနီ အထုတ်ခံခဲ့ရခြင်းနှင့်အတူ တစ်ယောက်လျော့ အ
ခြေအနေကို ရင်ဆိုင်ခဲ့ရာကာ ရီးရဲလ်အသင်းအား ချေပဂိုးနှင့် အနိုင်ဂိုး ဆက်တိုက် ပေးခဲ့ရပြီး အရှုံးပေးခဲ့ရ
သည်။
မန်ယူအတွက် ဦးဆောင်ဂိုးကို နာနီ၏ ဖန်တီးမှုမှတဆင့် ရာမို့စ်က ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့ခြင်း ဖြစ်ပြီး ရီးရဲလ်အသင်းအတွက် ဂိုးများကိုတော့ မိုဒရစ်နှင့် ရော်နာဒို တို့က သွင်းယူပေးခဲ့ကြကာ ဧည့်သည် အသင်း ၂-၁ ဖြင့် အနိုင် ရရှိခဲ့သည်။

အိမ်ရှင် မန်ချက်စတာယူနိုက်တက် အသင်းတွက် တိုက်စစ်မှုး ဗန်ပါစီ အား ဝဲလ်ဘက်၊ နာနီတို့နှင့် တွဲကစား
စေခဲ့ကာ၊ ကွင်းလယ်တွင် ကာရစ်၊ ကလေဗာလေ၊ ဂစ်တို့ဖြင့် ပွဲထွက်လာခဲ့သည်။ ခံစစ်တွင် ဂိုးသမား ဒီဂီ
ယာကို အသုံးပြုထားပြီး ၎င်းကိုတော့ ရာဖေးလ်၊ ဖာဒီနန်၊ ဗီဒစ်၊ အီဗရာတို့ဖြင့် ကာကွယ်စေခဲ့သည်။ စပိန်
လာလီဂါကလပ် ရီးရဲလ်တွင်တော့ တိုက်စစ်မှုး ဟီဂူအင်အား ဒီမာရီယာ၊ ရော်နာဒိုတို့နှင့် တွဲကစားစေခဲ့ကာ အလွတ်ဆို၊ အိုဇေးလ်၊ ခီဒီယာ တို့ဖြင့် ပံ့ပိုးစေခဲ့သည်။ ဂိုးသမား လိုပက်ဇ် ကိုတော့ ကွန်ထရာအို၊ ရာမို့စ်၊ ဗာရိန်း၊ အာဘီလိုအာ တို့ဖြင့် ခံစစ်၌ ပွဲထွက်စေခဲ့သည်။

ပွဲအစပိုင်းတွင် နှစ်သင်းလုံး ဖိအားများနေပုံ ရပြီး ဘောလုံး အပျက်များနေခဲ့သည်။ ဂိုးပေါက် ခြိမ်းခြောက်မှု

 ပြုလုပ်ရန် ထိရောက်သည့် အားထုတ်မှုကို ဧည့်သည် အသင်းက စတင် ပြုလုပ်နိုင်ခဲ့ပြီး ပွဲချိန် (၁၀) မိနစ်၌ တိုက်စစ်မှုး ဟီဂူအင် ဂိုးဧရိယာထိပ်မှ ကန်သွင်းရန် ကြိုးစားခဲ့သော်လည်းဂိုးပေါက်မတည့်ခဲ့ချေ။ ထို့နောက်
တွင်တော့ အိမ်ရှင် အသင်း တိုက်စစ်ကို စတင် ပုံဖော်လာနိုင်ခဲ့ကာ ဂိုးသွင်းခွင့် နှစ်ကြိမ် ဆက်တိုက် ရရှိခဲ့
သည်။ 

ပွဲချိန် (၁၁) မိနစ်တွင် နာနီ၏ ဖြတ်တင်ဖန်တီးမှုမှ တဆင့် ဂစ်နှင့် ဗန်ပါစီတို့ ဂိုးသွင်းယူရန် ကြိုးစားခဲ့ပေမယ့် ဗာရိန်း အစွမ်းပြ ဖြတ်ထုတ်သွားခဲ့သလို၊ ပွဲချိန် (၁၂) မိနစ်၌ ဂစ်၏ ဖန်တီးပေးပို့မှုမှ တဆင့် ဗန်ပါစီ ဂိုးပေါက်နှင့် အနီးကပ် ကန်သွင်းခဲ့ရာတွင် ကန်ချက် ပျော့ခဲ့သလို၊ ရာမို့စ် တားဆီးသွားနိုင်ခဲ့ပြီး အိမ်ရှင် အသင်း ထောင့်ကန်ဘောသာ ရရှိခဲ့သည်။ 

ပွဲချိန် မိနစ် (၂၀) တွှင်တော့ မန်ယူအသင်း ဦးဆောင်ဂိုးနှင့် အနီးစပ်ဆုံး ဖြစ်ခဲ့သေးသော်လည်း ဂိုးကံခေခဲ့သည်။ ထောင့်ကန်ဘောမှ တဆင့် အသင်းခေါင်းဆောင် ဗီဒစ် ခေါင်းတိုက်ခဲ့ရာတွင် ဂိုးတိုင်မှန် ထွက်ခဲ့သလို၊ ဂိုးပေါက်ရှေ့တည့်တည့်တွင် ရှိနေသော ဝဲလ်ဘက် ဆက်တိုက် ပိတ်သွင်းယူခဲ့ပေမယ့် လိုပက်ဇ်က ဂိုးစည်းပေါ်တွင်ပင် အမိဖမ်းယူခဲ့သဖြင့် ဧည့်သည်အသင်း သက်သာရာ ရခဲ့သည်။

ရီးရဲလ်အသင်းသည် မန်ယူအသင်း၏ တန်ပြန် တိုက်စစ် ကစားဟန်ကို တုန့်ပြန် ကစားရန် အခက်တွေ့နေခဲ့ပြီး အိမ်ရှင် ခံစစ်ကို ဖိအားပေးရန် အခက်တွေ့နေခဲ့သည်။ ထို့အပြင် နာနီ၊ ဂစ်၊ ဝဲလ်ဘက်တို့၏ တိုးအားများဖြင့် ထိုးဖောက်နေသည့် အိမ်ရှင်၏ တိုက်စစ်အင်အားကြောင့် ခံစစ်တွင် ရုန်းကန်နေခဲ့ရာကာ ဗဟိုခံစစ်မှုးများ ဖြစ်သည့် ဗာရိန်းနှင့် ရာမို့စ်တို့ အလုပ်ရှုပ်ခဲ့ကြသည်။ 


ပွဲချိန် (၂၅) မိနစ်တွင် ထောင့်ကန်ဘောမှ တဆင့်ပင် ဗန်ပါစီ နောက်ပြန်ကန်ချက် ပြုလုပ်၍ ဂိုးရယူရန် ကြိုးစားခဲ့ပေမယ့် ကန်ချက် လွဲခဲ့သည်။ ဆက်တိုက် ဆိုသလို ရီးရဲလ်အသင်း တန်ပြန် တိုက်စစ် ဆင်လာခဲ့ပြီး တိုက်စစ်မှုး ရော်နာဒို အသင်းဟောင်းကို ဂိုးသွင်းယူရန် ကြိုးစားခဲ့ပေမယ့် ဗီဒစ်က လျှောထိုးပိတ်ဆို့နိုင်ခဲ့သည်။ ပွဲချိန် (၃၁) မိနစ်တွင် ဒီမာရီယာ၏ ကွင်းလယ်မှတဆင့် ဖန်တီးပေးပို့မှုကို ဟီဂူရင် အဆုံးသတ်ရန် ကြိုးစားခဲ့ပေမယ့် ဒီဂီယာ နေရာယူမှန်မှန်ဖြင့် ကာကွယ်နိုင်ခဲ့သည်။ 

ထို့နောက် (၂) မိနစ်အကြာ၌ ဧည့်သည်အသင်း ပြိုင်ဘက် ဂိုးပေါက်ထဲသို့ ဘောလုံး ထည့်နိုင်ခဲ့သော်လည်း ဟီဂူရင် ဂိုးကန်သွင်းယူခြင်း မပြုမီ၊ ဗန်ပါစီအား ရာမို့စ် ကြမ်းကြမ်းတမ်းတမ်း ကစားခဲ့သည်ဟု ဆိုကာ ကွင်းလယ်ဒိုင်က ခရာမှုတ်ထားသဖြင့် အိမ်ရှင် အသင်း ကံကောင်းသွားခဲ့သည်။

ပွဲချိန် (၃၄) မိနစ်တွင် မန်ချက်စတာယူနိုက်တက် အသင်း ဦးဆောင်ဂိုးနှင့် အနီးစပ်ဆုံး ဖြစ်ခဲ့ပြန်ပြီး ရီးရဲလ် ဂိုးသမား လိုပက်ဇ် လက်စွမ်းပြခဲ့ပြန်သည်။ ဗာရိန်းအား လှည့်စား၍ ဗန်ပါစီ ကန်ချက်ပြင်းပြင်းဖြင့် ဂိုးရယူရန် ကြိုးစားခဲ့ရာတွင် လိုပက်ဇ် ပုတ်ထုတ်ခဲ့ရာကာ၊ ၎င်းကိုပင် ဝဲလ်ဘက်က ထပ်ဆင့် ကန်သွင်းခဲ့ပြန်သော်လည်း လိုပက်ဇ်ကပင် လက်စွမ်းပြခဲ့၍ ရီးရဲလ်အသင်း ဂိုးပေးရမည့် အခြေအနေကို ရှောင်လွှဲနိုင်ခဲ့ခြင်း ဖြစ်သည်။


 ထို့နောက် ဆက်တိုက် ဆိုသလို အိမ်ရှင် အသင်း တိုက်စစ်ဆင်ခဲ့ပြန်ပြီး ရာဖေးလ်အား ပြိုင်ဘက် ကစားသမား ရာမို့စ်က ပင်နယ်တီဧရိယာထဲတွင် အဖျက်ကြမ်းခဲ့သည်ဟု ဆိုကာ အိမ်ရှင် အသင်းသမားများ ပင်နယ်တီ တောင်းခဲ့သော်လည်း ကွင်းလယ်ဒိုင်က ပယ်ချခဲ့သည်။ 

ပထမပိုင်း လက်ကျန်မိနစ်များတွင်တော့ မည်သည့်အသင်းကမျှ ဂိုးသွင်းခွင့် မရရှိပဲ ရီးရဲလ်အသင်းမှ တောင်ပံတိုက်စစ်မှုး ဒီမာရီယာ ဒဏ်ရာရသွား၍ ပွဲချိန် (၄၄)မိနစ်တွင် ကွင်းလယ်လူ ကာကာ အစားထိုး ဝင်ရောက်လာခဲ့ခြင်းကသာ ပြောင်းလဲမှု တစ်ခု ဖြစ်ခဲ့သည်။

ဒုတိယပိုင်း ပြန်လည် စတင်ရာတွင်တော့ ပွဲစပြီး နှစ်မိနစ် အကြာတွင်ပင် အိမ်ရှင်အသင်းက ပွဲကို ဦးဆောင်နိုင်ခဲ့သည်။ ယင်းဂိုးကိုတော့ မန်ချက်စတာယူနိုက်တက် အသင်း ခက်ခက်ခဲခဲ ကြိုးစားခဲ့ရခြင်း ဖြစ်ပြီး ဗန်ပါစီ၊ ဝဲလ်ဘက်တို့၏ အနီးကပ် ကန်ချက်များ ဂိုးမဖြစ်ခဲ့သော်လည်း နာနီ၏ ထပ်ဆင့် ဖန်တီးမှုမှ တဆင့် ရီးရဲလ် အသင်းခေါင်းဆောင် ရာမို့စ်က ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့ခြင်း ဖြစ်သည်။


ရီးရဲလ် ဂိုးသမားနှင့် ခံစစ်လူများ ခက်ခက်ခဲခဲ ဖျက်ထုတ်တားဆီးခဲ့၍ ထွက်လာသည့် ဘောလုံးကို နာနီက ဂိုးရှေ့တွင် ရှိနေသော ဝဲလ်ဘက်ထံ ပေးပို့ ဖန်တီးခဲ့ခြင်း ဖြစ်ပြီး၊ အဆိုပါ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှုး အသုံးမချနိုင်ခဲ့ပေမယ့် ၎င်း၏ နောက်တွင် ရှိနေသော စပိန်လက်ရွေးစင် နောက်ခံလူက အမှားကျူးလွန်မိခဲ့ခြင်း ဖြစ်သည်။ 

အိမ်ရှင် အသင်း ဦးဆောင်ဂိုး ရရှိသွား၍ ရီးရဲလ်အသင်း တိုက်စစ်ဖွင့်ကစားရန် ကြိုးစားခဲ့ပေမယ့် ကွင်းလယ်တွင် အပျက်များနေခဲ့သည်။ သို့သော်လည်း ပွဲချိန် (၅၇) မိနစ်တွင် ပွဲအရှိ အပြောင်းအလဲ ဖြစ်ပေါ်စေသည့် ဆုံးဖြတ်ချက်အား ကွင်းလယ်ဒိုင်က ချမှတ်ခဲ့ပြီး ပွဲအခြေအနေ အလုံးစုံ ပြောင်းလဲသွားခဲ့သည်။

အီဗရာ၏ ဘောလုံးပေးပို့မှုကို နာနီ ထိန်းချုပ်ရန် ကြိုးစားရာတွင် ပြိုင်ဘက် ကစားသမား အာဘီလိုအာ အား ကြမ်းတမ်းစွာ ချဉ်းကပ်ခဲ့သည်ဟု ဆိုကာ ကွင်းလယ်ဒိုင်မှ အနီကဒ် တိုက်ရိုက် ပြသခဲ့ခြင်း ဖြစ်သည်။ အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက် တစ်ခု ဖြစ်ခဲ့ပြီး၊ ဆက်တိုက် ဆိုသလိုပင် ရီးရဲလ်အသင်း တိုက်စစ်ကစားပုံ ပြောင်းလဲရန်အတွက် အာဘီလိုအာ အစားပင် မိုဒရစ်ကို ထည့်သွင်းခဲ့ကာ တိုက်စစ်ဖွင့်ခဲ့သည်။ ပွဲချိန် (၆၂)မိနစ်တွင် ဟီဂူအင် ထောင့်ကန်ဘောမှ တဆင့် ဂိုးသွင်းယူရန် ကြိုးစားခဲ့ပေမယ့် ရာဖေးလ် ဖျက်ထုတ်နိုင်ခဲ့သည်။ 


ထို့နောက် မန်ယူအသင်း တန်ပြန် တိုက်စစ်ဆင်ခွင့်ရပြီး ဝဲလ်ဘက်၏ ဖန်တီးမှုမှ တဆင့် ဗန်ပါစီ အဝေးကန်ချက် ပြုလုပ်၍ ဂိုးရယူရန် ကြိုးစားခဲ့ပေမယ့် လိုပက်ဇ် ကာကွယ်နိုင်ခဲ့သည်။ ပွဲချိန် (၆၆) မိနစ်တွင်တော့ ဧည့်သည် ရီးရဲလ်အသင်း လိုအပ်နေသည့် ချေပဂိုးကို ရရှိသွားခဲ့သည်။ ယင်းကိုတော့ လူစားဝင် ကွင်းလယ်လူ မိုဒရစ်က ဂိုးဧရိယာ အပြင်မှတဆင့် လှလှပပ ကန်သွင်းယူခဲ့ကာ၊ ၎င်း၏ ကန်ချက် တိကျပြင်းထန်ခဲ့၍ ဒီဂီယာ ကာကွယ်နိုင်ရန် မစွမ်းခဲ့ချေ။

ထို့နောက်တွင်တော့ ဧည့်သည် ရီးရဲလ်အသင်း ဖိအားလျော့ကျသွားခဲ့ပြီး တိုက်စစ်ဆင်၍ လွယ်ကူသွားခဲ့သည်။ နှစ်မိနစ် အကြာတွင်ပဲ ဟီဂူအင်၏ ခြေစွမ်းပြ ဖန်တီးမှုမှ တဆင့် တောင်ပံ တိုက်စစ်ကစားသမား ရော်နာဒိုက လျင်လျင်မြန်မြန် အဆုံးသတ်ခဲ့ကာ အသင်းဟောင်းကို ဂိုးသွင်းခဲ့သည်။ 


ထို့နောက်တွင်တော့ ရီးရဲလ်အသင်းမှ အိုဇေးလ် အစား ပီပီ ဝင်ရောက် ကစားခဲ့သည်။ ပွဲချိန် (၇၂) မိနစ်တွင် မန်ယူအသင်း တိုက်စစ်ဖွင့် ကစားခဲ့ပြီး ဗန်ပါစီ၏ ကန်သွင်းချက် ခီဒီယာ၏ လက်နှင့်ထိခဲ့သည်ဟု ဆိုကာ အိမ်ရှင် ကစားသမားများ စောဒက တက်ခဲ့၍ ကွင်းလယ်လူ ကာရစ် အဝါကဒ်ပြ သတိပေးခံရသည်။ 

ထို့နောက်တွင်တော့ နောက်တစ်ဆင့်တက်ရန် အတွက် သွင်းဂိုးနှစ်ဂိုးအထိ လိုအပ်နေသော မန်ယူအသင်းမှ ကလေဗာလေ အစား ဝိန်းရွန်နေးကို ထည့်သွင်းခဲ့ကာ တိုက်စစ်ဖွင့်ကစားရန် လုပ်ဆောင်ခဲ့သည်။ တိုက်စစ်ဖွင့်ကစားခဲ့သည့် မန်ယူအသင်း ဂိုးသွင်းခွင့်များ ဆက်တိုက် ရယူနိုင်ခဲ့ကာ ပွဲချိန် (၇၉) မိနစ်ဝန်းကျင်တွင် ဝဲလ်ဘက်၏ ဂိုးဧရိယာတွင်း ကန်သွင်းချက် ရာမို့စ် ပိတ်ဆို့တားဆီးနိုင်ခဲ့သလို၊ ဗန်ပါစီ၏ ထပ်ဆင့်ကန်သွင်းချက်ကမူ ဂိုးပေါက်လွဲချော်ခဲ့သည်။

ထို့နောက်တွင်တော့ မန်ယူအသင်းမှ ဝဲလ်ဘက် အစား အက်ရှလေယန်းကို ထည့်သွင်းကာ ၎င်းတို့၏ ချန်

ပီယံလိဂ် နောက်တစ်ဆင့် တက်ရန်မျှော်လင့်ချက်ကို အသက်သွင်းရန် ကြိုးစားခဲ့သည်။ ပွဲချိန် (၈၂) မိနစ်
တွင် ယန်း၏ ဖြတ်တင်မှုမှ တဆင့် ဂစ် ခေါင်းတိုက်ဂိုးသွင်းယူ ခဲ့ရာတွင် လိုပက်ဇ် လက်စွမ်းပြခဲ့သည်။ ထို့
အပြင် နောက်တစ်မိနစ် အကြာတွင် ဗန်ပါစီ၏ ကန်သွင်းချက် နှစ်ကြိမ်ဆက်တိုက် ကိုလဲ ရီးရဲလ်ဂိုးသမား လိုပက်ဇ်ကပင် ထပ်မံ လက်စွမ်းပြခဲ့ကာ အိမ်ရှင်အသင်းကို အခက်တွေ့စေခဲ့သည်။ 

ယင်းအခြေအနေတွင် တိုက်စစ်မှုး ဝိန်းရွန်နေး အနီးကပ် အမှတ်မထင်ကန်ခွင့်ရခဲ့သော်လည်းလွဲချော်သွား
ခဲ့သဖြင့် မန်ယူအသင်း နစ်နာခဲ့ရသည်။ ထို့နောက် ပွဲချိန် (၈၇) မိနစ်တွင်တော့ မန်ယူအသင်းမှ ရာဖေးလ်
အစား ဗလင်စီယာကို ထည့်သွင်းခဲ့ကာ နောက်ဆုံး ပြောင်းလဲမှု ပြုလုပ်ခဲ့သည်။ 

ပွဲချိန် (၈၈) မိနစ်တွင် ရီးရဲလ်အသင်း တန်ပြန် တိုက်စစ်မှတဆင့် ကာကာ ဂိုးသွင်းယူရန် ကြိုးစားခဲ့ရာတွင်
ကာင်းမွန် ခဲ့ပေမယ့် ဒီဂီယာ လက်စွမ်းပြခဲ့သည်။ ပွဲချိန် မိနစ် (၉၀) အပြည့်တွင် ဗန်ပါစီ၏ ထောင့်ကန်
ဘောမှ တဆင့် ဗီဒစ်က အနီးကပ် အပိုင် ခေါင်းတိုက်ခဲ့ပြန်ပြီး လိုပက်ဇ်ကပင် အံ့ဩဖွယ် လက်စွမ်းပြ ပုတ်
ထုတ်သွားခဲ့သည်။ ထို့နောက်ပိုင်း အပိုဆောင်း မိနစ်များတွင်တော့ရီးရဲလ်အသင်းကပွဲကို ထိန်းချုပ်ရန် ကြိုး
စားသွားခဲ့ကာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်သို့ တက်ရောက်သွားခဲ့သည်။

ဗျိုင်းအို

RND: 6.3.2013
Myanmar Striker

0 comments:

Post a Comment