Pages

Sunday, February 10, 2013

လူငယ်တစ်ဦးကို ရဲနှစ်ဦးနှင့် သတင်းပေးတစ်ဦးက လက်ထိပ်ခတ်၍ ကန်ကျောက်ကာ ရဲသတင်းပေးလုပ်ရန်ပြောဆို

လူငယ်တစ်ဦးကို ရဲနှစ်ဦးနှင့် သတင်းပေးတစ်ဦးက လက်ထိပ်ခတ်၍ ကန်ကျောက်ကာ ရဲသတင်းပေးလုပ်ရန်ပြောဆို

February 10, 2013

သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်နေ အသက်(၁၇)နှစ် အရွယ်ရှိ မောင်သက္ကသည် ဇန်န ၀ါရီ ၂၆ ရက် နေ့လယ် ၁ နာရီတွင် ငမိုးရိပ်(၃)လမ်းထိပ်ရှိ ကောင်းမွန်လက်ဖက်ရည်ဆိုင်၌ သူငယ်ချင်းဖြစ်သူနှင့် ထိုင်နေစဉ် ရဲတပ်ဖွဲ့ဝင်နှစ်ဦးနှင့် ရဲသတင်းပေး တစ်ဦးတို့က ၎င်းကို အဆိုပါ လက်ဖက်ရည်ဆိုင်၌ပင် လက်ထိပ်ခတ်၍ ကန်ကျောက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“ကျွန်တော်က ဘာလို့ဖမ်းတာလဲ၊ ဘာကြောင့် လက်ထိပ်ခတ်တာလဲ ဆိုတော့ ရဲတပ်သား ဇော်ခင်က မင်းကို တိုင်ထားတဲ့သူရှိလို့ ဖမ်းတာဆိုပြီး ကျွန်တော့် ညာခြေထောက်ကို တစ်ချက်ကန်တယ်။ ပြီးတော့ ကျွန်တော်နေတဲ့ ရပ်ကွက်မဟုတ်တဲ့ ကြီးပွားရေး ရပ်ကွက်ရုံးကို ခေါ်သွားတယ်။ 
ပြီးတော့ ကျွန်တော့်ကို သူတို့က မင်းတို့ရပ်ကွက်ထဲမှာ နှစ်လုံး၊ သုံးလုံး ရောင်းစားသူတွေ၊ ခါးပိုက်နှိုက်၊ သူခိုးပြစ်မှု ကျူးလွန်သူများကို သတင်းပေးရမယ်။ ငါတို့ ငွေကြေးထောက်ပံ့ပေးမယ် လို့ ပြောတယ်” ဟု မောင်သက္ကက ပြောသည်။

ယခုကဲ့သို့ ပြုလုပ်ခဲ့သူ ရဲတပ်ဖွဲ့ဝင်နှစ်ဦးနှင့် ရဲသတင်းပေးတစ်ဦးတို့ကို ဖမ်းဆီးထားပြီး ရဲစည်းကမ်းနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ရဲစခန်းမှ စုံစမ်းသိရှိရသည်။ 

“အဓိကကတော့ တရားဥပဒေစိုးမိုးမှု မရှိတာပဲ။ ဒီလိုမျိုးပြဿနာတွေက မရှိသင့်တော့ပါဘူး။ အဲဒါကို လူမြင်ကွင်းမှာ လက်ထိပ်ခတ်ပြီး ဖမ်းတယ်။ ရဲသတင်းပေး လုပ်ခိုင်းတယ်။ ဒါမျိုးတွေက တရားဥပဒေ စိုးမိုးရေး မရှိလို့ ဖြစ်ရတာပါ” ဟု အဆိုပါဖြစ်စဉ်အား လိုက်ပါကူညီဆောင်ရွက်ပေးသူ ကိုမင်းမင်းက ပြောသည်။

ဘိုဘိုမင်း

by ဦးနှောက်မှ မရှိတာကိုး

February 10, 2013

သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်နေ အသက်(၁၇)နှစ် အရွယ်ရှိ မောင်သက္ကသည် ဇန်န ၀ါရီ ၂၆ ရက် နေ့လယ် ၁ နာရီတွင် ငမိုးရိပ်(၃)လမ်းထိပ်ရှိ ကောင်းမွန်လက်ဖက်ရည်ဆိုင်၌ သူငယ်ချင်းဖြစ်သူနှင့် ထိုင်နေစဉ် ရဲတပ်ဖွဲ့ဝင်နှစ်ဦးနှင့် ရဲသတင်းပေး တစ်ဦးတို့က ၎င်းကို အဆိုပါ လက်ဖက်ရည်ဆိုင်၌ပင် လက်ထိပ်ခတ်၍ ကန်ကျောက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ “ကျွန်တော်က ဘာလို့ဖမ်းတာလဲ၊ ဘာကြောင့် လက်ထိပ်ခတ်တာလဲ ဆိုတော့ ရဲတပ်သား ဇော်ခင်က မင်းကို တိုင်ထားတဲ့သူရှိလို့ ဖမ်းတာဆိုပြီး ကျွန်တော့် ညာခြေထောက်ကို တစ်ချက်ကန်တယ်။ ပြီးတော့ ကျွန်တော်နေတဲ့ ရပ်ကွက်မဟုတ်တဲ့ ကြီးပွားရေး ရပ်ကွက်ရုံးကို ခေါ်သွားတယ်။

ပြီးတော့ ကျွန်တော့်ကို သူတို့က မင်းတို့ရပ်ကွက်ထဲမှာ နှစ်လုံး၊ သုံးလုံး ရောင်းစားသူတွေ၊ ခါးပိုက်နှိုက်၊ သူခိုးပြစ်မှု ကျူးလွန်သူများကို သတင်းပေးရမယ်။ ငါတို့ ငွေကြေးထောက်ပံ့ပေးမယ် လို့ ပြောတယ်” ဟု မောင်သက္ကက ပြောသည်။

ယခုကဲ့သို့ ပြုလုပ်ခဲ့သူ ရဲတပ်ဖွဲ့ဝင်နှစ်ဦးနှင့် ရဲသတင်းပေးတစ်ဦးတို့ကို ဖမ်းဆီးထားပြီး ရဲစည်းကမ်းနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ရဲစခန်းမှ စုံစမ်းသိရှိရသည်။

“အဓိကကတော့ တရားဥပဒေစိုးမိုးမှု မရှိတာပဲ။ ဒီလိုမျိုးပြဿနာတွေက မရှိသင့်တော့ပါဘူး။ အဲဒါကို လူမြင်ကွင်းမှာ လက်ထိပ်ခတ်ပြီး ဖမ်းတယ်။ ရဲသတင်းပေး လုပ်ခိုင်းတယ်။ ဒါမျိုးတွေက တရားဥပဒေ စိုးမိုးရေး မရှိလို့ ဖြစ်ရတာပါ” ဟု အဆိုပါဖြစ်စဉ်အား လိုက်ပါကူညီဆောင်ရွက်ပေးသူ ကိုမင်းမင်းက ပြောသည်။

ဘိုဘိုမင်း

0 comments:

Post a Comment