Pages

Tuesday, April 2, 2013

၂၀၁၃ခုနှစ် ရန်ကုန်နှင့် မန္တလေး သင်္ကြန်မဏ္ဍပ်များအတွက် မြို့တော်စည်ပင်မှ သတင်း ထုတ်ပြန်ချက်များ

မဟာသင်္ကြန်ရက်များအတွင်း ရန်ကုန်တိုင်း စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ မြို့နယ် ၂၀ အား ပုံမှန်အတိုင်း ရေပေးဝေသွားမည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ မြို့နယ် ၂၀အတွင်း တာမွေ၊ မင်္ဂလာတောင်ညွှန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာဒုံ၊ အင်းစိန်၊ မရမ်းကုန်း၊ ရန်ကင်း၊ ကမာရွတ်၊ လှိုင်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သင်္ကန်းကျွန်း၊ သာကေတ၊ ဒေါပုံ၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းနှင့် အရှေ့ဒဂုံမြို့နယ်တို့ ပါဝင်ပြီး သင်္ကြန် အကြိုနေ့မှ အတက်နေ့ အထိ ပေးဝေနေကျ အစီအစဉ်အတိုင်း ရေပေးသွားမည်ဟု စည်ပင်သာယာကော်မတီ၊ အင်ဂျင်နီယာဌာန (ရေသန့်နှင့် သန့်ရှင်းမှု) ဌာနမှ ပြောသည်။

ရေကစား မဏ္ဍပ်များအတွက် ၁ လက်မ ၁.၅လက်မနှင့် ၂ လက်မ ရေပိုက်လိုင်းများသာ စည်ပင် ရေပေးဝေရေး ပိုက်လိုင်းမှ သွယ်ယူ အသုံးပြုခွင့် ပေးသွားမည်ဖြစ်ပြီး တခြားမြို့နယ်များဖြစ်သော အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်းမြို့နယ်နှင့် ရန်ကုန်မြို့လယ်ပိုင်းရှိ မြို့နယ် ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဗဟန်း၊ ဒဂုံမြို့နယ်တို့ကိုလည်း မနက် ၇ နာရီမှ ၁၁ နာရီအထိ တစ်ကြိမ် ညနေ ၃ နာ၇ီမှ ၆ နာရီအထိ တစ်ကြိမ် တစ်နေ့လျှင် နှစ်ကြိမ် အချိန်အတိုင်း မဏ္ဍပ်များကို ယခင်နှစ်များအတိုင်း ပေးသွားမည်ဟုသိရသည်။
ရေယူသုံးမည့် မဏ္ဍပ်များအနေဖြင့် ၁ လက်မနှင့် ၁.၅ ပိုက် အသုံးပြုမည် ဆိုပါက ကျပ် ၁ သိန်း၊ ၂ လက်မပိုက်အတွက် ကျပ် ၁သိန်းခွဲ ပေးသွင်းရမည်ဖြစ်ပြီး အင်းလျားလမ်းနဲ့ ကန်တော်ကြီးပတ်လမ်းရှိ ရေယူ သုံးသူမည့်သူများအတွက် ၃လက်မ ပိုက်လိုင်းကို ခွင့်ပြုပေးကာ ၃ လက်မ ပိုက်သုံး မဏ္ဍပ်များသည် ရေသွယ်ယူခ ကျပ် ၂.၂ သိန်းကို သင်္ကြန်အကြိုနေ့ နေ့လည် ၁၂ နာရီအမီ ပေးသွင်းရမည်ဟု သိရသည်။ ထို့ပြင် ရေပိုက်ဖိုးများမှာ ယခင်နှစ်နှုန်းထားထက် ထက်ဝက်ခန့် ဈေး မြင့်တက်လာကြောင်း သိရသည်။
မန္တလေးမြို့တွင်လည်း သင်္ကြန်မဏ္ဍပ် တည်ဆောက်လိုသူများသည် မတ်လအတွင်း လာရောက် လျှောက်ထားသူ ၈၀ကျော် ၀န်းကျင်ခန့် ရှိနေပြီဟု သိရသည်။ မန္တလေးမြို့ မဏ္ဍပ်တည်ဆောက် လိုသူများသည် ကျုံးဘေး ပတ်လည်မှာ တည်ဆောက်လိုပါက အာမခံကြေး ငွေကျပ် ၅ သိန်း ပေးသွင်းရမည်ဖြစ်ပြီး ကန်တော်ကြီးနေရာနဲ့ မြို့တွင်းနေရာများတွင် မဏ္ဍပ်ဆောက်လိုပါက အာမခံကြေး ပေးသွင်းဖို့ မလိုအပ်ကြောင်း သိရသည်။ မဏ္ဍပ် ဆောက်လိုသူများသည် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ချပေးထားသော သတ်မှတ်နေရာ အကျယ်အ၀န်း အတွင်းသာ တည်ဆောက်ရမည်ဖြစ်ပြီး မဏ္ဍပ်အောက် ၁၀ပေ ပတ်လည် အမှိုက်ကန်နဲ့ ယာယီ ရေလောင်း အိမ်သာတို့ ပါရှိရမည် ဖြစ်ပြီး မဏ္ဍပ်များတွင် ဆေးလိပ်၊ အရက်နဲ့ ဘီယာများ ရောင်းချခြင်း များ၊ ပြုလုပ်ခွင့်များ မရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အခွန် ဌာနမှ သတင်းထုတ်ပြန်ထားသည်ဟု သိရသည်။

ယခင်နှစ်များက မဏ္ဍပ်ဆောက်မည်ဆိုလျှင် အာမခံကြေး ငါးသိန်း ပေးသွင်းရပြီး အဆိုပါ အာမခံကြေးများကို ပလက်ဖောင်း အပျက်အဆီးများအတွက် ပြန်မထုတ်ပေးခြင်းများ ရှိကြောင်း၊ ၂၀၁၂ခုနှစ် သင်္ကြန်ကာလတွင် တောင်ဘက်ကျုံး၌ မဏ္ဍပ် ၁၇ခုရှိခဲ့ရာ ၁၀နေရာ အတွက်ပင် မဲနှိုက်ခဲ့ရသည်များ ရှိကြောင်း ယခင်နှစ် လမ်း ၈၀တွင် မဏ္ဍပ် ဆောက်လုပ်ဖူးခဲ့သူတစ်ဦးက ဆိုသည်။ ရန်ကုန်နှင့် မန္တလေး သင်္ကြန်မဏ္ဍပ်များတွင် CCTV ကင်မရာများ တပ်ဆင်ပြီး၊ လုံခြုံရေး ၀န်ထမ်းများ ထားရှိပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Myanmar ICT

မဟာသင်္ကြန်ရက်များအတွင်း ရန်ကုန်တိုင်း စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ မြို့နယ် ၂၀ အား ပုံမှန်အတိုင်း ရေပေးဝေသွားမည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ မြို့နယ် ၂၀အတွင်း တာမွေ၊ မင်္ဂလာတောင်ညွှန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာဒုံ၊ အင်းစိန်၊ မရမ်းကုန်း၊ ရန်ကင်း၊ ကမာရွတ်၊ လှိုင်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သင်္ကန်းကျွန်း၊ သာကေတ၊ ဒေါပုံ၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းနှင့် အရှေ့ဒဂုံမြို့နယ်တို့ ပါဝင်ပြီး သင်္ကြန် အကြိုနေ့မှ အတက်နေ့ အထိ ပေးဝေနေကျ အစီအစဉ်အတိုင်း ရေပေးသွားမည်ဟု စည်ပင်သာယာကော်မတီ၊ အင်ဂျင်နီယာဌာန (ရေသန့်နှင့် သန့်ရှင်းမှု) ဌာနမှ ပြောသည်။

ရေကစား မဏ္ဍပ်များအတွက် ၁ လက်မ ၁.၅လက်မနှင့် ၂ လက်မ ရေပိုက်လိုင်းများသာ စည်ပင် ရေပေးဝေရေး ပိုက်လိုင်းမှ သွယ်ယူ အသုံးပြုခွင့် ပေးသွားမည်ဖြစ်ပြီး တခြားမြို့နယ်များဖြစ်သော အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်းမြို့နယ်နှင့် ရန်ကုန်မြို့လယ်ပိုင်းရှိ မြို့နယ် ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဗဟန်း၊ ဒဂုံမြို့နယ်တို့ကိုလည်း မနက် ၇ နာရီမှ ၁၁ နာရီအထိ တစ်ကြိမ် ညနေ ၃ နာ၇ီမှ ၆ နာရီအထိ တစ်ကြိမ် တစ်နေ့လျှင် နှစ်ကြိမ် အချိန်အတိုင်း မဏ္ဍပ်များကို ယခင်နှစ်များအတိုင်း ပေးသွားမည်ဟုသိရသည်။

ရေယူသုံးမည့် မဏ္ဍပ်များအနေဖြင့် ၁ လက်မနှင့် ၁.၅ ပိုက် အသုံးပြုမည် ဆိုပါက ကျပ် ၁ သိန်း၊ ၂ လက်မပိုက်အတွက် ကျပ် ၁သိန်းခွဲ ပေးသွင်းရမည်ဖြစ်ပြီး အင်းလျားလမ်းနဲ့ ကန်တော်ကြီးပတ်လမ်းရှိ ရေယူ သုံးသူမည့်သူများအတွက် ၃လက်မ ပိုက်လိုင်းကို ခွင့်ပြုပေးကာ ၃ လက်မ ပိုက်သုံး မဏ္ဍပ်များသည် ရေသွယ်ယူခ ကျပ် ၂.၂ သိန်းကို သင်္ကြန်အကြိုနေ့ နေ့လည် ၁၂ နာရီအမီ ပေးသွင်းရမည်ဟု သိရသည်။ ထို့ပြင် ရေပိုက်ဖိုးများမှာ ယခင်နှစ်နှုန်းထားထက် ထက်ဝက်ခန့် ဈေး မြင့်တက်လာကြောင်း သိရသည်။

မန္တလေးမြို့တွင်လည်း သင်္ကြန်မဏ္ဍပ် တည်ဆောက်လိုသူများသည် မတ်လအတွင်း လာရောက် လျှောက်ထားသူ ၈၀ကျော် ၀န်းကျင်ခန့် ရှိနေပြီဟု သိရသည်။ မန္တလေးမြို့ မဏ္ဍပ်တည်ဆောက် လိုသူများသည် ကျုံးဘေး ပတ်လည်မှာ တည်ဆောက်လိုပါက အာမခံကြေး ငွေကျပ် ၅ သိန်း ပေးသွင်းရမည်ဖြစ်ပြီး ကန်တော်ကြီးနေရာနဲ့ မြို့တွင်းနေရာများတွင် မဏ္ဍပ်ဆောက်လိုပါက အာမခံကြေး ပေးသွင်းဖို့ မလိုအပ်ကြောင်း သိရသည်။ 
 
မဏ္ဍပ် ဆောက်လိုသူများသည် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ချပေးထားသော သတ်မှတ်နေရာ အကျယ်အ၀န်း အတွင်းသာ တည်ဆောက်ရမည်ဖြစ်ပြီး မဏ္ဍပ်အောက် ၁၀ပေ ပတ်လည် အမှိုက်ကန်နဲ့ ယာယီ ရေလောင်း အိမ်သာတို့ ပါရှိရမည် ဖြစ်ပြီး မဏ္ဍပ်များတွင် ဆေးလိပ်၊ အရက်နဲ့ ဘီယာများ ရောင်းချခြင်း များ၊ ပြုလုပ်ခွင့်များ မရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အခွန် ဌာနမှ သတင်းထုတ်ပြန်ထားသည်ဟု သိရသည်။

ယခင်နှစ်များက မဏ္ဍပ်ဆောက်မည်ဆိုလျှင် အာမခံကြေး ငါးသိန်း ပေးသွင်းရပြီး အဆိုပါ အာမခံကြေးများကို ပလက်ဖောင်း အပျက်အဆီးများအတွက် ပြန်မထုတ်ပေးခြင်းများ ရှိကြောင်း၊ ၂၀၁၂ခုနှစ် သင်္ကြန်ကာလတွင် တောင်ဘက်ကျုံး၌ မဏ္ဍပ် ၁၇ခုရှိခဲ့ရာ ၁၀နေရာ အတွက်ပင် မဲနှိုက်ခဲ့ရသည်များ ရှိကြောင်း ယခင်နှစ် လမ်း ၈၀တွင် မဏ္ဍပ် ဆောက်လုပ်ဖူးခဲ့သူတစ်ဦးက ဆိုသည်။ ရန်ကုန်နှင့် မန္တလေး သင်္ကြန်မဏ္ဍပ်များတွင် CCTV ကင်မရာများ တပ်ဆင်ပြီး၊ လုံခြုံရေး ၀န်ထမ်းများ ထားရှိပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Myanmar ICT, Rangonnewsdaily
RND:2.4.2013

0 comments:

Post a Comment