Pages

Saturday, November 9, 2013

ဟိုင်ယန် တိုက်ဖွန် မုန်တိုင်းကြောင့် ဖိလစ်ပိုင်တွင် အနည်းဆုံး လူ ၁၀၀ သေဆုံး

Photo: မုန်တိုင်းကြောင့် ဖိလစ်ပိုင်တွင် အနည်းဆုံး လူ ၁၀၀ သေဆုံး
Saturday, November 09, 2013 

ဟိုင်ယန် တိုက်ဖွန် မုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းမှာ အနည်းဆုံး လူ ၁၀၀ သေပြီး လေပြင်းနဲ့ ရေလျှံတာတွေကြောင့် အိမ်တွေ ပျက်စီးသွားတယ်လို့ အာဏာပိုင်တွေက ဒီနေ့ ပြောပါတယ်။

မုန်တိုင်း လမ်းကြောင်းပေါ် တည့်တည့်ကျရာက်ခဲ့တဲ့ လူဦးရေ နှစ်သိန်းလောက်ရှိတဲ့ တက္ကလိုဘန်းမြို့မှာ အိမ်တိုင်းနီးပါး ပျက်စီးသွားသလို၊ စီဘူး ပြည်နယ်ထဲက မြို့တွေမှာလည်း လေပြင်းကြောင့် အိမ်တွေ ၈၀ ရာခိုင်နှုန်းလောက် ပျက်စီးသွားပြီး သီးနှံတွေလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

အဆင့် ၅ ရှိတဲ့ မုန်တိုင်းဟာ ဖိလစ်ပိုင်ကို ၀င်ရောက်ခဲ့တဲ့ မုန်တိုင်းတွေထဲမှာ အပြင်းထန်ဆုံးဖြစ်ပြီး အသေအပျောက်နဲ့ အပျက်အစီးတွေလည်း ထပ်တိုးလာဖို့ ရှိနေပါတယ်။

ဖိလစ်ပိုင်ဟာ နှစ်စဉ် တိုက်ဖွန် မုန်တိုင်း အကြိမ် ၂၀ လောက်နဲ့ ရင်ဆိုင်ရလေ့ ရှိတာပါ။ ဟိုင်ယန် မုန်တိုင်းဟာ ဒီနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံကို ၀င်ခဲ့တဲ့ မုန်တိုင်းတွေထဲမှာ အဆင့်ငါး သတ်မှတ်ထားတဲ့ ဒုတိယမြောက် မုန်တိုင်း ဖြစ်ပါတယ်။ ဒီနှစ်အတွင်း ၂၄ လုံး မြောက် မုန်တိုင်းလည်း ဖြစ်ပါတယ်။

မနှစ်တုန်းက တိုက်ခတ်သွားခဲ့တဲ့ ဘိုဖာ မုန်တိုင်းကြောင့် မန်ဒါနာအို ပြည်နယ်မှာ လူ ၁၁၀၀ လောက် သေဆုံးပြီး အပျက်အစီး တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ လောက် ရှိခဲ့ပါတယ်။

မုန်တိုင်း အကြိုမှာ ကတည်းက လူပေါင်း တသန်းလောက်ဟာ ဒေသ ၃၇ ခုက ကယ်ဆယ်ရေး စခန်းတွေမှာ ခိုလှုံနေကြရပြီး ဖြစ်ပါတယ်။ တိုက်ဖွန် မုန်တိုင်းဟာ ဖိလစ်ပိုင်ကို ကျော်လွန် သွားပြီးတဲ့နောက် တောင်တရုတ်ပင်လယ်ထဲမှာ ပြန်လည် အားကောင်းလာနိုင်ပြီး ဗီယက်နမ် နိုင်ငံထဲကို နိုဝင်ဘာ ၁၀ ရက်နေ့ ၀င်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

DVB TV News

RangonNewsDaily:: November . 9 .2013
ဟိုင်ယန် တိုက်ဖွန် မုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းမှာ အနည်းဆုံး လူ ၁၀၀ သေပြီး လေပြင်းနဲ့ ရေလျှံတာတွေကြောင့် အိမ်တွေ ပျက်စီးသွားတယ်လို့ အာဏာပိုင်တွေက ဒီနေ့ ပြောပါတယ်။ မုန်တိုင်း လမ်းကြောင်းပေါ် တည့်တည့်ကျရာက်ခဲ့တဲ့ လူဦးရေ နှစ်သိန်းလောက်ရှိတဲ့ တက္ကလိုဘန်းမြို့မှာ အိမ်တိုင်းနီးပါး ပျက်စီးသွားသလို၊ စီဘူး ပြည်နယ်ထဲက မြို့တွေမှာလည်း လေပြင်းကြောင့် အိမ်တွေ ၈၀ ရာခိုင်နှုန်းလောက် ပျက်စီးသွားပြီး သီးနှံတွေလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

အဆင့် ၅ ရှိတဲ့ မုန်တိုင်းဟာ ဖိလစ်ပိုင်ကို ၀င်ရောက်ခဲ့တဲ့ မုန်တိုင်းတွေထဲမှာ အပြင်းထန်ဆုံးဖြစ်ပြီး အသေအပျောက်နဲ့ အပျက်အစီးတွေလည်း ထပ်တိုးလာဖို့ ရှိနေပါတယ်။

ဖိလစ်ပိုင်ဟာ နှစ်စဉ် တိုက်ဖွန် မုန်တိုင်း အကြိမ် ၂၀ လောက်နဲ့ ရင်ဆိုင်ရလေ့ ရှိတာပါ။ ဟိုင်ယန် မုန်တိုင်းဟာ ဒီနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံကို ၀င်ခဲ့တဲ့ မုန်တိုင်းတွေထဲမှာ အဆင့်ငါး သတ်မှတ်ထားတဲ့ ဒုတိယမြောက် မုန်တိုင်း ဖြစ်ပါတယ်။ ဒီနှစ်အတွင်း ၂၄ လုံး မြောက် မုန်တိုင်းလည်း ဖြစ်ပါတယ်။

မနှစ်တုန်းက တိုက်ခတ်သွားခဲ့တဲ့ ဘိုဖာ မုန်တိုင်းကြောင့် မန်ဒါနာအို ပြည်နယ်မှာ လူ ၁၁၀၀ လောက် သေဆုံးပြီး အပျက်အစီး တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ လောက် ရှိခဲ့ပါတယ်။

မုန်တိုင်း အကြိုမှာ ကတည်းက လူပေါင်း တသန်းလောက်ဟာ ဒေသ ၃၇ ခုက ကယ်ဆယ်ရေး စခန်းတွေမှာ ခိုလှုံနေကြရပြီး ဖြစ်ပါတယ်။ တိုက်ဖွန် မုန်တိုင်းဟာ ဖိလစ်ပိုင်ကို ကျော်လွန် သွားပြီးတဲ့နောက် တောင်တရုတ်ပင်လယ်ထဲမှာ ပြန်လည် အားကောင်းလာနိုင်ပြီး ဗီယက်နမ် နိုင်ငံထဲကို နိုဝင်ဘာ ၁၀ ရက်နေ့ ၀င်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

DVB TV News ,  kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment