Pages

Saturday, November 9, 2013

ABSDF (ကျောင်းသားတပ်မတော်) ဥက္ကဋ္ဌ ရဲဘော်သံခဲနှင့် တွေ့ဆုံခြင်း

Photo: ABSDF (ကျောင်းသားတပ်မတော်) ဥက္ကဋ္ဌ ရဲဘော်သံခဲနှင့် တွေ့ဆုံခြင်း
Saturday, November 9, 2013

၁၉၈၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ၈၈ ဒီမိုကရေစီ အရေးတော်ပုံမှ မွေးဖွားပေးခဲ့သည့် ABSDF (ကျောင်းသား တပ်မတော်) သည် အာဏာရှင်စနစ်ကို လက်နက်စွဲကိုင် တော်လှန်ခဲ့ရာ ၂၅ နှစ်တာ ခရီးကို ဖြတ်သန်းခဲ့ပြီး ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်တွင် ပေါ်ထွန်းခဲ့သော အစိုးရ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်များအရ ABSDF သည်လည်း နိုင်ငံရေး ဆွေးနွေးပွဲ စည်းဝိုင်းအတွင်းသို့ ပါဝင်လာခဲ့ပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံ မြောက်ပိုင်း ဒေါင်းစစ်သည် စခန်းတွင် ကျင်းပသည့် ABSDF ငွေရတု အခမ်းအနားတွင် ABSDF (ကျောင်းသား တပ်မတော်) ဥက္ကဋ္ဌ ရဲဘော်သံခဲနှင့် တွေ့ဆုံမေးမြန်း ခဲ့သည်များကို ကောက်နုတ် ဖော်ပြအပ်ပါသည်။

interv_absdfokhyb_MMNVoice ။ ။ အခု ကျောင်းသားတပ်မတော် ဥက္ကဋ္ဌ ကိုသံခဲက ဘာဖြစ်လို့ မြန်မာပြည် မြောက်ပိုင်းကို ရောက်နေရတာလဲ။
KTK ။ ။ ကျွန်တော်တို့ ABSDF အလုပ်အမှုဆောင်တွေ လိုင်ဇာကို ရောက်နေရတာက ကျောင်းသား တပ်မတော်ရဲ့ ငွေရတု အခမ်းအနားကို တက်ရောက်ဖို့ ဖြစ်ပါတယ်။ ပြီးတော့ လိုင်ဇာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို လေ့လာဖို့ ရောက်ရှိနေတာ ဖြစ်ပါတယ်။
Voice ။ ။ မြန်မာနိုင်ငံရဲ့ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဘယ်လိုမြင်ပါသလဲ။
KTK ။ ။ ငြိမ်းချမ်းရေးကို တည်ဆောက်မယ်ဆိုရင် အပြန်အလှန် လေးစားမှုတွေရှိဖို့ လိုပါတယ်။ ဒေသအလိုက် ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကိုလည်း ပြေလည်အောင် ဖြေရှင်းနိုင်ဖို့ လိုပါတယ်။ ငြိမ်းချမ်းရေး၊ စေ့စပ်ညှိနှိုင်းရေးတွေ တွင်တွင်ပြောပြီး လက်တွေ့မှာ တိုက်ခိုက်နေကြရင် ပဋိပက္ခတွေကို ရပ်တန့်လို့ရဦးမှာ မဟုတ်ပါဘူး။
Voice ။ ။ မြစ်ကြီးနားမှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ နိုင်ငံရေးအရ ကွဲလွဲချက်တွေ ရှိနေခဲ့တယ်လို့ ကြားရပါတယ်။ ဒီဆွေးနွေးပွဲရဲ့ ရလဒ်တွေကို ဘယ်လို သုံးသပ်မိပါသလဲ။

KTK ။ ။ မြစ်ကြီးနား ဆွေးနွေးပွဲက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးအတွက် စာချုပ် ချုပ်ဆိုနိုင်ဖို့ လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ တွေ့ဆုံ ဆွေးနွေးခဲ့တာပါ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲက ကွဲလွဲမှုတွေ ပြေလည်ဖို့ဆိုရင် တာဝန်ယူမှု၊ တာဝန်ခံမှုတွေကို သက်ဆိုင်သူ အသီးသီးက လက်တွေ့ပြသဖို့ လိုပါတယ်။ အထူးသဖြင့် ငြိမ်းချမ်းရေး တည်ဆောက်ချင်ရင် အင်အားကြီးတဲ့သူက အလျှော့ပေးဖို့၊ ပိုပြီးသဘောထားကြီးပြဖို့တွေ လိုအပ်ပါတယ်။ ဒါမှ လက်တွေ့ အကျိုးရလဒ်တွေ ကောင်းလာပါလိမ့် မယ်။ နှစ်ပေါင်း ၆၀ ကျော် လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်လာခဲ့တဲ့အတွက် ရုတ်တရက် ချက်ချင်း ငြိမ်းချမ်းရေး သဘောတူညီချက် ရဖို့ဆိုတာ အခက်အခဲ အနည်းငယ်တော့ ရှိနေပါတယ်။

Voice ။ ။ ငြိမ်းချမ်းရေးအတွက် ဘုံသဘောတူညီချက် ရဖို့ လက်တွေ့နည်းလမ်းတွေ ရှာဖွေနိုင်မှု အားနည်းနေတာလား။
KTK ။ ။ ငြိမ်းချမ်းရေးရဖို့ လက်ရှိ နိုင်ငံရေး အခြေအနေအရ တစ်ဦးကောင်း၊ တစ်ဖွဲ့ကောင်းနဲ့ ဖြေရှင်းလို့ မရနိုင်ပါဘူး။ ငြိမ်းချမ်းရေး ရဖို့လည်း စိတ်အားထက်သန် နေရမယ်။ အခြေခံ ရိုးသားဖို့လည်း လိုတယ်။ တိုင်းပြည်အပေါ် စိတ်စေတနာလည်း ကောင်းရမယ်။ ပြဿနာတွေကို စုပေါင်းညှိနှိုင်း ဖြေရှင်းရမယ်။ ဒါမှ ဒုတိယ ပင်လုံညီလာခံက အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ ဥပမာဗျာ . . . တစ်တိုင်းပြည်လုံး အပစ်အခတ်ရပ်စဲဖို့ နှစ်ဖက်လုံးက ဆန္ဒရှိနေတာတော့ မှန်တယ်။ ဒါပေမဲ့ ဝေါဟာရ ပြဿနာတွေ၊ စကားလုံးတွေပေါ့ဗျာ။ စကားလုံးတွေ၊ ဝေါဟာရတွေရဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုပုံချင်း မတူတာက ပြဿနာတွေ ဖြစ်နေတာပေါ့။

Voice ။ ။ ကျွန်တော် ထပ်မေးပါရစေ။ ငြိမ်းချမ်းရေး သဘောတူညီချက်ရဖို့ ဘယ်အရာတွေက အခက်အခဲ ပြဿနာတွေ ဖြစ်နေတာလဲ။
KTK ။ ။ တွေ့ဆုံဆွေးနွေးပွဲမှာ ပါဝင်ရမယ့် အချက်အလက်တွေ၊ မူဝါဒတွေ၊ မူဟောင်းတွေ၊ ကတိကဝတ်တွေ၊ အာမခံချက်တွေမှာပေါ့။ အဲဒီမှာ နားလည်မှုတွေက ကွဲလွဲနေတာကို လေ့လာတွေ့ရှိရတယ်။ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေချိန်မှာပဲ တချို့နယ်စပ်ဒေသ တိုင်းရင်းသား နယ်မြေတွေမှာ ထိုးစစ်ဆင်တာတွေ ကြားနေရတယ်။ ဒါတွေကို ရပ်တန့်ပစ်ဖို့ လိုသလို အာမခံချက် ပေးဖို့လည်း လိုပါတယ်။ ယုံကြည်မှုကို ခိုင်မာအောင် လုပ်နိုင်မှ ပြည်ထောင်စု စုဖွဲ့မှုဆိုတာ ရှိလာမှာပါ။

Voice ။ ။ ကျောင်းသားတပ်မတော် (ABSDF) အနေနဲ့ ပြည်တွင်းထဲမှာ ရပ်တည်ရေး အခြေအနေကရော ဘယ်လိုရှိလာနိုင်သလဲ။
KTK ။ ။ နိုင်ငံလုံးဆိုင်ရာ အခြေခံမူတွေကို ချောချောမွေ့မွေ့ ညှိနှိုင်းချမှတ်ဖို့ မလုပ်ဆောင်နိုင် သေးဘူး။ ရှင်းရှင်းလင်းလင်း ပြောရရင် မပြတ်သားသေးဘူး။ ဒါတွေကို ကျော်လွှားနိုင်မှ ငြိမ်းချမ်းရေး လမ်းစကို မြင်ရပါမယ်။ လောလောဆယ်မှာတော့ အားလုံး ပူးပေါင်း ဆောင်ရွက်မှ ရမှာမို့ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရဖို့ ဆိုရင် ABSDF တစ်ဖွဲ့တည်းနဲ့ လုပ်ဆောင်လို့ မရဘူး။ လက်တွေ့ ဆောင်ရွက်ရမှာတွေ အများကြီး ကျန်နေပါသေးတယ်။
Voice ။ ။ အစိုးရရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးအပြီး ABSDF အတွက် ဘယ်လို ငြိမ်းချမ်းရေး အကျိုးရလဒ်တွေ ရရှိလာသလဲ ဆိုတာ ပြောပြပါဦး။

KTK ။ ။ ကျွန်တော်တို့ ကျောင်းသားတပ်မတော် အတွက် ပြည်တွင်းမှာ ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ဖို့ ရှိပါတယ်။ ဒါမှ အစိုးရနဲ့ သတင်းအချက်အလက် ညှိနှိုင်းဖလှယ်လို့ ရမှာပါ။ လောလောဆယ် မှာတော့ ဆက်ဆံရေး ရုံးတွေကို မြဝတီ၊ ဘုရားသုံးဆူနဲ့ ကျိုက်လတ်မှာ ဖွင့်လှစ်ဖို့ ပြင်ဆင်နေပါတယ်။ ဒီထက်ယုံကြည်မှု တည်ဆောက်နိုင်ခဲ့ရင် မူဆယ်၊ မန္တလေး၊ ရန်ကုန်မြို့ကြီးတွေမှာ ဆက်လက် ဖွင့်သွားဖို့ စီစဉ်ထားပါတယ်။
Voice ။ ။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ၊ ငြိမ်းချမ်းရေးတွေ လုပ်နေတဲ့အပေါ်မှာ ဘာများ ထပ်ဆောင်း ပြောချင်ပါသလဲ။
KTK ။ ။ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ဆိုတာ မရှိရင် ပြည်ထောင်စုဆိုတာ ပေါ်ထွန်းလာဖို့ ခဲယဉ်းပါတယ်။ ကျွန်တော်တို့အားလုံးက တိုင်းရင်းသား ညီအစ်ကိုတွေ ဖြစ်ပါတယ်။

အယ်ဒီတာတစ်ဦး
The Voice

RangonNewsDaily:: November . 9 .2013
၁၉၈၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ၈၈ ဒီမိုကရေစီ အရေးတော်ပုံမှ မွေးဖွားပေးခဲ့သည့် ABSDF (ကျောင်းသား တပ်မတော်) သည် အာဏာရှင်စနစ်ကို လက်နက်စွဲကိုင် တော်လှန်ခဲ့ရာ ၂၅ နှစ်တာ ခရီးကို ဖြတ်သန်းခဲ့
ပြီး ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်တွင် ပေါ်ထွန်းခဲ့သော အစိုးရ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်များအရ ABSDF သည်လည်း နိုင်ငံရေး ဆွေးနွေးပွဲ စည်းဝိုင်း
အတွင်းသို့ ပါဝင်လာခဲ့ပြီ ဖြစ်ပါသည်။
 
 မြန်မာနိုင်ငံ မြောက်ပိုင်း ဒေါင်းစစ်သည်စခန်းတွင်ကျင်းပသည့် ABSDF ငွေရတု အခမ်းအနားတွင် ABSDF
 (ကျောင်းသား တပ်မတော်) ဥက္ကဋ္ဌ ရဲဘော်သံခဲနှင့် တွေ့ဆုံမေးမြန်း ခဲ့သည်များကို ကောက်နုတ် ဖော်ပြအပ်
ပါသည်။

interv_absdfokhyb_MMNVoice ။ ။ အခု ကျောင်းသားတပ်မတော် ဥက္ကဋ္ဌ ကိုသံခဲက ဘာဖြစ်လို့ မြန်မာပြည်
 မြောက်ပိုင်းကို ရောက်နေရတာလဲ။
KTK ။ ။ ကျွန်တော်တို့ ABSDF အလုပ်အမှုဆောင်တွေ လိုင်ဇာကို ရောက်နေရတာက ကျောင်းသား တပ်မ
တော်ရဲ့ ငွေရတု အခမ်းအနားကို တက်ရောက်ဖို့ ဖြစ်ပါတယ်။ ပြီးတော့ လိုင်ဇာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို
 လေ့လာဖို့ ရောက်ရှိနေတာ ဖြစ်ပါတယ်။

Voice ။ ။ မြန်မာနိုင်ငံရဲ့ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဘယ်လိုမြင်ပါသလဲ။
KTK ။ ။ ငြိမ်းချမ်းရေးကိုတည်ဆောက်မယ်ဆိုရင်အပြန်အလှန် လေးစားမှုတွေရှိဖို့လိုပါတယ်။ ဒေသအလိုက်
ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကိုလည်း ပြေလည်အောင် ဖြေရှင်းနိုင်ဖို့ လိုပါတယ်။ ငြိမ်းချမ်းရေး၊ စေ့စပ်ညှိနှိုင်း
ရေးတွေတွင်တွင်ပြောပြီးလက်တွေ့မှာ တိုက်ခိုက်နေကြရင် ပဋိပက္ခတွေကို ရပ်တန့်လို့ရဦးမှာ မဟုတ်ပါဘူး။

Voice ။ ။ မြစ်ကြီးနားမှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ နိုင်ငံရေးအရ ကွဲလွဲချက်တွေ ရှိနေခဲ့တယ်လို့ ကြားရပါ
တယ်။ ဒီဆွေးနွေးပွဲရဲ့ ရလဒ်တွေကို ဘယ်လို သုံးသပ်မိပါသလဲ။
KTK ။ ။ မြစ်ကြီးနား ဆွေးနွေးပွဲကတစ်နိုင်ငံလုံးအတိုင်းအတာနဲ့အပစ်အခတ်ရပ်စဲရေးအတွက် စာချုပ် ချုပ်ဆို
နိုင်ဖို့ လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ တွေ့ဆုံ 
ဆွေးနွေးခဲ့တာပါ။
 
ငြိမ်းချမ်းရေး ဆွေးနွေးပွဲကကွဲလွဲမှုတွေ ပြေလည်ဖို့ဆိုရင်တာဝန်ယူမှု၊ တာဝန်ခံမှုတွေကို သက်ဆိုင်သူ အသီး
သီးက လက်တွေ့ပြသဖို့ လိုပါတယ်။ အထူးသဖြင့် ငြိမ်းချမ်းရေး တည်ဆောက်ချင်ရင် အင်အားကြီးတဲ့သူက အလျှော့ပေးဖို့၊ပိုပြီးသဘောထားကြီးပြဖို့တွေ လိုအပ်ပါတယ်။ ဒါမှ လက်တွေ့ အကျိုးရလဒ်တွေ ကောင်းလာ
ပါလိမ့် မယ်။ နှစ်ပေါင်း ၆၀ ကျော် လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်လာခဲ့တဲ့အတွက် ရုတ်တရက် ချက်ချင်း ငြိမ်းချမ်းရေး သဘောတူညီချက် ရဖို့ဆိုတာ အခက်အခဲ အနည်းငယ်တော့ ရှိနေပါတယ်။

Voice ။ ။ ငြိမ်းချမ်းရေးအတွက်ဘုံသဘောတူညီချက် ရဖို့ လက်တွေ့နည်းလမ်းတွေ ရှာဖွေနိုင်မှု အားနည်းနေ
တာလား။
KTK ။ ။ ငြိမ်းချမ်းရေးရဖို့ လက်ရှိ နိုင်ငံရေး အခြေအနေအရ တစ်ဦးကောင်း၊ တစ်ဖွဲ့ကောင်းနဲ့ ဖြေရှင်းလို့ မ
ရနိုင်ပါဘူး။ ငြိမ်းချမ်းရေးရဖို့လည်းစိတ်အားထက်သန် နေရမယ်။အခြေခံရိုးသားဖို့လည်းလိုတယ်။ တိုင်းပြည်
အပေါ် စိတ်စေတနာလည်း ကောင်းရမယ်။ ပြဿနာတွေကို စုပေါင်းညှိနှိုင်း ဖြေရှင်းရမယ်။ ဒါမှ ဒုတိယ ပင်လုံ
ညီလာခံက အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ ဥပမာဗျာ . . . တစ်တိုင်းပြည်လုံး အပစ်အခတ်ရပ်စဲဖို့ နှစ်ဖက်လုံး
က ဆန္ဒရှိနေတာတော့ မှန်တယ်။ ဒါပေမဲ့ ဝေါဟာရ ပြဿနာတွေ၊ စကားလုံးတွေပေါ့ဗျာ။ စကားလုံးတွေ၊ ဝေါ
ဟာရတွေရဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုပုံချင်း မတူတာက ပြဿနာတွေ ဖြစ်နေတာပေါ့။

Voice ။ ။ ကျွန်တော် ထပ်မေးပါရစေ။ ငြိမ်းချမ်းရေး သဘောတူညီချက်ရဖို့ ဘယ်အရာတွေက အခက်အခဲ ပြဿ
နာတွေ ဖြစ်နေတာလဲ။
KTK ။ ။ တွေ့ဆုံဆွေးနွေးပွဲမှာ ပါဝင်ရမယ့် အချက်အလက်တွေ၊ မူဝါဒတွေ၊မူဟောင်းတွေ၊ကတိကဝတ်တွေ၊
အာမခံချက်တွေမှာပေါ့။ အဲဒီမှာ နားလည်မှုတွေက ကွဲလွဲနေတာကို လေ့လာတွေ့ရှိရတယ်။ ငြိမ်းချမ်းရေးအ
တွက် ဆွေးနွေးနေချိန်မှာပဲ တချို့နယ်စပ်ဒေသ တိုင်းရင်းသား နယ်မြေတွေမှာ ထိုးစစ်ဆင်တာတွေ ကြားနေ
ရတယ်။ ဒါတွေကို ရပ်တန့်ပစ်ဖို့ လိုသလို အာမခံချက် ပေးဖို့လည်း လိုပါတယ်။ ယုံကြည်မှုကို ခိုင်မာအောင် လုပ်နိုင်မှ ပြည်ထောင်စု စုဖွဲ့မှုဆိုတာ ရှိလာမှာပါ။

Voice ။ ။ ကျောင်းသားတပ်မတော် (ABSDF) အနေနဲ့ ပြည်တွင်းထဲမှာ ရပ်တည်ရေး အခြေအနေကရော ဘယ်လိုရှိလာနိုင်သလဲ။
KTK ။ ။ နိုင်ငံလုံးဆိုင်ရာ အခြေခံမူတွေကို ချောချောမွေ့မွေ့ ညှိနှိုင်းချမှတ်ဖို့ မလုပ်ဆောင်နိုင် သေးဘူး။ ရှင်းရှင်းလင်းလင်း ပြောရရင် မပြတ်သားသေးဘူး။ ဒါတွေကို ကျော်လွှားနိုင်မှ ငြိမ်းချမ်းရေး လမ်းစကို မြင်
ရပါမယ်။ လောလောဆယ်မှာတော့ အားလုံး ပူးပေါင်း ဆောင်ရွက်မှ ရမှာမို့ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရဖို့ ဆိုရင် ABSDF တစ်ဖွဲ့တည်းနဲ့ လုပ်ဆောင်လို့ မရဘူး။ လက်တွေ့ ဆောင်ရွက်ရမှာတွေ အများကြီး ကျန်နေ
ပါသေးတယ်။

Voice ။ ။ အစိုးရရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးအပြီး ABSDF အတွက် ဘယ်လို ငြိမ်းချမ်းရေး အကျိုးရလဒ်တွေ ရရှိလာသလဲ ဆိုတာ ပြောပြပါဦး။


KTK ။ ။ ကျွန်တော်တို့ ကျောင်းသားတပ်မတော် အတွက် ပြည်တွင်းမှာ ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ဖို့ ရှိပါ
တယ်။ ဒါမှ အစိုးရနဲ့ သတင်းအချက်အလက် ညှိနှိုင်းဖလှယ်လို့ ရမှာပါ။ လောလောဆယ် မှာတော့ ဆက်ဆံ
ရေး ရုံးတွေကို မြဝတီ၊ဘုရားသုံးဆူနဲ့ ကျိုက်လတ်မှာ ဖွင့်လှစ်ဖို့ ပြင်ဆင်နေပါတယ်။ ဒီထက်ယုံကြည်မှု တည်
ဆောက်နိုင်ခဲ့ရင် မူဆယ်၊ မန္တလေး၊ ရန်ကုန်မြို့ကြီးတွေမှာ ဆက်လက် ဖွင့်သွားဖို့ စီစဉ်ထားပါတယ်။

Voice ။ ။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ၊ ငြိမ်းချမ်းရေးတွေ လုပ်နေတဲ့အပေါ်မှာ ဘာများ ထပ်ဆောင်း
 ပြောချင်ပါသလဲ။
KTK ။ ။ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ဆိုတာ မရှိရင် ပြည်ထောင်စုဆိုတာ ပေါ်ထွန်းလာဖို့ ခဲယဉ်းပါ
တယ်။ ကျွန်တော်တို့အားလုံးက တိုင်းရင်းသား ညီအစ်ကိုတွေ ဖြစ်ပါတယ်။

အယ်ဒီတာတစ်ဦး
The Voice , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment