Pages

Sunday, February 10, 2013

ကမ္ဘာ့မွတ်စလင်အဖွဲ့အစည်း OIC က ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝ င်ဖြစ်ရန် ကြိုးပမ်း

ကမ္ဘာ့မွတ်စလင်အဖွဲ့အစည်း OIC က ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်ဖြစ်ရန် ကြိုးပမ်း

သတင်း – စိုင်းလေး (MMM)

ကိုင်ရို။ ဖေဖော်ဝါရီ ၇။

မွတ်စလင်သန်းပေါင်းများစွာအား ကိုယ်စားပြုသည့် ကမ္ဘာ့အကြီးဆုံး မွတ်စလင်အဖွဲ့အစည်းတစ်ခုဖြစ်သော အိုအိုင်စီ(OIC)သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ နေရာတစ်နေရာရရှိရေး ကြိုးပမ်းလျက်ရှိကြောင်း အာရဗ်သတင်းများက ဖော်ပြသည်။

“သန်းပေါင်း ထောင့်ငါးရာကျော်ကို ကိုယ်စားပြုပြီး လုံခြုံရေးကောင်စီမှာ နေရာတစ်ခုရဖို့ ကျွန်တော် အဓိကထား ကြိုးပမ်းဆောင်ရွက်နေပါတယ်″ဟု အိုအိုင်စီအတွင်းရေးမှူးချုပ် အဟ်ဆန်နိုဂလူးက သတင်းထောက်များကို ပြောကြားသည်။

ကုလသမဂ္ဂ၏ အဖွဲ့အစည်း ၆ ခုအနက် လုံခြုံရေးကောင်စီသည် နိုင်ငံတကာ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းဆောင်ရွက်ရသော ဌာနဖြစ်ပြီး ငြိမ်းချမ်းရေးတပ်ဖွဲ့စေလွှတ်ခြင်း၊ နိုင်ငံတကာ ပိတ်ဆို့အရေးယူဒဏ်ခတ်ခြင်းနှင့် စစ်ရေးအရ အရေးယူဆောင်ရွက်ခြင်းတို့ကို အကောင်အထည်ဖော်နိုင်သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။

လုံခြုံရေးကောင်စီ၌ ဗီတိုအာဏာကျင့်သုံးနိုင်သော အမေရိကန်၊ ရုရှား၊ ပြင်သစ်၊ ဗြိတိန်နှင့် တရုတ်နိုင်ငံတို့အပါအ၀င် အဖွဲ့ဝင် ၁၅ နိုင်ငံရှိသည်။ ထို့ပြင် ယာယီအဖွဲ့ဝင် ၁၀ နိုင်ငံအား ၂နှစ်သက်တမ်းဖြင့် ရွေးချယ်ခန့်အပ်လေ့ရှိသည်။

“ကိုင်ရိုအစည်းအဝေးမှာ မွတ်စလင်ခေါင်းဆောင်တွေရဲ့ ယခင့်ယခင်တွေ့ဆုံပွဲတွေနဲ့မတူတာကတော့ အွမ္မသ်ထုကြီးအတွက် လက်ရှိကြုံတွေ့နေရတဲ့ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့နဲ့ အနာဂတ်ကောင်းဆီ လမ်းဖွင့်ပေးနိုင်ဖို့ ဆုံးဖြတ်ချက်တွေကို အဓိကချမှတ်ကြမှာပါ”ဟု အိုအိုင်စီအကြီးအကဲက ပြောကြားသည်။

အီဂျစ်နိုင်ငံ၌ ကျင်းပသော အဆိုပါ အစ္စလာမ့်ထိပ်သီးဆွေးနွေးပွဲကို အီဂျစ်သမ္မတ မုဟမ္မဒ်မော်စီက သဘာပတိအဖြစ် ဆောင်ရွက်သည်။

အဖွဲ့ဝင် ၅၇ နိုင်ငံရှိသော OIC သည် ဖွဲ့စည်းတည်ထောင်သည့် ၁၉၆၉ ခုနှစ်မှစတင်ကာ ကုလသမဂ္ဂပြီှးလျှင် ဒုတိယအကြီးဆုံး နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်လာခဲ့သည်။

အစ္စလာမ်ကြောက်ရောဂါ

“အစ္စလာမ်ကြောက်ရောဂါဆိုတာ ခေတ်သစ် လူမျိုးရေး၊ ဘာသာရေးခွဲခြားဆက်ဆံမှုတစ်ခုပါပဲ၊ သဘာဝကျတဲ့ တုန့်ပြန်မှုတွေ ထိထိရောက်ရောက်ဖြစ်မလာမချင်း ဒီအစ္စလာမ်ကြောက်ရောဂါကို တိုက်ဖျက်သွားဖို့ တိကျပြတ်သားတဲ့ သံန္နိဋ္ဌာန်ချမှတ်ထားပါတယ်” ဟု အိုအိုင်စီအကြီးအကဲ အဟ်ဆန်နိုဂလူက ပြောကြားသည်။

“အစ္စလာမ်နဲ့မွတ်စလင်တွေအပေါ်မှာ ခွဲခြားဆက်ဆံရေးနဲ့ မုန်းတီးမှုတွေကို အားတက်သရော ဖန်တီးနေကြတယ်၊ တမန်တော်မြတ်ရဲ့ ပုံကို အသရေဖျက်တဲ့အနေနဲ့ ရေးဆွဲပြီး မွတ်စလင်တွေကို တိုက်ခိုက်ကြတယ်၊ ဒါဟာ လူတွေအကြားမှာရှိနေတဲ့ သင့်မြတ်မှုနဲ့ ငြိမ်းချမ်းမှုကို ဖြိုခွဲတာဖြစ်ပြီး မုန်းတီးမှုနဲ့ အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာဖို့ လှုံ့ဆော်ပေးနေကြတာပါ”ဟု အနောက်နိုင်ငံများက အစွန်းရောက်အုပ်စုများနှင့်ပတ်သက်ပြီး အိုအိုင်စီအကြီးအကဲက ပြောကြားခဲ့သည်။

တမန်တော်မြတ်အား စော်ကားထားသည့် အမေရိကန်လုပ် ရုပ်ရှင်တစ်ခု ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် ထွက်ပေါ်လာမှုကြောင့် မွတ်စလင်ကမ္ဘာတွင် ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ အဆိုပါကိစ္စကြောင့် ဘာသာရေးစော်ကားမှုဆန့်ကျင်ရေးဥပဒေတစ်ရပ် ပြဌာန်းပေးရန် မွတ်စလင်နိုင်ငံများက ကုလသမဂ္ဂထံ ၀ိုင်းဝန်းတောင်းဆိုခဲ့ကြသည်။

“ဖလော်ရီဒါဘုန်းကြီးရဲ့ ကုရ်အာန်မီးရှိုမှုကြိုးပမ်းချက်တွေ၊ နောက် Innocence of Muslims ရုပ်ရှင်လိုမျိုး မွတ်စလင်ဆန့်ကျင်ရေး လုပ်ရပ်တွေပေါ်ထွက်လာပြီးတဲ့နောက် ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ အာဏာပိုင်အချို့က ကန့်ကွက်ပြောဆိုခဲ့တာတွေကို ကြည့်ရင် ကျွန်တော်တို့ကြိုးပမ်းချက်တွေဟာ အပြုသဘော အကျိုးသက်ရောက်မှုရှိတယ်လို့ ဆိုနိုင်ပါတယ်” ဟု အိုအိုင်စီအကြီးအကဲက ထည့်သွင်းပြောကြားခဲ့သည်။

OIC သည် အနောက်နိုင်ငံများနှင့် မွတ်စလင်ကမ္ဘာကြား ဆက်ဆံရေးတွင် ထိခိုက်စေသော အစ္စလာမ်ကြောက်ရောဂါပြန့်နှံ့မှု၏ အကျိုးသက်ရောက်မှုအား ကွက်ကွက်ကွင်းကွင်း ထင်သာမြင်သာရှိရန် ထောက်ပြနိုင်ခဲ့သည်။

-Onislam.

မွတ်စလင်သန်းပေါင်းများစွာအား ကိုယ်စားပြုသည့် ကမ္ဘာ့အကြီးဆုံး မွတ်စလင်အဖွဲ့အစည်းတစ်ခုဖြစ်သော အိုအိုင်စီ(OIC)သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ နေရာတစ်နေရာရရှိရေး ကြိုးပမ်းလျက်ရှိကြောင်း အာရဗ်သတင်းများက ဖော်ပြသည်။
“သန်းပေါင်း ထောင့်ငါးရာကျော်ကို ကိုယ်စားပြုပြီး လုံခြုံရေးကောင်စီမှာ နေရာတစ်ခုရဖို့ ကျွန်တော် အဓိကထား ကြိုးပမ်းဆောင်ရွက်နေပါတယ်″ဟု အိုအိုင်စီအတွင်းရေးမှူးချုပ် အဟ်ဆန်နိုဂလူးက သတင်းထောက်များကို ပြောကြားသည်။

ကုလသမဂ္ဂ၏ အဖွဲ့အစည်း ၆ ခုအနက် လုံခြုံရေးကောင်စီသည် နိုင်ငံတကာ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းဆောင်ရွက်ရသော ဌာနဖြစ်ပြီး ငြိမ်းချမ်းရေးတပ်ဖွဲ့စေလွှတ်ခြင်း၊ နိုင်ငံတကာ ပိတ်ဆို့အရေးယူဒဏ်ခတ်ခြင်းနှင့် စစ်ရေးအရ အရေးယူဆောင်ရွက်ခြင်းတို့ကို အကောင်အထည်ဖော်နိုင်သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။

လုံခြုံရေးကောင်စီ၌ ဗီတိုအာဏာကျင့်သုံးနိုင်သော အမေရိကန်၊ ရုရှား၊ ပြင်သစ်၊ ဗြိတိန်နှင့် တရုတ်နိုင်ငံတို့အပါအ၀င် အဖွဲ့ဝင် ၁၅ နိုင်ငံရှိသည်။ ထို့ပြင် ယာယီအဖွဲ့ဝင် ၁၀ နိုင်ငံအား ၂နှစ်သက်တမ်းဖြင့် ရွေးချယ်ခန့်အပ်လေ့ရှိသည်။

“ကိုင်ရိုအစည်းအဝေးမှာ မွတ်စလင်ခေါင်းဆောင်တွေရဲ့ ယခင့်ယခင်တွေ့ဆုံပွဲတွေနဲ့မတူတာကတော့ အွမ္မသ်ထုကြီးအတွက် လက်ရှိကြုံတွေ့နေရတဲ့ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့နဲ့ အနာဂတ်ကောင်းဆီ လမ်းဖွင့်ပေးနိုင်ဖို့ ဆုံးဖြတ်ချက်တွေကို အဓိကချမှတ်ကြမှာပါ”ဟု အိုအိုင်စီအကြီးအကဲက ပြောကြားသည်။

အီဂျစ်နိုင်ငံ၌ ကျင်းပသော အဆိုပါ အစ္စလာမ့်ထိပ်သီးဆွေးနွေးပွဲကို အီဂျစ်သမ္မတ မုဟမ္မဒ်မော်စီက သဘာပတိအဖြစ် ဆောင်ရွက်သည်။

အဖွဲ့ဝင် ၅၇ နိုင်ငံရှိသော OIC သည် ဖွဲ့စည်းတည်ထောင်သည့် ၁၉၆၉ ခုနှစ်မှစတင်ကာ ကုလသမဂ္ဂပြီှးလျှင် ဒုတိယအကြီးဆုံး နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်လာခဲ့သည်။

အစ္စလာမ်ကြောက်ရောဂါ

“အစ္စလာမ်ကြောက်ရောဂါဆိုတာ ခေတ်သစ် လူမျိုးရေး၊ ဘာသာရေးခွဲခြားဆက်ဆံမှုတစ်ခုပါပဲ၊ သဘာဝကျတဲ့ တုန့်ပြန်မှုတွေ ထိထိရောက်ရောက်ဖြစ်မလာမချင်း ဒီအစ္စလာမ်ကြောက်ရောဂါကို တိုက်ဖျက်သွားဖို့ တိကျပြတ်သားတဲ့ သံန္နိဋ္ဌာန်ချမှတ်ထားပါတယ်” ဟု အိုအိုင်စီအကြီးအကဲ အဟ်ဆန်နိုဂလူက ပြောကြားသည်။

“အစ္စလာမ်နဲ့မွတ်စလင်တွေအပေါ်မှာ ခွဲခြားဆက်ဆံရေးနဲ့ မုန်းတီးမှုတွေကို အားတက်သရော ဖန်တီးနေကြတယ်၊ တမန်တော်မြတ်ရဲ့ ပုံကို အသရေဖျက်တဲ့အနေနဲ့ ရေးဆွဲပြီး မွတ်စလင်တွေကို တိုက်ခိုက်ကြတယ်၊ ဒါဟာ လူတွေအကြားမှာရှိနေတဲ့ သင့်မြတ်မှုနဲ့ ငြိမ်းချမ်းမှုကို ဖြိုခွဲတာဖြစ်ပြီး မုန်းတီးမှုနဲ့ အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာဖို့ လှုံ့ဆော်ပေးနေကြတာပါ”ဟု အနောက်နိုင်ငံများက အစွန်းရောက်အုပ်စုများနှင့်ပတ်သက်ပြီး အိုအိုင်စီအကြီးအကဲက ပြောကြားခဲ့သည်။

တမန်တော်မြတ်အား စော်ကားထားသည့် အမေရိကန်လုပ် ရုပ်ရှင်တစ်ခု ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် ထွက်ပေါ်လာမှုကြောင့် မွတ်စလင်ကမ္ဘာတွင် ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ အဆိုပါကိစ္စကြောင့် ဘာသာရေးစော်ကားမှုဆန့်ကျင်ရေးဥပဒေတစ်ရပ် ပြဌာန်းပေးရန် မွတ်စလင်နိုင်ငံများက ကုလသမဂ္ဂထံ ၀ိုင်းဝန်းတောင်းဆိုခဲ့ကြသည်။

“ဖလော်ရီဒါဘုန်းကြီးရဲ့ ကုရ်အာန်မီးရှိုမှုကြိုးပမ်းချက်တွေ၊ နောက် Innocence of Muslims ရုပ်ရှင်လိုမျိုး မွတ်စလင်ဆန့်ကျင်ရေးလုပ်ရပ်တွေပေါ်ထွက်လာပြီးတဲ့နောက်ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ အာဏာပိုင်အချို
့က ကန့်ကွက်ပြောဆိုခဲ့တာတွေကို ကြည့်ရင် ကျွန်တော်တို့ကြိုးပမ်းချက်တွေဟာ အပြုသဘော အကျိုးသက်ရောက်မှုရှိတယ်လို့ ဆိုနိုင်ပါတယ်” ဟု အိုအိုင်စီအကြီးအကဲက ထည့်သွင်းပြောကြားခဲ့သည်။

OICသည်အနောက်နိုင်ငံများနှင့်မွတ်စလင်ကမ္ဘာကြားဆက်ဆံရေးတွင်ထိခိုက်စေသော အစ္စလာမ်ကြောက်
ရာဂါပြန့်နှံ့မှု၏အကျိုးသက်ရောက်မှုအားကွက်ကွက်ကွင်းကွင်း ထင်သာမြင်သာရှိရန် ထောက်ပြနိုင်ခဲ့
သည်။

Myanmar Muslim Net

0 comments:

Post a Comment