Pages

Saturday, May 3, 2014

ဆေးလိပ် နှင့် ကင်ဆာ ရောဂါ


RangonNewsDaily: May . 3 .2014
တစ်ကမ္ဘာလုံးမှာ ကင်ဆာ ရောဂါဖြစ်ပွားမှု နှုန်းဟာတစ်နေ့ထက် တစ်နေ့ ပိုမို မြင့်မား လာနေတာကြောင့်လူ့ သက်တမ်း စေ့နေထိုင်
 နိုင်ရေး အတွက်အထူးဂရုပြု နေထိုင် သင့်ပါတယ်။

အဆုပ်ကင်ဆာဟာ မြန်မာနိုင်ငံရဲ့ အမျိုးသားတွေမှာအဖြစ်အများဆုံးဖြစ်ပြီးအမျိုးသမီးတွေမှာတော့တတိယအဖြစ်အများဆုံး ဖြစ်တယ်
လို့မြန်မာကင်ဆာအထူးကုတွေက ဆိုကြပါတယ်။

ယောက်ျားတွေရော မိန်းမတွေပါ ကင်ဆာကြောင့်သေဆုံးရတဲ့ အကြောင်းရင်းထဲမှာ အဆုပ်ကင်ဆာကထိပ်မှာရှိနေပါ
တယ်။ ဒီနံပါတ်က အမြဲတန်းတော့ မဟုတ်ပါ။

အခုချိန် အဆုပ်ကင်ဆာကြောင့် သေဆုံးရသူ ၁ဝ ယောက်ထဲမှာ ဆေးလိပ်သောက်သူက၉ ယောက်ရှိနေပါတယ်။မြန်မာနိုင်ငံမှာ

 ကင်ဆာတွေကြောင့် သေရတဲ့အထဲမှာအများဆုံး ကဆေးလိပ်ကြောင့်ပါ။ဆေးလိပ်သောက်တာကို ရှောင်နိုင်ဖို့ နဲ့ကိုယ်တိုင်ဆေး
လိပ်မသောက်ရင်တောင်မှဆေးလိပ်သောက်တဲ့ သူနားမှာနေပြီးဆေးလိပ်အငွေ့ မရှုရှိုက်မိဖို့က အရေးကြီးဆုံး ဖြစ်နေပါတယ်။

နောက်တစ်ခုက (ရင်ဒေါင်) ဓါတ်ငွေ့ပတ်ဝန်းကျင်ညစ်ညမ်းမှု နဲ့ဓါတုပစ္စည်းတွေရယ် တခြားအကြောင်းအရာတွေ ရယ်ကြောင့်ပါ။

Radon Gas ဓါတ်ငွေ့ ဆိုတာကဓါတုဗေဒလို Rn နဲ့ရေးပြီး အနုမြူနံပါတ် ၈၆ ဖြစ်ပါတယ်…Radon gas (ရင်ဒေါင်) ဟာ သဘာဝဖြစ်
ရေဒီယို ဓါတ်ကြွသတ္တိ ရှိပါတယ်။

အမေရိကားမှာတော့ ဆေးလိပ်ပြီးရင်အဆုပ်ကင်ဆာ ဖြစ်စေတဲ့ဒုတိယ တရားခံပါဘဲ…ဒီရောဂါနဲ့ သေဆုံးရသူထဲက ၁၂% ဟာဒါနဲ့ ဆက်စပ်နေပါတယ်။

နောက်ထပ်တစ်ခုကတော့ အိမ်အမိုးတွေမှာပါနေသေးတဲ့ကျောက်ဂွမ်းအမှုန် (Asbestos Fibers)နဲ့ရေတွင်းတွေမှာအာဆင်းနစ်ဓာတ်

အများအပြားပါဝင်နေတာတွေပါ။ဒါ့အပြင် ကားမီးခိုးငွေ့တွေ အပါဝင် လေထုပတ်ဝန်းကျင် ညစ်နွမ်းမှု့ ကြောင့်လည်းဖြစ်နေပါသေး
တယ်။

ပုံမှန် အားဖြင့် ခန္ဓာကိုယ် ဟာ လိုအပ်တဲ့ဆဲလ် အရေအတွက် ကိုထိန်း ထားပြီးလိုအပ်သည့် အချိန် ကျမှသာဆဲလ် အသစ်ပွား ခြင်း

ကို ပြုလုပ်တတ်ပါတယ်။

ကင်ဆာကြိတ် ဖြစ်ပါက ဆဲလ်ပွားခြင်းပုံမှန် မဟုတ်သော ဆဲလ်များ ဖြစ်လာခြင်း တို့ကြောင့်Tumour (အလုံး၊ သို့မဟုတ်
 အကြိတ်
) ဖြစ်လာ စေပါတယ်။

လျင်မြန်စွာ ကြီးထွား နိုင်ပြီး စတင် ဖြစ်ပေါ်သည့်အဆုတ် အပြင် အခြား သော ကိုယ်အင်္ဂါများ ကိုပါထိုးဖောက် ရောက်ရှိ ပျံ့နှံ
့စေ
ပါတယ်။

အဓိက အများဆုံး ပျံ့နှံ့သည့် နေရာများ မှာအသည်း ဦးနှောက် အရိုး တို့ဖြစ်ကြပြီး အဆုတ်ရဲ့မည်သည့် အစိတ်အပိုင်းတွင် မဆို ဖြစ်စေ နိုင်ပါတယ်။

သို့ သော် ၉၀-၉၅ ရာခိုင်နှုန်း မှာမူ လေပြွန် အဝင်အထွက်အပေါက်များတွင် ကာရံထားသည့် Epithelial များတွင်အများဆုံး

 ဖြစ်နိုင်ကြောင်းတွေ့ရှိရပါတယ်…အန္တရာယ်ဖြစ်စေတဲ့အရာတွေကတော့။

ဆေးလိပ်သောက်ခြင်း ဆေးလိပ်ငွေ့ ရှုရှိုက်မိခြင်း …အိမ်အမိုးတွေမှာပါနေသေးတဲ့ ကျောက်ဂွမ်းအမှုန် (Asbestos Fibers) များ….
မီးခံကျောက်ပြားပါ ကျောက်ဂွမ်းမျှင်။ နစ်ကယ်လ်။ ကက်ဒ်မီယမ်(သို့)ရေဒီယိုသတ္တိကြွပစ္စည်းများ….(ရေဒွန်ငွေ့)နာတာရှည် လေပြွန်ရောင်ခြင်း…တီဘီဖြစ်ဖူးခြင်း။

ပိုးသတ်ဆေး ပေါင်းသတ်ဆေးထိတွေ့ခြင်း…ပီဗွီစီများနှင့်ထိတွေ့မှုရှိခြင်း….တစ်နေ့ကော်ဖီငါးခွက်ထက်ပိုသောက်ခြင်း….ကဖင်း

န်ပါဝင်သော အစားအသောက်များ များများမှီဝဲခြင်း….အရက်သောက် များခြင်း….

ဘလီယိုမိုင်စင်၊ ဆိုက်ကလိုဖော့စ်မာမိုက်ဒ်စသည့်ကင်ဆာဆေးများသွင်းရခြင်း…မာဂျရင်းန်ထောပတ် အဆီအစားများခြင်းတို့

ပါဘဲ….အဆုပ်ကင်ဆာနဲ့ ပတ်သက်ပြီး နောက်ထပ်အရေးကြီးဆုံးသိသင့်တာက တကယ်လို့ ကင်ဆာဖြစ်လာခဲ့ရင်တောင်မှ
ရောဂါရှိနေတာကို စောစောစီးစီးသိနိုင်ဖို့နဲ့ရောဂါမကျွမ်းခင် စောစောစီးစီး ကုသပေးနိုင်ဖို့ ဖြစ်ပါတယ်….

ရောဂါဖြစ်တာကို စောစောစောစီးစီးသိနိုင်ဖို့ကြိုတင်ဆေးစစ်တာတွေ ဘယ်လိုလုပ်သင့်ပြီးဘယ်လို ရောဂါလက္ခဏာတွေပြလာရင် ချက်ချင်းစစ်ဆေးဖို့လိုပါသလဲဆိုတာကိုလည်းသိမှတ်ထားဘို့ လိုပါလိမ့်မယ်…

သတိပေးလက္ခဏာတွေကတော့ ….

ချောင်းဆိုးတာ မပျောက်နိုင်ဘဲဖြစ်နေခြင်း….ချောင်းဆိုးလျှင်သွေးပါခြင်း….ရင်ဘတ်အောင့်ခြင်း….


ခြေကုန်လက်ပန်းကျခြင်း နုံးခြင်း..အသက်ရှုမ၀ခြင်း ရင်ကျပ်ခြင်း…..ရင်ညွန့်ရိုးအောင့်နာခြင်း….

ပခုံးအာရုံကြော များနာခြင်း….အစာ မျိုချရ ခက်ခြင်း ….


အသံပြောင်းခြင်း အသံဝင်ခြင်း….အားနည်းခြင်း ပိန် လာခြင်း….

နောက်လက္ခဏာတစ်ခု က ဆီး၊၀မ်းသွားလာပုံပြောင်းလဲ လာခြင်....


လက်သဲ ခြေသဲများ Drum Stick ကဲ့သို့ ခုံးခုံးလုံးလုံးလေးများဖြစ်လာခြင်း...


ခနခန ငှက်ဖျားဖျားသလို ဖျားခြင်း....ဆီးသွား ဖို့ခက်ခဲခြင်း....

ဖြစ်ခါစမှာ မသိသာနိုင်သလို ဘာမှမခံစားရသေးပေမယ့်ဆက်ဖြစ်လာခဲ့ရင် ….ကင်ဆာ ဆဲလ်တွေ အရိုးကို ပြန့်ပွားပါကအရိုးနာခြင်း အောင့်ခြင်းတို့ ဖြစ်စေနိုင် ပါတယ်…

ဦးနှောက်ကို ပြန့်ပွားပါက အမြင် ဝေ၀ါးခြင်းခေါင်းကိုက်ခြင်း တက်ခြင်းလေဖြတ်ခြင်း တို့ကို ဖြစ်စေနိုင်ပါတယ်….လက္ခဏာများ ခံစားရပါက သက်ဆိုင်ရာ ဆရာဝန်နှင့်တိုင်ပင်ပြီး ကုသမှု ခံယူ သင့်ပါတယ်….

အဆုတ် ကင်ဆာ ရောဂါကို ကုသရာတွင်


ရောဂါ အဆင့် အလိုက် မူတည်ပြီး ခွဲစိတ် ကုသခြင်း (Surgery)


ဓာတ်ရောင်ခြည် ဖြင့် ကုသခြင်း (Radiotherapy)


ဆေးသွင်း ကုသခြင်း (Chemo-therapy)


အစ ရှိသည့် နည်းလမ်းများ ဖြင့် ကုသ နိုင်ပါတယ်…
နောက်ပေါ် ဆေးဝါးသစ်တွေက အားတက်စရာ ရှိပါတယ်….

ဆေးလိပ် က အဓိက အကြောင်း အရင်း တစ်ခု ပါ…ဖြစ်ပွားမှု နှုန်း၏ ၉၀ ရာခိုင်နှုန်းမှာဆေးလိပ် သောက်သုံးခြင်း ကြောင့်ဖြစ်နေပါ

တယ်…

ဆေးလိပ်မှာ ဓာတု ပစ္စည်း ပေါင်း လေးထောင် ကျော်ခန့် ပါဝင်ပြီးအများစုမှာ ကင်ဆာ ဖြစ်စေသည့် အမျိုးအစား များဖြစ်ပါတယ်…
အဲဒီ အထဲတွင် Nitrosamine နှင့်Polycyclic Aromatic Hydrocarbon တို့ဟာကင်ဆာ ဖြစ်စေ နိုင်တဲ့ အဓိက ဓာတု
 ပစ္စည်းများ
 ဖြစ်ပါတယ်....

အသက်ရှူလမ်း တစ်လျှောက်မှာ Cilia ခေါ်တဲ့အမွှေးသေးသေးလေးတွေ ရှိနေပါတယ်….အဆိပ် အတောက်တွေ ဗက်တီးရီး

ယားတွေ နဲ့ဗိုင်းရပ်စ်တွေ ဝင်လာရင် တားဆီးပေးတတ်တယ်….

ဆေးလိပ်ငွေ့က ဒီအမွှေးလေးတွေကိုဖြတ်လိုက်သလိုဖြစ်နေစေပါတယ်….အဲဒီအခါ Carcinogens ကင်ဆာဖြစ်စေနိုင်
တာတွေ
အဆုပ်ထဲကို အတားအဆီးမရှိ ဝင်လာနိုင်ကြပါတယ်….

ဆေးလိပ် သောက်သုံးသူနဲ့ အနီး ကပ်နေထိုင် သူတွေမှာလည်း ဆေးလိပ်ငွေ့ ရှူရှိုက်မိ တဲ့အတွက်အဆုတ် ကင်ဆာ ရော
ဂါကိုဖြစ်
ပွားစေ နိုင်ပါတယ်…

ဇနီးဖြစ်ဖြစ် ခင်ပွန်းဖြစ်ဖြစ် ဆေးလိပ် သောက်သူဖြစ်ရင်သူများတွေထက် ၂ဝ-၃ဝ% ပိုဖြစ်လာနိုင်ပါတယ်….

သတ္တု တူးဖော်ရေး လုပ်ငန်း များနဲ့ လုပ်ငန်းခွင်တွေမှာအများဆုံး ရင်ဆိုင်တွေ့ကြုံ ရတာကကျောက်ဂွမ်း အမှုန်များပါဘဲ…အသက်ရှူ

 တဲ့ခါ အဆုတ် အတွင်းကိုရောက်ရှိပြီးဆေးလိပ်လည်း သောက်နေမယ်ဆိုရင်အဆုတ်ကင်ဆာ ဖြစ်ပွားမှု နှုန်းကို ပိုမို မြင့်မား စေ
ပါတယ်..

မျိုးရိုးဗီဇ (Gene) ပေါ်တွင် မူတည်ပြီး မိဘဘိုးဘွား များမှာအဆုတ် ကင်ဆာဖြစ်ပွား ခဲ့သူရှိမယ်ဆိုရင်ဖြစ်နိုင်ခြေ ရာ
ခိုင်နှုန်း ပိုမြင့်
မား တာကို တွေ့ရှိရပါတယ်…အဆုတ် တွင် အနာဖြစ်ဖူးခြင်း အဆုတ်ရောင်ခြင်းကုသမှု ခံယူပြီးသော အဆုတ် ရောဂါများဖြစ်
ပွား ခဲ့ဖူးရင်လည်း အဆုတ် ကင်ဆာဖြစ်နိုင်ချေ ရာခိုင်နှုန်း များနိုင်ပါတယ်…

အဆုတ် ကင်ဆာ ဖြစ်ပွား သူတွေရဲ့ ၂၅ရာခိုင်နှုန်း ဟာChest X-ray ၊ သို့မဟုတ် CT-scan တွင်ကင်ဆာကြိတ် စတင်
 တွေ့ရှိ
ချိန် တွင်မူမည်သည့် ရောဂါ လက္ခဏာမှ ခံစားရခြင်း မရှိတတ်ချေ…

အဆုတ်ကင်ဆာကို ကာကွယ်ဖို့ကဆေးလိပ် မသောက်ရင်အကောင်းဆုံးပါ…သောက်နေသူဖြစ်ပြီး ဖြတ်လို ရင် နီကိုတင်း ပါဝင်သောပီကေ အငွေ့ ရူဆေးများ ကိုအသုံးပြုပြီးဆေးလိပ် ဖြတ်သင့်ပါတယ်…
သူများဆေးလိပ်ငွေ့ များကိုမရှူမိ စေရန်လည်း သတိပြု သင့်ပါတယ်..

အလုပ်ခွင် အတွင်း မှာလည်း လုံခြုံ စိတ်ချ ရမယ့်အကာအကွယ်ပေးနိုင်တာတွေ ဝတ်ဆင်ပြီးအလုပ်လုပ် သင့်ပါတယ်..


နောက်လက္ခဏာတစ်ခု က ဆီး၊၀မ်းသွားလာပုံပြောင်းလဲ လာခြင်း....လက်သဲ ခြေသဲများ Drum Stick ကဲ့သို့ ခုံးခုံးလုံးလုံးလေး

များဖြစ်နေတတ်ပါတယ်။အဆိုပါ လက္ခဏာရပ်များ ဖြစ်ပေါ်နေပြီဆိုပါကကင်ဆာ အဆင် ၂ နှင့် ၃ တစ်ခုခု ဖြစ်နေ လောက်ပါပြီ..
နောက်တစ်ခု က ခနခန ငှက်ဖျားဖျားသလို ဖျားခြင်းပါ နာတာရှည်အဖျားရောဂါနဲ့လည်းမှားတတ်ပါတယ်ဖျားခြင်းကိုသတိပြုဆင်ု
ခင်ရမှာဖြစ်ပါတယ်မကြာခနဖျားပြီဆိုရင် တရာဝန်နဲ့သေချာစစ်ဆေးသင့်ပါတယ်

နောက်၁ခုက ဆီးသွား ဖို့ခက်ခဲတာပါ ဆီး ၁ခါသွားဖို့ ၅မိနစ်လောက်အချိန်ယူရတာမျိုးပါအဲ့ဒါက တော့ ကိုယ်တွင်း အင်္ဂါ 
များရဲ့ 
အလေးထ၁ခုပြောင်းလဲ လာခြင်းကိုပြတာဖြစ်ပါတယ်....

ကင်ဆာ ရောဂါ လက္ခဏာတွေကို စောစောသာသတိမူပြီးကျန်းမာရေး စစ်ဆေးမှု များကို စနစ်တကျ ပြုလုပ်ခဲ့ရင်ကုသမှု့
 အောင်မြင်ခြေ ရာခိုင်နှုန်း ပိုမိုမြင့်မား ပါတယ်…

တကယ်လို့များ သင်သာ ဆေးလိပ်မသောက်သူတစ်ဦးဖြစ်နေပါက မဖြတ်သေးသူတွေထက် ကင်ဆာဖြစ်နိုင်ချေ ပိုဝေးနေသေး

တယ်ဆိုတာ တွေးရင်းဝမ်းသာလိုက်ပါတော့…..။ ။

လူသားအားလုံး ကင်ဆာဝေဒနာဆိုးမှကင်းဝေးနိုင်ကြပါစေ...

အားလုံးကို အစဉ်လေးစားလျှက်...

မိုးမင်း,  Dr. တင့်ဆွေ

KOLATT(PBDN)

RangonNewsDaily

0 comments:

Post a Comment