Pages

Saturday, May 3, 2014

ကမ္ဘောဇဘဏ် ချေးငွေဖြင့် လုပ်ငန်းလည်ပတ်မည့် ကြယ်လေးပွင့် အဆင့်ရှိ တော်ဝင်ဂါးဒင်း ဟိုတယ် ဖွင့်မည်


RangonNewsDaily: May . 3 .2014
နိုင်ငံတကာအဆင့်မီ ဝန်ဆောင်မှု ပေးနိုင်သည့် ဟိုတယ်အရေအတွက် နည်းပါးနေမှုကို ဖြည့်ဆည်းပေးရန် ရန်ကုန်မြို့ ပြည်လမ်းရှိ တော်ဝင်ဈေးဝယ်စင်တာတွင် ကမ္ဘောဇဘဏ် ချေးငွေဖြင့် လုပ်ငန်း လည်ပတ်မည့် ကြယ်လေးပွင့် အဆင့်ရှိ တော်ဝင်ဂါးဒင်း ဟိုတယ်
ကို ၂၀၁၄ ခုနှစ် မေလ ၁၈ ရက်နေ့တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း တော်ဝင်မိသားစု ကုမ္ပဏီဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောကြား
သည်။
ဈေးဝယ်စင်တာ၏ လေးလွှာမှ ရှစ်လွှာတွင် ယင်းဟိုတယ်ကို ဖွင့်လှစ်မည် ဖြစ်ပြီး အခန်းပေါင်း ၅၁၃ ခန်းပါရှိကာ Superior၊ Deluxe၊ Premier၊ Family၊ Executive Suite၊ Princess Suite၊ Taw Win Suiteအခန်းအမျိုးအစားခုနစ်မျိုးပါဝင်သည့်အပြင် အစည်းအဝေး
ခန်းမများ၊ နိုင်ငံတကာ အစားအစာမျိုးစုံ ရရှိနိုင်သော စားသောက်ဆိုင်များ၊ အပန်းဖြေ ခန်းမဆောင်များ၊ ရုံးပိုင်းဆိုင်ရာ ဝန်ဆောင်မှု ပေးနိုင်သည့် စင်တာများလည်း ပါဝင်ကြောင်း တော်ဝင်ဂါးဒင်း ဟိုတယ်ထံမှ သိရသည်။

ယင်းဟိုတယ်ကို မြန်မာအမျိုးသားပိုင် ဟိုတယ်တစ်ခုအဖြစ် ရပ်တည်သွားမည် ဖြစ်၍ ဟိုတယ်ဝန်ထမ်း ၄၅၀ ကျော်နှင့် အုပ်ချုပ်ရေး အဖွဲ့များကိုလည်း နိုင်ငံသားများသာ ခန့်ထားမည် ဖြစ်ကြောင်း ဦးကိုကိုထွေးက ဆိုသည်။

မေလ ၁၈ ရက်နေ့တွင် စတင်ဖွင့်လှစ်မည့် တော်ဝင်ဂါးဒင်း ဟိုတယ်အနေနှင့် ဧည့်သည်များကို မေလ ၁၅ ရက်နေ့မှ စတင် လက်ခံ

သွားမည် ဖြစ်ကြောင်း အဆိုပါဟိုတယ် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံကို ပြည်ပခရီးသွား ရောက်ရှိမှုသည် ၂၀၁၂ ခုနှစ်တွင် ၁ ဒသမ ၀၆ သန်း၊၂၀၁၃ ခုနှစ်တွင် ၂ ဒသမ ၀၄ သန်း ရှိကြောင်း

၊ ခရီးသွားလုပ်ငန်းမှ အမျိုးသားဝင်ငွေ ရရှိမှုသည်လည်း ၂၀၁၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅၃၄ သန်း ရရှိခဲ့ရာမှ ၂၀၁၃ ခုနှစ်
တွင် ၉၂၆ သန်းအထိ တိုးတက်လာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနထံမှ သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် လိုင်စင်ပေးပြီး ဟိုတယ်၊ မိုတယ်၊ တည်းခို ရိပ်သာပေါင်း ၂၃၈ လုံးရှိပြီး အခန်းပေါင်း ၁၀,၄၅၅ ခန်း

ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

The Voice , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment