Pages

Saturday, November 9, 2013

" ဆီးဂိမ်း အားကစား သမားတွေ အတွက် အနုပညာနဲ့ ကူညီအားဖြည့်ပေးတဲ့ ဒါရိုက်တာ ကျော်နှင်းဆီ"

Photo: " ဆီးဂိမ်း အားကစား သမားတွေ အတွက် အနုပညာနဲ့ 
ကူညီအားဖြည့်ပေးတဲ့ ဒါရိုက်တာ ကျော်နှင်းဆီ"
Saturday, November 09, 2013 

မကြာခင် မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် ကျင်းပတော့မယ့် ဆီးဂိမ်း အား ကစားပြိုင်ပွဲ အတွက် အနုပညာရှင်တွေ ကလည်း တစ်ဖက် တစ်လမ်းက ကူညီ နေကြပါတယ်။ ဒါရိုက်တာ ကျော်နှင်း ဆီက မြန်မာ အားကစားသမားတွေ အတွက် ဂုဏ်ပြု သီဆိုထားတဲ့ တေးရေး၊ တေးဆို အာကာကျော် ရဲ့ “ရွှေခေတ်ရောက်ခဲ့ပြီ” သီချင်းကို ရိုက်ကူး ပုံဖော်ခဲ့ပါတယ်။

ဆီးဂိမ်းအတွက် အနုပညာနဲ့ အားဖြည့် ကူညီခဲ့တဲ့ ဒါရိုက်တာ ကျော်နှင်းဆီက “သီချင်းက မြန်မာနိုင်ဖို့ အတွက်ကိုပဲ ရေးစပ်ထားတာ။ ဘယ်အားကစား လာလာ၊ ဘယ် တိုင်းပြည်ကို ပဲ သွားသွား၊ မြန်မာကို သီးသန့် ကိုယ်စားပြုထားတဲ့ သီချင်းဖြစ်တော့ ကျွန်မက ရိုက်ကူးတဲ့ခါမှာ မြန်မာအလံ အရောင်တွေပဲ သုံးထားတယ်။ အက အဖွဲ့တွေရော၊ ပါဝင် သရုပ်ဆောင်တဲ့ ကလေးတွေရော၊ အလံ ကိုယ်စားပြု အရောင်တွေပဲ သုံးထားတယ်။ ကျွန်မတို့က အားကစားကို ရိုက်ဖို့လည်း အဆင်မပြေတော့ ပါဖောမန့်တွေ နဲ့ အကသမားတွေ ဘောလုံးကန်တဲ့ ပုံစံ၊ အပြေးသမားတွေရဲ့ ပါဖောမန့်ပုံစံ၊ အားပေးတဲ့သူတွေနဲ့ တီးဝိုင်း band တွေနဲ့ ဆန်းဆန်းလေး ရိုက်ကူးထားပါ တယ်” လို့ ပြောပါတယ်။ မြန်မာနိုင်ငံသား တစ်ဦးအနေနဲ့ ဆီးဂိမ်းမှာ ယှဉ်ပြိုင်မယ့် မြန်မာ အားကစားသမားတွေ အပေါ် ဒါရိုက်တာ ကျော်နှင်းဆီက..

“အတ္တကြီးတယ်ပဲပြောပြော၊ ကိုယ့်မြန်မာပဲ နိုင်စေချင်တာပေါ့။ ကိုယ့်နိုင်ငံ မှာပဲ လုပ်လုပ်၊ သူများ နိုင်ငံမှာပဲ လုပ်လုပ် ပြိုင်ပွဲဝင်ပြီ ဆိုရင်တော့ မြန်မာပဲ နိုင်စေချင်တယ်။ ဆီးဂိမ်း အားကစား ပြိုင်ပွဲကိုလည်း တအား စိတ်ဝင်စားပါတယ်။ ဒီပွဲကြီးက မြန်မာနိုင်ငံမှာ လုပ်တာ ဆိုတော့ စိုးရိမ်မိ တယ်။ ကိုယ့်နိုင်ငံမှာ လာပြိုင်တာ ဖြစ်တဲ့တွက် ဧည့်သည်တွေကို ဧည့်ဝတ် ကျေပါ့မလားလို့ တွေးမိတယ်။ ကိုယ့်နိုင်ငံက အိမ်ရှင်ဖြစ်တဲ့ အတွက်လည်း ကျေနပ်ဂုဏ် ယူမိပါတယ်”လို့ ပြောပါတယ်။

Popular Journal

RangonNewsDaily:: November . 9 .2013
မကြာခင် မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် ကျင်းပတော့မယ့် ဆီးဂိမ်း အား ကစားပြိုင်ပွဲ အတွက် အနုပညာရှင်တွေ ကလည်း တစ်ဖက် တစ်လမ်းက ကူညီ နေကြပါတယ်။ ဒါရိုက်တာ ကျော်နှင်း ဆီက မြန်မာ အားကစားသမားတွေ အတွက် ဂုဏ်ပြု သီဆိုထားတဲ့ တေးရေး၊ တေးဆို အာကာကျော် ရဲ့ “ရွှေခေတ်ရောက်ခဲ့ပြီ” သီချင်းကို ရိုက်ကူး ပုံဖော်ခဲ့ပါတယ်။

ဆီးဂိမ်းအတွက် အနုပညာနဲ့ အားဖြည့် ကူညီခဲ့တဲ့ ဒါရိုက်တာ ကျော်နှင်းဆီက “သီချင်းက မြန်မာနိုင်ဖို့ အတွက်ကိုပဲ ရေးစပ်ထားတာ။ ဘယ်အားကစား လာလာ၊ ဘယ် တိုင်းပြည်ကို ပဲ သွားသွား၊ မြန်မာကို သီးသန့် ကိုယ်စားပြုထားတဲ့ သီချင်းဖြစ်တော့ ကျွန်မက ရိုက်ကူးတဲ့ခါမှာ မြန်မာအလံ အရောင်တွေပဲ သုံးထားတယ်။ 
 
အက အဖွဲ့တွေရော၊ ပါဝင် သရုပ်ဆောင်တဲ့ ကလေးတွေရော၊ အလံ ကိုယ်စားပြု အရောင်တွေပဲ သုံးထားတယ်။ ကျွန်မတို့က အားကစားကို ရိုက်ဖို့လည်း အဆင်မပြေတော့ ပါဖောမန့်တွေ နဲ့ အကသမားတွေ ဘောလုံးကန်တဲ့ ပုံစံ၊ အပြေးသမားတွေရဲ့ ပါဖောမန့်ပုံစံ၊ အားပေးတဲ့သူတွေနဲ့ တီးဝိုင်း band တွေနဲ့ ဆန်းဆန်းလေး ရိုက်ကူးထားပါ တယ်” လို့ ပြောပါတယ်။
 
 မြန်မာနိုင်ငံသား တစ်ဦးအနေနဲ့ ဆီးဂိမ်းမှာ ယှဉ်ပြိုင်မယ့် မြန်မာ အားကစားသမားတွေ အပေါ် ဒါရိုက်တာ ကျော်နှင်းဆီက..

“အတ္တကြီးတယ်ပဲပြောပြော၊ ကိုယ့်မြန်မာပဲ နိုင်စေချင်တာပေါ့။ ကိုယ့်နိုင်ငံ မှာပဲ လုပ်လုပ်၊ သူများ နိုင်ငံမှာပဲ လုပ်လုပ် ပြိုင်ပွဲဝင်ပြီ ဆိုရင်တော့ မြန်မာပဲ နိုင်စေချင်တယ်။ ဆီးဂိမ်း အားကစား ပြိုင်ပွဲကိုလည်း တအား စိတ်ဝင်စားပါတယ်။ 
 
ဒီပွဲကြီးက မြန်မာနိုင်ငံမှာ လုပ်တာ ဆိုတော့ စိုးရိမ်မိ တယ်။ ကိုယ့်နိုင်ငံမှာ လာပြိုင်တာ ဖြစ်တဲ့တွက် ဧည့်သည်တွေကို ဧည့်ဝတ် ကျေပါ့မလားလို့ တွေးမိတယ်။ ကိုယ့်နိုင်ငံက အိမ်ရှင်ဖြစ်တဲ့ အတွက်လည်း ကျေနပ်ဂုဏ် ယူမိပါတယ်”လို့ ပြောပါတယ်။

Popular Journal , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment