Pages

Saturday, May 3, 2014

ကိုလံဘီယာနိုင်ငံတွင် တရားမ၀င် မိုင်းတွင်းပြိုကျပြီး လူသုံးဦးသေ၊ ၃၀ ဦး ထပ်မံသေဆုံးဖွယ်ရှိ


RangonNewsDaily: May . 3 .2014
ဆန်တန်ဒါဒီကွီလီချာအိုကိုလံ ဘီယာ နိုင်ငံအနောက်ပိုင်းရှိ တ ရားမ၀င်ရွှေတွင်းတစ်တွင်း ပြိုကျ ပြီးနောက် အနည်းဆုံးလူသုံးဦး သေဆုံးပြီး နောက်ထပ် လူပေါင်း ၃၀ သေဆုံးဖွယ်ရှိသည်ဟု ကယ် ဆယ်ရေးအရာရှိများက မေလ ၁ ရက်တွင် ပြောသည်။
အခင်းဖြစ်ရာ နေရာသို့ ရောက်လာပြီး အလောင်းသုံး လောင်းဖယ်ရှားနိုင်ခဲ့သည်ဟု အ ခင်းဖြစ်ပွားရာကော်ကာပြည်နယ် မီးသတ်ဌာန အကြီးအကဲ ဗစ်တာ ကလာရို့စ်က ပြောသည်။

ယင်းမိုင်းတွင်းမှ အသက် ရှင်လျက် ဆွဲထုတ်ကယ်တင်နိုင် ခဲ့သူ နှစ်ဦးကို နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ထားသည်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။ သို့ သော် ယင်းရွှေတွင်းကျွံဝင်သွား ပြီးနောက် ဘေးကင်းရာသို့ ချက် ချင်းဆွဲထုတ်ကယ်နိုင်ခြင်းမရှိ သေးသူများမှာ အသက်ရှင်နိုင်ရန် မျှော်လင့်ချက် အနည်းငယ်သာ ရှိသည်ဟု ကလာရို့စ်က ပြော သည်။

အချို့သော အလုပ်သမား များမှာ ကမ္ဘာ့မြေမျက်နှာပြင် အောက် မီတာ ၂၀ အနက်တွင် ပိတ်မိနေသည်ဟု ၎င်းက ပြော သည်။ မိုင်းတွင်းလုပ်သားများ ခွင့်ပြုချက်မရှိဘဲ ရွှေတူးဖော် နေရာ ဆန်တန်ဒါ ဒီကွီလီချာ အိုမြို့ အပြင်ဘက်ရှိ မိုင်းတွင်းပြို ကျခဲ့ခြင်းဖြစ်သည်ဟု ကလာရို့စ် က ပြောသည်။


ကိုလံဘီယာနိုင်ငံတွင် မိုင်း တွင်းပေါင်း ၁၄၀၀၀ ကျော်ရှိပြီး ယင်းတို့အနက် ထက်ဝက်ကျော် မှာ ခွင့်ပြုချက်ရယူထားခြင်းမ ရှိဘဲ လုပ်ကိုင်နေကြသည်ဟု အာ ဏာပိုင်များက ပြောသည်။ အ ချို့သော တရားမ၀င်မိုင်းတွင်းများ မှ မိုင်းတွင်းတူးဖော်ရေး စက်ကိရိ ယာများကို အစိုးရက သိမ်းပိုက် ခြင်းများပင် ပြုလုပ်ထားသည်။

Ref: AFP , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment