Pages

Sunday, February 10, 2013

တရားသူကြီးဖြစ်ပေမယ့် အမှုလိုက်ခွင့်မရတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ၊ အရာတော်မြို့နယ်မှာ တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ဲ့သူ ဦးမင်းသော်ထွေးနှင့် တွေ့ဆုံခြင်း

တရားသူကြီး ဦးမင်းသော်ထွေး အကြောင်းရေးဖို့ ခွင့်တောင်းတော့ အစက သူငြင်းပါတယ်။ သူ့အထက်အရာရှိတွေကို ခွင့်တောင်းပြီးမှ ဖြေတာကောင်းမယ်ထင်တယ်လို့လည်း ပြောတယ်။ မီဒီယာတွေမှာ ပွင့်လင်းစွာ ပြောကြားနိုင်ကြောင်း ရှင်းပြတော့မှ သူဖြေကြားဖို့ သဘောတူတယ်။ အကြောက်တရားတွေ ဖြစ်နေတာက သူအနေအထိုင်မှန်ပေမယ့် အထက်က အရေးယူထားလို့ ဖြစ်ပါတယ်။ သူနဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပုံကို ဖော်ပြပေးလိုက်ပါတယ်။ 

 စစ်ကိုင်းတိုင်းဒေသကြီး ၊ အရာတော်မြို့နယ်မှာ တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ဲ့သူ ဦးမင်းသော်ထွေးနှင့် တွေ့ဆုံခြင်း

ဆရာ အခုလက်ရှိလုပ်ကိုင်နေတဲ့ရာထူးကို ပြောပေးပါဦး။ 

စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးရုံးမှာ ဒုဦးစီးအနေနဲ့ လုပ်ကိုင်နေပါတယ်။ မြို့နယ်တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ရာကနေ အခု အမှုမစစ်ရတော့ဘဲ တိုင်းရုံးရဲ့ဦးစီးလုပ်ငန်း။ ရုံးလုပ်ငန်းတွေကို လုပ်နေပါတယ်။ 

-ဒါဆိုဆရာက တရားသူကြီးဖြစ်ပြီး အမှုမစစ်ရဘူးပေါ့။ 
-ဟုတ်ပါတယ်။ အမှုမစစ်ရတော့ပါဘူး။ 

-ဆရာ့ကို အထက်က ခုံဖွဲ့စစ်တယ်လို့ သိရပါတယ်။ အဲဒါနည်းနည်းလောက် ပြောပြပေလို့ ရမလား။ 
-နိုင်ငံတော်အစိုးရကလည်း သန့်ရှင်းဖို့၊ အဂတိမလိုက်စားဖို့ ၊ တရားသူကြီးတွေ မှန်မှန်ကန်ကန်တရားစီရင်ဖို့ ၊ တရားမျှတဖို့ ပြောနေတယ်။ အဓိက က လာဘ်ပေးလာဘ်ယူ မလုပ်ဖို့ ဆိုတာပါပဲ။ အားလုံးကလည်း ပြောနေကြတာပါပဲ။ နိုင်ငံတော်သမ္မတ က အစပေါ့။ သတင်းစာထဲမှာလည်း ရေးတယ်။ ဌာနတွေမှာလည်း ညွှန်ကြားတယ်။ တရားသူကြီးချုပ်အပါအ၀င် တိုင်းခရိုင်အဆင့်တွေမှာလည်း ပြောကြားထားတယ်။ ကျွန်တော်တို့လည်း အဲဒီကျင့်စဉ်နဲ့ အညီနေလာခဲ့ကြတယ်။ ကြိုးစားတယ်။ ကိုယ်တိုင်လည်း မှန်မှန်ကန်ကန် တရားစီရင်ခဲ့တယ်။ အကျင့်ပျက်လာဘ်စားတာလည်း မလုပ်ခဲ့ဘူး။ 
         ဒါပေမယ့် မှန်ကန်စွာ နေထိုင်ပြီး မှန်ကန်စွာ စီရင်ဆုံးဖြတ်ခဲ့တဲ့ ကျွန်တော့ကို မြို့နယ်တရားသူကြီး အနေနဲ့ အမှုစီရင်ရာကနေ ခရိုင်ကခုံဖွဲ့စစ်ပြီး အခုလိုလုပ်ပိုင်ခွင့်တွေ ရုပ်သိမ်းခံရပြီး ရုံးလုပ်ငန်းကို လုပ်နေရပါတယ်။ 

-ဆရာစီရင်ခဲ့တဲ့ အမှုအခြေအနေလေးတွေ ပြောပြပေးပါလား။ 
-ကျွန်တော်စီရင်ခဲ့တဲ့ အမှုက ဘာမှတော့မဟုတ်ပါဘူး။ အရမ်းရှုပ်ထွေးတဲ့ အမှုလည်း မပါဘူး။ စီရင်ခံရသူတွေကလည်း ကျေနပ်ကြတယ်။ ငွေနဲ့ ကန်တော့တာမျိုး လုပ်ဖို့ကြိုးစားတာတွေလည်း ရှိတယ်။ ဒါပေမယ့် ကျွန်တော်လုံးဝမလုပ်ဘူး။ မကျေနပ်တဲ့ သူတွေက ဒီလိုပြစ်ဒဏ်ခံရမယ့် သူတွေကို လွတ်အောင်လုပ်ပေးမယ်ဆိုပြီး တာဝန်ခံထားတဲ့ အမှုပွဲစားလိုမျိုးတွေပါ။ နိုင်စေရမယ်ဆိုပြီး လာဘ်ယူထားတဲ့ အမှုပွဲစားတွေဟာ မကျေနပ်ကြဘူး။ တရားခ့ဘက်ကလည်း ဒီလိုလူတွေအပေါ် ကျေးဇူးပြုထားတာတွေ ရှိပါလိမ့်မယ်။ သူတို့(အမှုပွဲစား) မှန်းထားသလိုအမှုကနေ ကွင်းလုံးကျွတ် လွှတ်မပေးနိုင်တဲ့အပေါ် မကျေမနပ်ဖြစ်ပြီး ၀ိုင်းဝန်း လုပ်ကြံကြတာပါ။ 
        အဂတိလိုက်စားထားသူ လူတစ်စုက မှန်ကန်စွာ တရားစီရင်သူကို ၀ိုင်းပြီး ဒုက္ခပေးကြတဲ့ သဘောပါပဲ။ ဒီလိုမှန်ကန်စွာ ၊ ရဲဝံ့စွာ တရားစီရင်တဲ့ တရားသူကြီးကိုရော ဘာက အကာအကွယ်ပေးမှာလဲ။ အခုလက်တွေ့ ကျွန်တော်ခံနေရပြီလေ။ လောလောဆယ်မှာ အရေးယူခံထား၇တယ်။ ဘယ်သူမှ ဖြေရှင်းမပေးဘူး။ တရားသူကြီးဝန်ထမ်းဆိုတာလည်း ပြည်သူပြည်သားတစ်ဦးပါပဲ။ ပြည်သူပြည်သားတိုင်းဟာ ဥပဒေအကာအကွယ်ကို ရရမယ်။ မှန်မှန်ကန်ကန် တရားစီရင်သူကို အကာအကွယ်ရေး၇မယ့်အစား ဘာအကာအကွယ်မှ မရဖြစ်နေတယ်။ အဂတိလိုက်စား ဘက်လိုက်ပြီး အနိုင်ရချင်တဲ့ အမှုပွဲစားရဲ့ လုပ်ရပ်ဟာ မှန်ကန်တဲ့တရားသူကြီးရဲ့ လုပ်ပိုင်ခွင့်တွေကို ၀င်ရောက်စွက်ဖက် နှောင့်ယှက်တဲ့ သဘောဖြစ်နေတယ်။ 
         ဥပဒေနဲ့ မညီတာလုပ်ဆောင်လို့ မရပါဘူး။ ဒီလိုသာ ၀ိုင်းဝန်းလုပ်ကြံနေမယ်ဆိုရင် ဘယ်တရားသူကြီးက တရားစီရင်ရေးမှာ ဖြောင့်မတ်နိုင်တော့မလဲ။ ပွင့်ပွင့်လင်းလင်းပြောရ၇င်  မကျေနပ်တဲ့ အမှုပွဲစားတစ်ချို့ရဲ့ လိမ်ညာတိုင်တန်းတဲ့အပေါ် စစ်ဆေးခဲ့ပြီး လုပ်ပိုင်ခွင့်တွေ ရုပ်သိမ်းခံ၇တာပါ။ တရားသူကြီးတစ်ယောက်ဖြစ်ပါလျှက် ဥပဒေရဲ့ အကာအကွယ်ကို မရသလိုဖြစ်နေတယ်။ 
  ပြသနာက ကောလဟာဟ ကျော်ဇောသတင်းဆိုတာနဲ့ တိုင်းတရားသူကြီးအမိန့်အရ စစ်ဆေးခဲ့ရတာပါ။ 

-တိုင်းတန်းစာပါ အချက်တွေနဲ့ ကွဲလွဲမှုတွေ ရှိနေတယ်ဆိုတဲ့ သဘေားဆရာ။ 
-ဟုတ်ပါတယ်။ သူတို့စွပ်စွဲတာက ကျွန်တော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အရာတော်မြို့နယ်) ဥက္ကဌနဲ့ ဆက်သွယ်တယ်၊ နောက်တစ်ခုကတရားခွင်မှာ အချိန်ပြည့် မထိုင်ဘူးဆိုတာရယ်၊ ခေါင်းပေါင်းမပေါင်းဘူး ဆိုတာရယ်ကိုပါ။ 
    အရာတော်မြို့နယ် အမျိုးသားဒိမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌနဲ့  စားနေကြ ထမင်းဆိုင်လေးမှာ တွေ့တယ်။ လူကြီးတစ်ယောက်နဲ့ စကားစမြည် ပြောတဲ့အဆင့်ပဲ။ တရားခွင်မှာ မနက်မိုးလင်းကနေ ညနေအထိစစ်တယ်။ ဘာလို့လည်းဆိုတော့ သူတို့ခဗျာ တစ်နယ်တစ်ကျေးကနေ လာရတဲ့သူတွေရှိတယ်လေ။ ခ၇ီးစ၇ိတ်တွေလည်း ရှိတယ်။ ဒါကြောင့် သက်သေဆိုရင် အကုန်စစ်ပေးတယ်။ သူတို့အလုပ်ပျက်တာ သက်သာပါစေဆိုတဲံသဘောနဲ့ပါ။ အဲဒီလို လုပ်တဲ့သူကို တရားခွင်အချိန်ပြည့် မထိုင်လို့ တိုင်တယ်တဲ့။ 

-ခေါင်းပေါင်းမပေါင်းဘူးဆိုတာကရော ဆရာ။ 
-အညာနေပူတဲ့ အချိန်မှာတော့ တစ်ခါတစ်ရံ ခေါင်းပေါင်းချွတ်ခဲ့မိတာကို ၀န်ခံပါတယ်။ 

-မဟုတ်မမှန် တိုင်တန်းတယ်လို့ ဆရာက ပြောတယ်နော်။ ဒါဆိုကိုယ်မှန်တယ်ဆိုတာကိုရော ပြန်မဖြေရှင်းဘူးလား။ 
-ဖြေရှင်းခဲ့တယ်။ ခရိုင်က တိုင်းအမိန့်နဲ့ လာစစ်တာ။ စွပ်စွဲတာတွေလည်း အဓိပ္ပာယ်မရှိဘူး။ တိုင်တဲ့သူကိုလည်း မပြနိုင်ဘူး။ ကောလဟာလ ကျော်ဇောသတင်းလို့ပဲ ပြောတယ်။ တရားသူကြီးတစ်ယောက်အနေနဲ့ ဂုဏ်သိက္ခာလည်း ဗုန်းဗုန်းကျ၊ အရေးယူတာလည်း ခံရတယ်။ 

-အခု အမှုပွဲစားအုပ်စုက မြို့နယ်တရားသူကြီးကို ပြောင်းအောင်လုပ်နိုင်တယ်ဆိုတော့ နောက်တက်လာမယ့် တရားသူကြီးကိုရောဒီလိုထပ်လုပ်နိုင်တဲ့ အနေအထားမျိုးလား။ 
-ဟုတ်တယ်။ အဲလိုပဲ။ သူတို့ကြောင့် ပြည်သူတွေနစ်နာတာတွေ ရှီတယ်။ ခေတ်အဆက်ဆက် သူတို့နှိပ်စက်ကြတာပဲ။ တရားသူကြီးကိုလည်း သူတို့က နှိပ်စက်ကြဦးမှာပဲ။ သေသေချာချာ စုံစမ်းဖော်ထုတ်သင့်တဲ့ ကိစ္စပါ။ 

-ဆ၇ာမှန်တယ်လို့ ထင်ရင် အထက်အဆင့်ဆင့်ကို ဒီကိစ္စ အမှန်ပေါ်ဖို့ တင်ပြတာမျိုးကော ရှိလားဗျ။ 
-ဌာနတွင်းတော့ တင်ပြထားတာရှိပါတယ်။ နိုင်ငံတော်သမ္မတဆီလည်း တင်ပြထားတယ်။ ခုထိ ဘာမှ ဆောင်ရွက်ပေးတာမရှိဘူး။ အဲဒီနေရာကို ကွင်းဆင်းပြီး စစ်ဆေးသင့်တယ်။ ဘယ်သူတွေ ဆိုးနေတာလဲ၊ ဘယ်သူတွေ နှောင့်ယှက်နေတာလဲဆိုတာ အမှန်အတိုင်းသိရအောင်ပါ။ 

-ဆရာ့နေရာကို ဖယ်ထုတ်ပြီး အခြားသူကို အစားထိုးချင်လို့ ဒီလိုလုပ်ဆောင်တယ်လို့ကော ထင်လားဗျ။ 
-ဒါတော့ မဟုတ်နိုင်ဘူး။ ဒီနယ်မြို့လေးကို လာချင်တဲ့သူတောင်မ၇ှိဘူး။ ဒီရုံးက ခဏတိုင်းပြသနာတက်နေတော့ ကြောက်ပြီး လာတောင်မလာရဲကြဘူး။ ကိုယ်သာ မှန်မှန်ကန်ကန် စီရင်မယ်။ မကြောက်ဘူးဆိုပြီး လာခဲ့တာ။ ကိုယ့်ကျမှ ပိုဆိုးနေတယ်။ 

-ဆရာနောက်ထပ် ပြောချင်တာများရှိရင်။ 
-ဟုတ်ကဲ့ပါ။ အခုကိစ္စ အမှုမှန်ပြန်လည်ပေါ်ပေါက်ပြီး နစ်နာတာတွေကို ပြန်လည်ဆန်းစစ်ပေးဖို့ တောင်းဆိုပါတယ်။ သမ္မတဆီ စာတင်ထားတာလည်း မထူးသေးဘူး။ နောင်ဒီလိုအမှုတွေ မှန်မှန်ကန်ကန် အမိန့်ချမှတ်နိုင်ဖို့အတွက် တရားစီရင်ရေးကို နှောင့်ယှက်နေတဲ့သူကို လည်း ဖော်ထုတ်အရေးယူသင့်တယ်လို့ မြင်ပါတယ်။ 

ဟုတ်ကဲ့။ အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျ။
  
တရားသူကြီး ဦးမင်းသော်ထွေး အကြောင်းရေးဖို့ ခွင့်တောင်းတော့ အစက သူငြင်းပါတယ်။ သူ့အထက်အရာရှိတွေကို ခွင့်တောင်းပြီးမှ ဖြေတာကောင်းမယ်ထင်တယ်လို့လည်း ပြောတယ်။ မီဒီယာတွေမှာ ပွင့်လင်းစွာ ပြောကြားနိုင်ကြောင်း ရှင်းပြတော့မှ သူဖြေကြားဖို့ သဘောတူတယ်။ အကြောက်တရားတွေ ဖြစ်နေတာက သူအနေအထိုင်မှန်ပေမယ့် အထက်က အရေးယူထားလို့ ဖြစ်ပါတယ်။ သူနဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပုံကို ဖော်ပြပေးလိုက်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ၊ အရာတော်မြို့နယ်မှာ တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ဲ့သူ ဦးမင်းသော်ထွေးနှင့် တွေ့ဆုံခြင်း

ဆရာ အခုလက်ရှိလုပ်ကိုင်နေတဲ့ရာထူးကို ပြောပေးပါဦး။

စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးရုံးမှာ ဒုဦးစီးအနေနဲ့ လုပ်ကိုင်နေပါတယ်။ မြို့နယ်တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ရာကနေ အခု အမှုမစစ်ရတော့ဘဲ တိုင်းရုံးရဲ့ဦးစီးလုပ်ငန်း။ ရုံးလုပ်ငန်းတွေကို လုပ်နေပါတယ်။

-ဒါဆိုဆရာက တရားသူကြီးဖြစ်ပြီး အမှုမစစ်ရဘူးပေါ့။ 

-ဟုတ်ပါတယ်။ အမှုမစစ်ရတော့ပါဘူး။

-ဆရာ့ကို အထက်က ခုံဖွဲ့စစ်တယ်လို့ သိရပါတယ်။ အဲဒါနည်းနည်းလောက် ပြောပြပေလို့ ရမလား။ 

-နိုင်ငံတော်အစိုးရကလည်း သန့်ရှင်းဖို့၊ အဂတိမလိုက်စားဖို့ ၊ တရားသူကြီးတွေ မှန်မှန်ကန်ကန်တရားစီရင်ဖို့ ၊ တရားမျှတဖို့ ပြောနေတယ်။ အဓိက က လာဘ်ပေးလာဘ်ယူ မလုပ်ဖို့ ဆိုတာပါပဲ။ အားလုံးကလည်း ပြောနေကြတာပါပဲ။ နိုင်ငံတော်သမ္မတ က အစပေါ့။ သတင်းစာထဲမှာလည်း ရေးတယ်။ ဌာနတွေမှာလည်း ညွှန်ကြားတယ်။ 

တရားသူကြီးချုပ်အပါအ၀င် တိုင်းခရိုင်အဆင့်တွေမှာလည်း ပြောကြားထားတယ်။ ကျွန်တော်တို့လည်း အဲဒီကျင့်စဉ်နဲ့ အညီနေလာခဲ့ကြတယ်။ ကြိုးစားတယ်။ ကိုယ်တိုင်လည်း မှန်မှန်ကန်ကန် တရားစီရင်ခဲ့တယ်။ အကျင့်ပျက်လာဘ်စားတာလည်း မလုပ်ခဲ့ဘူး။ 

ဒါပေမယ့် မှန်ကန်စွာ နေထိုင်ပြီး မှန်ကန်စွာ စီရင်ဆုံးဖြတ်ခဲ့တဲ့ ကျွန်တော့ကို မြို့နယ်တရားသူကြီး အနေနဲ့ အမှုစီရင်ရာကနေ ခရိုင်ကခုံဖွဲ့စစ်ပြီး အခုလိုလုပ်ပိုင်ခွင့်တွေ ရုပ်သိမ်းခံရပြီး ရုံးလုပ်ငန်းကို လုပ်နေရပါတယ်။

-ဆရာစီရင်ခဲ့တဲ့ အမှုအခြေအနေလေးတွေ ပြောပြပေးပါလား။ 

-ကျွန်တော်စီရင်ခဲ့တဲ့ အမှုက ဘာမှတော့မဟုတ်ပါဘူး။ အရမ်းရှုပ်ထွေးတဲ့ အမှုလည်း မပါဘူး။ စီရင်ခံရသူတွေကလည်း ကျေနပ်ကြတယ်။ ငွေနဲ့ ကန်တော့တာမျိုး လုပ်ဖို့ကြိုးစားတာတွေလည်း ရှိတယ်။ ဒါပေမယ့် ကျွန်တော်လုံးဝမလုပ်ဘူး။ မကျေနပ်တဲ့ သူတွေက ဒီလိုပြစ်ဒဏ်ခံရမယ့် သူတွေကို လွတ်အောင်လုပ်ပေးမယ်ဆိုပြီး တာဝန်ခံထားတဲ့ အမှုပွဲစားလိုမျိုးတွေပါ။ 

 နိုင်စေရမယ်ဆိုပြီး လာဘ်ယူထားတဲ့ အမှုပွဲစားတွေဟာ မကျေနပ်ကြဘူး။ တရားခ့ဘက်ကလည်း ဒီလိုလူတွေအပေါ် ကျေးဇူးပြုထားတာတွေ ရှိပါလိမ့်မယ်။ သူတို့(အမှုပွဲစား) မှန်းထားသလိုအမှုကနေ ကွင်းလုံးကျွတ် လွှတ်မပေးနိုင်တဲ့အပေါ် မကျေမနပ်ဖြစ်ပြီး ၀ိုင်းဝန်း လုပ်ကြံကြတာပါ။ 

အဂတိလိုက်စားထားသူ လူတစ်စုက မှန်ကန်စွာ တရားစီရင်သူကို ၀ိုင်းပြီး ဒုက္ခပေးကြတဲ့ သဘောပါပဲ။ ဒီလိုမှန်ကန်စွာ ၊ ရဲဝံ့စွာ တရားစီရင်တဲ့ တရားသူကြီးကိုရော ဘာက အကာအကွယ်ပေးမှာလဲ။ အခုလက်တွေ့ ကျွန်တော်ခံနေရပြီလေ။ လောလောဆယ်မှာ အရေးယူခံထား၇တယ်။ ဘယ်သူမှဖြေရှင်းမပေးဘူး။ တရားသူကြီးဝန်ထမ်းဆိုတာလည်း ပြည်သူပြည်သားတစ်ဦးပါပဲ။

 ပြည်သူပြည်သားတိုင်းဟာ ဥပဒေအကာအကွယ်ကို ရရမယ်။ မှန်မှန်ကန်ကန် တရားစီရင်သူကို အကာအကွယ်ရေး၇မယ့်အစား ဘာအကာအကွယ်မှ မရဖြစ်နေတယ်။ အဂတိလိုက်စား ဘက်လိုက်ပြီး အနိုင်ရချင်တဲ့ အမှုပွဲစားရဲ့ လုပ်ရပ်ဟာ မှန်ကန်တဲ့တရားသူကြီးရဲ့ လုပ်ပိုင်ခွင့်တွေကို ၀င်ရောက်စွက်ဖက် နှောင့်ယှက်တဲ့ သဘောဖြစ်နေတယ်။ 

ဥပဒေနဲ့ မညီတာလုပ်ဆောင်လို့ မရပါဘူး။ ဒီလိုသာ ၀ိုင်းဝန်းလုပ်ကြံနေမယ်ဆိုရင် ဘယ်တရားသူကြီးက တရားစီရင်ရေးမှာ ဖြောင့်မတ်နိုင်တော့မလဲ။ ပွင့်ပွင့်လင်းလင်းပြောရ၇င် မကျေနပ်တဲ့ အမှုပွဲစားတစ်ချို့ရဲ့ လိမ်ညာတိုင်တန်းတဲ့အပေါ်စစ်ဆေးခဲ့ပြီးလုပ်ပိုင်ခွင့်တွေရုပ်သိမ်းခံ၇တာပါ။ တရားသူကြီးတစ်ယောက်ဖြစ်ပါ
လျှက် ဥပဒေရဲ့ အကာအကွယ်ကို မရသလိုဖြစ်နေတယ်။ ပြသနာက ကောလဟာဟ ကျော်ဇောသတင်းဆို
တာနဲ့ တိုင်းတရားသူကြီးအမိန့်အရ စစ်ဆေးခဲ့ရတာပါ။

-တိုင်းတန်းစာပါ အချက်တွေနဲ့ ကွဲလွဲမှုတွေ ရှိနေတယ်ဆိုတဲ့ သဘောလားဆရာ။ 

-ဟုတ်ပါတယ်။ သူတို့စွပ်စွဲတာက ကျွန်တော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အရာတော်မြို့နယ်) ဥက္ကဌနဲ့ ဆက်သွယ်တယ်၊ နောက်တစ်ခုကတရားခွင်မှာ အချိန်ပြည့် မထိုင်ဘူးဆိုတာရယ်၊ ခေါင်းပေါင်းမပေါင်းဘူး ဆိုတာရယ်ကိုပါ။ 

အရာတော်မြို့နယ် အမျိုးသားဒိမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌနဲ့ စားနေကြ ထမင်းဆိုင်လေးမှာ တွေ့တယ်။ လူကြီးတစ်ယောက်နဲ့စကားစမြည် ပြောတဲ့အဆင့်ပဲ။ တရားခွင်မှာ မနက်မိုးလင်းကနေ ညနေအထိစစ်တယ်။ ဘာလို့လည်းဆိုတော့သူတို့ခဗျာတစ်နယ်တစ်ကျေးကနေ လာရတဲ့သူတွေရှိတယ်လေ။ ခ၇ီးစ၇ိတ်တွေလည်း ရှိတယ်။ဒါကြောင့်သက်သေဆိုရင်အကုန်စစ်ပေးတယ်။သူတို့အလုပ်ပျက်တာ သက်သာပါစေဆိုတဲံသဘော
နဲ့ပါ။ အဲဒီလို လုပ်တဲ့သူကို တရားခွင်အချိန်ပြည့် မထိုင်လို့ တိုင်တယ်တဲ့။

-ခေါင်းပေါင်းမပေါင်းဘူးဆိုတာကရော ဆရာ။ 

-အညာနေပူတဲ့ အချိန်မှာတော့ တစ်ခါတစ်ရံ ခေါင်းပေါင်းချွတ်ခဲ့မိတာကို ၀န်ခံပါတယ်။

-မဟုတ်မမှန်တိုင်တန်းတယ်လို့ဆရာကပြောတယ်နော်။ ဒါဆိုကိုယ်မှန်တယ်ဆိုတာကိုရော ပြန်မဖြေရှင်းဘူး
လား။ 

-ဖြေရှင်းခဲ့တယ်။ ခရိုင်က တိုင်းအမိန့်နဲ့ လာစစ်တာ။ စွပ်စွဲတာတွေလည်း အဓိပ္ပာယ်မရှိဘူး။ တိုင်တဲ့သူကိုလည်း မပြနိုင်ဘူး။ ကောလဟာလ ကျော်ဇောသတင်းလို့ပဲ ပြောတယ်။ တရားသူကြီးတစ်ယောက်အနေနဲ့ ဂုဏ်သိက္ခာလည်း ဗုန်းဗုန်းကျ၊ အရေးယူတာလည်း ခံရတယ်။

-အခု အမှုပွဲစားအုပ်စုက မြို့နယ်တရားသူကြီးကို ပြောင်းအောင်လုပ်နိုင်တယ်ဆိုတော့ နောက်တက်လာမယ့် တရားသူကြီးကိုရောဒီလိုထပ်လုပ်နိုင်တဲ့ အနေအထားမျိုးလား။ 

-ဟုတ်တယ်။ အဲလိုပဲ။ သူတို့ကြောင့် ပြည်သူတွေနစ်နာတာတွေ ရှီတယ်။ ခေတ်အဆက်ဆက် သူတို့နှိပ်စက်ကြတာပဲ။ တရားသူကြီးကိုလည်း သူတို့က နှိပ်စက်ကြဦးမှာပဲ။ သေသေချာချာ စုံစမ်းဖော်ထုတ်သင့်တဲ့ ကိစ္စပါ။

-ဆ၇ာမှန်တယ်လို့ ထင်ရင် အထက်အဆင့်ဆင့်ကို ဒီကိစ္စ အမှန်ပေါ်ဖို့ တင်ပြတာမျိုးကော ရှိလားဗျ။ 

-ဌာနတွင်းတော့တင်ပြထားတာရှိပါတယ်။နိုင်ငံတော်သမ္မတဆီလည်းတင်ပြထားတယ်။ခုထိ ဘာမှ ဆောင်
ရွက်ပေးတာမရှိဘူး။အဲဒီနေရာကို ကွင်းဆင်းပြီး စစ်ဆေးသင့်တယ်။ ဘယ်သူတွေ ဆိုးနေတာလဲ၊ ဘယ်သူတွေ နှောင့်ယှက်နေတာလဲဆိုတာ အမှန်အတိုင်းသိရအောင်ပါ။

-ဆရာ့နေရာကို ဖယ်ထုတ်ပြီး အခြားသူကို အစားထိုးချင်လို့ ဒီလိုလုပ်ဆောင်တယ်လို့ကော ထင်လားဗျ။ 

-ဒါတော့မဟုတ်နိုင်ဘူး။ဒီနယ်မြို့လေးကိုလာချင်တဲ့သူတောင်မ၇ှိဘူး။ဒီရုံးက ခဏတိုင်းပြသနာတက်နေ
တော့ ကြောက်ပြီး လာတောင်မလာရဲကြဘူး။ ကိုယ်သာ မှန်မှန်ကန်ကန် စီရင်မယ်။ မကြောက်ဘူးဆိုပြီး လာခဲ့တာ။ ကိုယ့်ကျမှ ပိုဆိုးနေတယ်။

-ဆရာနောက်ထပ် ပြောချင်တာများရှိရင်။ 

-ဟုတ်ကဲ့ပါ။အခုကိစ္စအမှုမှန်ပြန်လည်ပေါ်ပေါက်ပြီး နစ်နာတာတွေကို ပြန်လည်ဆန်းစစ်ပေးဖို့ တောင်းဆိုပါ
တယ်။သမ္မတဆီစာတင်ထားတာလည်းမထူးသေးဘူး။နောင်ဒီလိုအမှုတွေမှန်မှန်ကန်ကန် အမိန့်ချမှတ်နိုင်
ဖို့အတွက် တရားစီရင်ရေးကို နှောင့်ယှက်နေတဲ့သူကို လည်း ဖော်ထုတ်အရေးယူသင့်တယ်လို့ မြင်ပါတယ်။

ဟုတ်ကဲ့။ အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျ။


မန္တလေးခေတ်

0 comments:

Post a Comment