Pages

Sunday, February 10, 2013

Max Myanmar ကုမ္မဏီပိုင် ငွေကောက်သည့် ဂိတ်ကြောင့် သန်လျင် မြို့ ခရီးသွားများ ဒုက္ခရောက်နေ...

Max Myanmar ကုမ္မဏီပိုင်  ငွေကောက်သည့် ဂိတ်ကြောင့် သန်လျင် မြို့  ခရီးသွားများ ဒုက္ခရောက်နေ...

မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ အဝေးပြေးကားလမ်းများတွင် မြို့ဝင်ကြေး (ဘီးခွန်) ကောက်ခံခြင်း၊ လမ်း/ တံတား အသုံးပြုခွင့် ကောက်ခံခြင်း လုပ်ငန်းများကို အစိုးရ ဌါနများထံမှ လုပ်ပိုင်ခွင့် ပါမစ်ရယူပြီး တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နေသော Max Myanmar ကုမ္မဏီပိုင် ဂိတ်တစ်ဂိတ်ကြောင့် သန်လျင်မြို့ရှိ ခရီးသွားများ အခက်ကြုံနေရကြောင်း သိရသည်။
 
လွန်ခဲ့သော ၂၀၁၂ ခုနှစ် အကုန်အထိ 
ရန်ကုန်- သန်လျှင် မြို့ဝင်ကြေး နှင့် လမ်းတံတား အသုံးပြုခ ဂိတ်ကို ရန်ကုန်မှ သန်လျင် အ၀င်ကောက်ခံရေးအတွက် ရန်ကုန် - သန်လျင် တံတား ထိပ်တွင် စုပေါင်း ကောက်ခံလေ့ရှိပြီး ကျိုက်ခေါက် ဘုရားဖက် မြို့ဝင်ဂိတ်ကိုမူ အောင်ချမ်းသာ ရပ်ကွက် ထိပ်တွင် ကောက်ခံခဲ့သည်။

၂၀၁၃ ခုနှစ် အစ တွင်မူ မြန်မာ့မီးရထားမှ ချထားပေးသော ရန်ကုန် - သန်လျင် တံတား အသုံးပြုခကို ရွှေထမင်းရှင် ကုမ္မဏီက လုပ်ပိုင်ခွင့် ရရှိသွားသောကြောင့် Max Myanmar ကုမ္မဏီ အနေဖြင့် ဂိတ်အရွှေ့ အပြောင်းလုပ်ခဲ့ရာ ရန်ကုန်မှ သန်လျှင် အသွား မြို့ဝင်ကြေး ကောက်ဂိတ်စခန်း နှင့် လမ်းအသုံးပြုခ ကောက်ခံရေး စခန်း ကို ယခင်နေရာတွင် ကောက်ခံသော်လည်း ကျောက်တန်းဘက် မှ  သန်လျင် အ၀င် ဂိတ်ကိုမူ အောင်ချမ်းသာ အကျော် တွင် ကောက်ခံလျက်ရှိရာ အသွားအပြန် နှစ်ကြောင်း စလုံး အတွက် ငွေကောက်ခံလျှက် ရှိသောကြောင့် လမ်းကြောင်း ပိတ်ဆို့မှု များ ဖြစ်ပေါ်နေပြီး အဆိုပါ မြို့ဝင်ကြေး နှင့် လမ်းအသုံးပြုခ ပေးဆောင်ရန် တစ်မိုင်နီးပါးခန့် တန်းစီစောင့်ရသည့် အနေအထားအထိ ဖြစ်ပေါ်နေပြီး နေ့လည် နေပူပြင်းသည့် အချိန်မျိုးတွင်မူ ကားပေါ်ရှိ ခရီးသွားများမှာ မူးမော် လဲကျသည်အထိ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

"လွန်ခဲ့တဲ့ လလောက်ကမှ စဖွင့်တဲ့ အဲ့ဒီဂိတ်ဟာ တောင်ကုန်းထိပ်မှာ ဖွင့်ထားတယ်။ ကားနှစ်စီးဘဲ သွားလို့ရတဲ့ လမ်းတောင်ကုန်းထိပ်မှာ ဟိုဖက် ဒီဖက် ပိတ်ပြီး ငွေကောက်တော့ ကျော်တက်တဲ့ကားက ရှေ့က ကားလာနေလား ဆိုတာလဲ မသိရ ရမ်းကျော်တော့ အသက် အန္တရာယ်တွေလည်း ဖြစ်နိုင်တယ်။ ပိုဆိုးတာက စည်/ပင် နယ်နမိတ် အတွင်းမှာ မြို့ဝင်ကြေးဂိတ်စခန်း လာဖွင့်ထားတော့ ဂိတ်နားနေတဲ့သူတွေ အိမ်ပြန်လဲ ပေးရ အိမ်ကထွက်လဲ ပေးရ နဲ့ အတော် ဒုက္ခရောက်တယ်။ သူတို့ကတော့ များများရတာပေါ့။ ပေးရတာထက် ပေးဖို့ စောင့်ရတဲ့ ဒုက္ခကို ပိုစိတ်ပျက်တယ်။" ဟု အောင်ချမ်းသာ ကုန်းနေ တက္ကစီ ကားသမား ဦးသိန်းလှ က ပြောသည်။

Max Myanmar ကုမ္မဏီင်္ အနေဖြင့် Lite Ace ကားတစ်စီးလျင် ရန်ကုန်- သံလျင် မြို့ဝင်ကြေး ၁၅၀ ကျပ်၊ (၂၀၀ တန်ပေးလျင် အကြွေပြန်မအမ်း)၊ အောင်ချမ်းသာ ဂိတ် (သန်လျင် အထွက်) လမ်းအသုံးပြုခ အတွက် ၂၀၀ ကျပ်၊ ကျိုက်ခေါက် ဘုရားအနီး အောင်ချမ်းသာ ဂိတ်မှ သန်လျင် အ၀င် မြို့ဝင်ကြေး နှင့် လမ်းအသုံးပြုခ အတွက် ၃၀၀ ကျပ် ကောက်ခံလျက် ရှိသည်။

ဓါတ်ပုံ အညွန်း - ကျိုက်ခေါက်ဘုရား ဘက်မှ သန်လျင် သို့ အ၀င်ကားများ မြို့ဝင်ကြေး ပေးဆောင်သွားလာနိုင်ရေး တန်းစီ စောင့်ဆိုင်နေရစဉ်.. (သီလ၀ါ လမ်းဆုံ)

Zaw Lwin Win
ဓါတ်ပုံ အညွန်း - ကျိုက်ခေါက်ဘုရား ဘက်မှ သန်လျင် သို့ အ၀င်ကားများ မြို့ဝင်ကြေး ပေးဆောင်သွားလာနိုင်ရေး တန်းစီ စောင့်ဆိုင်နေရစဉ်.. (သီလ၀ါ လမ်းဆုံ)
မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ အဝေးပြေးကားလမ်းများတွင် မြို့ဝင်ကြေး (ဘီးခွန်) ကောက်ခံခြင်း၊ လမ်း/ တံတား အသုံးပြုခွင့် ကောက်ခံခြင်း လုပ်ငန်းများကို အစိုးရ ဌါနများထံမှ လုပ်ပိုင်ခွင့် ပါမစ်ရယူပြီး တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နေသော Max Myanmar ကုမ္မဏီပိုင် ဂိတ်တစ်ဂိတ်ကြောင့် သန်လျင်မြို့ရှိ ခရီးသွားများ အခက်ကြုံနေရကြောင်း သိရသည်။ လွန်ခဲ့သော ၂၀၁၂ ခုနှစ် အကုန်အထိ ရန်ကုန်- သန်လျှင် မြို့ဝင်ကြေး နှင့် လမ်းတံတား အသုံးပြုခ ဂိတ်ကို
ရန်ကုန်မှသန်လျင်အ၀င်ကောက်ခံရေးအတွက်ရန်ကုန်-န်လျင်တံတားထိပ်တွင် စုပေါင်း ကောက်ခံလေ့
ရှိပြီး ကျိုက်ခေါက် ဘုရားဖက် မြို့ဝင်ဂိတ်ကိုမူ အောင်ချမ်းသာ ရပ်ကွက် ထိပ်တွင် ကောက်ခံခဲ့သည်။

၂၀၁၃ ခုနှစ် အစ တွင်မူ မြန်မာ့မီးရထားမှ ချထားပေးသော ရန်ကုန် - သန်လျင် တံတား အသုံးပြုခကို ရွှေထမင်းရှင် ကုမ္မဏီက လုပ်ပိုင်ခွင့် ရရှိသွားသောကြောင့် Max Myanmar ကုမ္မဏီ အနေဖြင့် ဂိတ်အရွှေ့ အပြောင်းလုပ်ခဲ့ရာ ရန်ကုန်မှ သန်လျှင် အသွား မြို့ဝင်ကြေး ကောက်ဂိတ်စခန်း နှင့် လမ်းအသုံးပြုခ ကောက်ခံရေး စခန်း ကို ယခင်နေရာတွင် ကောက်ခံသော်လည်း ကျောက်တန်းဘက် မှ သန်လျင် အ၀င် ဂိတ်ကိုမူ အောင်ချမ်းသာ အကျော် တွင် ကောက်ခံလျက်ရှိရာ အသွားအပြန် နှစ်ကြောင်း စလုံး အတွက် ငွေကောက်ခံလျှက် ရှိသောကြောင့် လမ်းကြောင်း ပိတ်ဆို့မှု များ ဖြစ်ပေါ်နေပြီး အဆိုပါ မြို့ဝင်ကြေး နှင့် လမ်းအသုံးပြုခ ပေးဆောင်ရန် တစ်မိုင်နီးပါးခန့် တန်းစီစောင့်ရသည့် အနေအထားအထိ ဖြစ်ပေါ်နေပြီး နေ့လည် နေပူပြင်းသည့် အချိန်မျိုးတွင်မူ ကားပေါ်ရှိ ခရီးသွားများမှာ မူးမော် လဲကျသည်အထိ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

"လွန်ခဲ့တဲ့ လလောက်ကမှ စဖွင့်တဲ့ အဲ့ဒီဂိတ်ဟာ တောင်ကုန်းထိပ်မှာ ဖွင့်ထားတယ်။ ကားနှစ်စီးဘဲ သွားလို့ရတဲ့လမ်းတောင်ကုန်းထိပ်မှာဟိုဖက် ဒီဖက် ပိတ်ပြီး ငွေကောက်တော့ ကျော်တက်တဲ့ကားက ရှေ့က ကားလာနေလား ဆိုတာလဲ မသိရ ရမ်းကျော်တော့ အသက် အန္တရာယ်တွေလည်း ဖြစ်နိုင်တယ်။ ပိုဆိုးတာက စည်/ပင် နယ်နမိတ် အတွင်းမှာ မြို့ဝင်ကြေးဂိတ်စခန်း လာဖွင့်ထားတော့ ဂိတ်နားနေတဲ့သူတွေ အိမ်ပြန်လဲ ပေးရ အိမ်ကထွက်လဲ ပေးရ နဲ့ အတော် ဒုက္ခရောက်တယ်။ 
 
သူတို့ကတော့ များများရတာပေါ့။ ပေးရတာထက် ပေးဖို့ စောင့်ရတဲ့ ဒုက္ခကို ပိုစိတ်ပျက်တယ်။" ဟု အောင်ချမ်းသာ ကုန်းနေ တက္ကစီ ကားသမား ဦးသိန်းလှ က ပြောသည်။

Max Myanmar ကုမ္မဏီင်္ အနေဖြင့် Lite Ace ကားတစ်စီးလျင် ရန်ကုန်- သံလျင် မြို့ဝင်ကြေး ၁၅၀ ကျပ်၊ (၂၀၀ တန်ပေးလျင် အကြွေပြန်မအမ်း)၊ အောင်ချမ်းသာ ဂိတ် (သန်လျင် အထွက်) လမ်းအသုံးပြုခ အတွက် ၂၀၀ ကျပ်၊ ကျိုက်ခေါက် ဘုရားအနီး အောင်ချမ်းသာ ဂိတ်မှ သန်လျင် အ၀င် မြို့ဝင်ကြေး နှင့် လမ်းအသုံးပြုခ အတွက် ၃၀၀ ကျပ် ကောက်ခံလျက် ရှိသည်။


Zaw Lwin Win

0 comments:

Post a Comment