Pages

Saturday, November 9, 2013

စစ်တွေအကျဉ်းထောင် အုတ်တံတိုင်းပြိုကျ

Photo: စစ်တွေအကျဉ်းထောင် အုတ်တံတိုင်းပြိုကျ
Saturday, November 09, 2013 

ကိုလိုနီခေတ်က တည်ဆောက်ခဲ့သော နှစ် ၁၈၀ ကျော် သက်တမ်းရှိသည့် ရခိုင်ပြည်နယ် စစ်တွေ အကျဉ်းထောင်၏ အပြင်အုတ်တံတိုင်း နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၃ နာရီခန့်က ပြိုကျခဲ့ကြောင်း စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက The Voice သို့ အတည်ပြု ပြောကြားသည်။

အဆိုပါ ပြိုကျသည့် အုတ်တံတိုင်းသည် စစ်တွေမြို့ ပြည်တော်သာ ရပ်ကွက်တွင် တည်ဆောက်ထားသော စစ်တွေ အကျဉ်းထောင်၏ တောင်ဘက်ခြမ်းတွင် တည်ရှိပြီး အုတ်ရိုး၏ အလျားပေ ၃၀ခန့်၊ အမြင့် ၁၈ ပေခန့် ပြိုကျခဲ့သော်လည်း မည်သူမျှ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း၊ အဆိုပါ အကျဉ်းထောင်မှာ အင်္ဂလိပ်ခေတ်တွင် တည်ဆောက်ခဲ့သဖြင့် နှစ်ကာလရှည် ကြာလာသောကြောင့် အုတ်တံတိုင်းမှာ ဆွေးမြည့်ပြိုကျခဲ့ခြင်း ဖြစ်ကြောင်း စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

“ထောင်ရဲ့အပြင်ဘက်ကို တစ်ဖက်တည်းကို လဲကျသွားတယ်။ မြို့နေသူတွေ လှုပ်လှုပ်ရှားရှား မရှိပါဘူး” ဟု စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အကျဉ်းထောင် အုတ်တံတိုင်း ပြိုကျမှုနှင့် ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် ထောင်ပိုင်ကြီးထံ တယ်လီဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မပြုပေ။

အင်္ဂလိပ်ခေတ်တွင် တည်ဆောက်ခဲ့သော စစ်တွေ အကျဉ်းထောင်မှာ နှစ်ပေါင်း ကြာမြင့်နေသောကြောင့် ပြန်လည် ပြုပြင်သင့်ပြီ ဖြစ်ကြောင်း စစ်တွေမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောကြားသည်။
“အခုပြိုကျတာတော့ ဘာမှမဖြစ်ဘူး။ အကျဉ်းထောင်ထဲက မကောင်းတဲ့လူတွေ ထောင်ဖောက်မှာကို စိုးရိမ်ရတယ်” ဟု ၎င်းက ပြောဆိုသည်။

စစ်တွေ အကျဉ်းထောင်ကို ၁၈၂၇ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ယခု ၂၀၁၃ ခုနှစ်အထိ နှစ်ပေါင်း ၁၈၆ နှစ် ကြာမြင့်ပြီ ဖြစ်ကြောင်း စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

ပြည်ထဲရေး ဝန်ကြီးဌာနသည် ကချင်ပြည်နယ် မိုးညှင်း အကျဉ်းထောင်နှင့် မွန်ပြည်နယ် မော်လမြိုင် အကျဉ်းထောင် နှစ်ခုကို ပြန်လည် တည်ဆောက်ရန် ကျပ် ၄၂၅ သန်းကို တောင်းခံထားရာ နိုဝင်ဘာလ ၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့သည်။

The Voice Weekly

RangonNewsDaily:: November . 9 .2013
ကိုလိုနီခေတ်က တည်ဆောက်ခဲ့သော နှစ် ၁၈၀ ကျော် သက်တမ်းရှိသည့် ရခိုင်ပြည်နယ် စစ်တွေ အကျဉ်းထောင်၏ အပြင်အုတ်တံတိုင်း နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၃ နာရီခန့်က ပြိုကျခဲ့ကြောင်း စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက The Voice သို့ အတည်ပြု ပြောကြားသည်။ အဆိုပါ ပြိုကျသည့် အုတ်တံတိုင်းသည် စစ်တွေမြို့ ပြည်တော်သာ ရပ်ကွက်တွင် တည်ဆောက်ထားသော စစ်တွေ အကျဉ်းထောင်၏ တောင်ဘက်ခြမ်းတွင် တည်ရှိပြီး အုတ်ရိုး၏ အလျားပေ ၃၀ခန့်၊ အမြင့် ၁၈ ပေခန့် ပြိုကျခဲ့သော်လည်း မည်သူမျှ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း၊ အဆိုပါ အကျဉ်းထောင်မှာ အင်္ဂလိပ်ခေတ်တွင် တည်ဆောက်ခဲ့သဖြင့် နှစ်ကာလရှည် ကြာလာသောကြောင့် အုတ်တံတိုင်းမှာ ဆွေးမြည့်ပြိုကျခဲ့ခြင်း ဖြစ်ကြောင်း စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

“ထောင်ရဲ့အပြင်ဘက်ကို တစ်ဖက်တည်းကို လဲကျသွားတယ်။ မြို့နေသူတွေ လှုပ်လှုပ်ရှားရှား မရှိပါဘူး” ဟု စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အကျဉ်းထောင် အုတ်တံတိုင်း ပြိုကျမှုနှင့် ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် ထောင်ပိုင်ကြီးထံ တယ်လီဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မပြုပေ။

အင်္ဂလိပ်ခေတ်တွင် တည်ဆောက်ခဲ့သော စစ်တွေ အကျဉ်းထောင်မှာ နှစ်ပေါင်း ကြာမြင့်နေသောကြောင့် ပြန်လည် ပြုပြင်သင့်ပြီ ဖြစ်ကြောင်း စစ်တွေမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောကြားသည်။
“အခုပြိုကျတာတော့ ဘာမှမဖြစ်ဘူး။ အကျဉ်းထောင်ထဲက မကောင်းတဲ့လူတွေ ထောင်ဖောက်မှာကို စိုးရိမ်ရတယ်” ဟု ၎င်းက ပြောဆိုသည်။

စစ်တွေ အကျဉ်းထောင်ကို ၁၈၂၇ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ယခု ၂၀၁၃ ခုနှစ်အထိ နှစ်ပေါင်း ၁၈၆ နှစ် ကြာမြင့်ပြီ ဖြစ်ကြောင်း စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

ပြည်ထဲရေး ဝန်ကြီးဌာနသည် ကချင်ပြည်နယ် မိုးညှင်း အကျဉ်းထောင်နှင့် မွန်ပြည်နယ် မော်လမြိုင် အကျဉ်းထောင် နှစ်ခုကို ပြန်လည် တည်ဆောက်ရန် ကျပ် ၄၂၅ သန်းကို တောင်းခံထားရာ နိုဝင်ဘာလ ၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့သည်။

The Voice Weekly , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment