Pages

Tuesday, April 2, 2013

ပိုတောင်းသည့် အဝေးပြေးလက်မှတ်တစ်စောင် ငါးသောင်းနှုန်းဖြင့် အရေးယူမည်

ပိုတောင်းသည့် အဝေးပြေးလက်မှတ်တစ်စောင် ငါးသောင်းနှုန်းဖြင့် အရေးယူမည်
Tuesday, 02 April 2013

အဝေးပြေးမော်တော်ယာဉ်လိုင်းများမှ ကားလက်မှတ်ခများ သတ်မှတ်
ဈေးနှုန်းထက် ပိုပေး၍ ၀ယ်ယူနေရပါက ရောင်းချသည့် ယာဉ်လိုင်းများအား
အရေးယူသွားမည်ဖြစ်ကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်း
ကြီးကြပ်မှုဗဟိုကော်မတီက သိရသည်။ 

ခရီးသွားပြည်သူများက သတ်မှတ်ဈေးနှုန်းထက် ပိုပေးရသည့်လက်မှတ်
များဖြင့် မထသ(အဝေးပြေး)သို့ သွားရောက် တိုင်ကြားပါက ပိုမိုကောက်
ခံထားသော ကားလက်မှတ်နှုန်းထားအား ဂိတ်မှ ပြန်အမ်းပေးရ မည်ဖြစ်ပြီး လက်မှတ်တစ်စောင် အတွက် ဒဏ်ငွေကျပ် ငါးသောင်း ပေးဆောင်
ရမည်ဖြစ်ကြောင်း သိရှိရသည်။ 

အဆိုပါ အရေးယူမှုကို မလိုက်နာသည့် ကားဂိတ်(ယာဉ်လိုင်း)များကို ဒုတိယအဆင့်အနေဖြင့် ပို့ဆောင်ရေး ၀န်ကြီးဋ္ဌာန လက်အောက်ရှိ
ပို့ဆောင်ရေးစီမံကိန်းဦးစီးဋ္ဌာနက ယာဉ်လိုင်းပြေးဆွဲခွင့် (၂)ပတ်သို့တစ်လ ပိတ်သိမ်းသည်အထိ အရေးယူမည်ဖြစ်ကြောင်း မထသ အဝေးပြေးဥက္ကဋ္ဌ
ထံက သိရှိရသည်။

ခရီးဝေးပြေးဆွဲနေသည့် ယာဉ်လိုင်များအနေဖြင့် စီအန်ဂျီ ကားဖြစ်ပါက တစ်မိုင်လျှင်(၁၆)ကျပ်နှုန်းထား ကောက်ခံရန် ညွှန်ကြားထားကြောင်းနှင့် ဒီဇယ်ကားဖြစ်ပါက တစ်မိုင်လျှင် ကျပ်(၂၀)နှုန်းထားနှင့် အဲယားကွန်း
ဘတ်စ်ကား များအတွက် တစ်မိုင် လျှင် (၂၄)ကျပ်နှုန်းထားဖြင့် ပြေးဆွဲရန် ညွှန်ကြားထားကြောင်းကိုလည်း သိရသည်။

သင်္ကြန်ရုံးပိတ်ရက်များအတွက် အဝေးပြေးကားလက်မှတ်ဝယ်ယူရာ၌ ကားလက်မှတ်မရှိတော့ခြင်း၊ ကြိုတင်လက်မှတ် ရောင်းချမပေးခြင်း
အပါအ၀င် ကားခနှုန်းထားများ မြင့်တက်နေခြင်းကြောင့် ခရီးသွားများ
အနေဖြင့် အခက်တွေ့လျက်ရှိကြောင်း သိရှိရသည်။ 

ရန်ကုန်- ချောက် ပြေးဆွဲနေသော အောင်ဇေယျကားဂိတ်မှ ကားလက်မှတ်
များမှာ ယခင်က ပုံမှန်ကျပ် ရှစ်ထောင်မှ ယခုတွင် သင်္ကြန်ကာလအတွက် လက်မှတ်တစ်စောင်လျှင် ကျပ်တစ်သောင်းဝန်းကျင်အထိ ဈေးနှုန်း မြင့် တက်နေခြင်းဖြစ်သည်။ ရန်ကုန်- ရွှေကျင် ပြေးဆွဲနေသော ၀င်းရတနာ ကားဂိတ်မှ ကြိုတင်လက်မှတ်များအား ဧပြီလ(၃)ရက်နေ့မှသာ စတင်ရောင်း
ချမည်ဖြစ်ပြီး ယခင်က ကျပ်နှစ်ထောင်တန် ကားလက်မှတ်ခမှာ ယခု
လေးထောင်ကျပ်ဈေးရှိကြောင်း သိရသည်။ 

`` ကျွန်တော်က ပြင်ဦးလွင်ကိုပြန်ဖို့ ရာဇာမင်းကို Booking လှမ်းလုပ်တာ မရဘူးပြောတယ်၊ ဒါက နှစ်တိုင်း လိုလို ဖြစ်နေတာ၊ သူတို့က ရက်ကပ်
လာပြီဆိုတော့မှ ဈေးတွေ အသားကုန် တင်ရောင်းကြတာ၊ ဒါပေမဲ့လည်း မဖြစ်မနေ ကိုယ့်အိမ်ကိုယ် တစ်နှစ်တစ်ခေါက် ပြန်ရတာဆိုတော့ ၀ယ်ရ
တာပါပဲ´´ ဟု ပြင်ဦးလွင်ကားလက်မှတ် ၀ယ်ယူလိုသူတစ်ဦးက ပြောသည်။ 

ယခင်နှစ်များက ကားလက်မှတ်များသည် ပြန်မည့်နေရာဒေသနှင့် ကားဂိတ် အမျိုးအစားပေါ် မူတည်၍ ပုံမှန် ဈေးထက် အနည်းဆုံး နှစ်ထောင်မှ ရှစ်ထောင်ဝန်းကျင်အထိ ဈေးနှုန်းများမြင့်တတ်လေ့ရှိကြောင်း ကား လက်မှတ်ဝယ်ယူသူများထံက သိရသည်။

“ကျွန်တော်က လားရှိုးကို ပြန်ရမှာ၊ စိန်မျှားကားဂိတ်ကို ဖုန်းဆက်တော့ ၁၀ ရက်နေ့ ကားမထွက်ဘူး ပြောတယ်၊ မြတ်မန္တလာထွန်းကို ဖုန်းဆက်တော့ ကားလက်မှတ်က ကုန်နေပြီ ပြောတယ်၊ သင်္ကြန်နီးရင် အဲ့လို ဖြစ်မှာစိုးလို့ မတ်လ အစကတည်းက ၀ယ်တော့လည်း မရောင်းသေးဘူးပြောတယ်၊
ပြီးခဲ့တဲ့နှစ်တွေ တုန်းကလည်း ဒီလိုပဲ၊ ပြီးတော့ ပြန်ဖို့ ရက်ကပ်လာတော့မှ
ဈေးတွေ အဆမတန်တင်ပြီး ရောင်းကြတယ်’’ ဟု လားရှိုးပြန်လိုသူ ဦးထွန်းအောင်က ပြောသည်။ 

အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်း၌ ကြိုတင်လက်မှတ်မှာကြားလို
သူများအား လက်ခံခြင်း မရှိသည့် ကားဂိတ်များ၊ ဈေးနှုန်းအပြောင်း
အလဲမရှိသည့်ကားဂိတ်များနှင့် ဈေးနှုန်းမသတ်မှတ်ရသေးသည့် ကားဂိတ်များ လည်း ရှိကြောင်း ကားလက်မှတ်ဝယ်ယူလိုသူများထံမှ သိရသည်။ 

“အခုလို booking မပေးတာ ဘုရားဖူး အော်ဒါပါတဲ့ ကားတွေရှိနေတော့ ကျွန်တော်တို့က Booking ပေးလိုက်ရင် အဲဒီချိန် ကားလိုင်းနည်းသွားရင် ကြိုလုပ်တဲ့သူတွေ ကားမရတာဖြစ်နိုင်တယ်။ ခရီးသွားတွေ အဆင်မပြေဖြစ်
မှာ စိုးလို့ပါ။” ဟု နီလာဝင်း ပုသိမ် ကားဂိတ်က ဆိုသည်။ 

‘သူတို့က ကားဆွဲစားနေတာလေ၊ ဘုရားဖူး အော်ဒါလိုက်တယ်ဆိုလဲ မရတဲ့ ကားအရေအတွက် သေချာ သိရမှာပေါ့၊ အော်ဒါမရရင် ဂိတ်ပြန်ထိုးဆိုတာ မျိုးမဖြစ်သင့်ဘူး ၊ အော်ဒါအတွက် တစ်စီး၊ နှစ်စီး ချန်ထားပြီး ကျန်တာကို လက်မှတ်လုပ်ပေးပေါ့ ၊Booking မပေးဘူး ဆိုတာ သူတို့ ဈေးတောင်း
ကောင်းအောင် လုပ်တာနေမှာ၊ ခရီးသွားတဲ့ သူက ကားရှားတယ်ထင်အောင်
လုပ်တယ်၊မလောက်လို့ အစားထိုးတယ်ဆိုပြီးတော့ ဈေးတက်တယ်၊ အဲဒါက အစီအစဉ်သေချာ မဆွဲတာ မဟုတ်ဘူး၊ ပိုတောင်းဖို့ကို အစီအစဉ်ချထားတာ ´ဟု သင်္ကြန်တွင်း ပုံမှန်ဈေးဖြင့် ကြိုတင်လက်မှတ်ဝယ်ရန် ကြိုးစား နေသူ မစုစုက သုံးသပ်သည်။

Myit Makha Mediagroup

Tuesday, 02 April 2013

အဝေးပြေးမော်တော်ယာဉ်လိုင်းများမှကားလက်မှတ်ခများသတ်မှတ်ဈေးနှုန်းထက်ပိုပေး၍ ၀ယ်ယူနေရပါ
က ရောင်းချသည့် ယာဉ်လိုင်းများအား အရေးယူသွားမည်ဖြစ်ကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်း ကြီးကြပ်မှုဗဟိုကော်မတီက သိရသည်။
ခရီးသွားပြည်သူများက သတ်မှတ်ဈေးနှုန်းထက် ပိုပေးရသည့်လက်မှတ် များဖြင့် မထသ(အဝေးပြေး)သို့ သွားရောက် တိုင်ကြားပါက ပိုမိုကောက် ခံထားသော ကားလက်မှတ်နှုန်းထားအား ဂိတ်မှ ပြန်အမ်းပေးရ မည်ဖြစ်ပြီး လက်မှတ်တစ်စောင် အတွက် ဒဏ်ငွေကျပ် ငါးသောင်း ပေးဆောင် ရမည်ဖြစ်ကြောင်း သိရှိရသည်။ 


အဆိုပါ အရေးယူမှုကို မလိုက်နာသည့် ကားဂိတ်(ယာဉ်လိုင်း)များကို ဒုတိယအဆင့်အနေဖြင့် ပို့ဆောင်ရေး ၀န်ကြီးဋ္ဌာန လက်အောက်ရှိ ပို့ဆောင်ရေးစီမံကိန်းဦးစီးဋ္ဌာနက ယာဉ်လိုင်းပြေးဆွဲခွင့် (၂)ပတ်သို့တစ်လ ပိတ်သိမ်းသည်အထိ အရေးယူမည်ဖြစ်ကြောင်း မထသ အဝေးပြေးဥက္ကဋ္ဌ ထံက သိရှိရသည်။


ခရီးဝေးပြေးဆွဲနေသည့်ယာဉ်လိုင်များအနေဖြင့်စီအန်ဂျီကားဖြစ်ပါကတစ်မိုင်လျှင်(၁၆)ကျပ်နှုန်းထား ကောက်
ခံရန် ညွှန်ကြားထားကြောင်းနှင့် ဒီဇယ်ကားဖြစ်ပါက တစ်မိုင်လျှင် ကျပ်(၂၀)နှုန်းထားနှင့် အဲယားကွန်း ဘတ်စ်ကား များအတွက် တစ်မိုင် လျှင် (၂၄)ကျပ်နှုန်းထားဖြင့် ပြေးဆွဲရန် ညွှန်ကြားထားကြောင်းကိုလည်း သိရသည်။


သင်္ကြန်ရုံးပိတ်ရက်များအတွက်အဝေးပြေးကားလက်မှတ်ဝယ်ယူရာ၌ကားလက်မှတ်မရှိတော့ခြင်း၊ ကြိုတင်
လက်မှတ် ရောင်းချမပေးခြင်း အပါအ၀င် ကားခနှုန်းထားများ မြင့်တက်နေခြင်းကြောင့် ခရီးသွားများ အနေ
ဖြင့် အခက်တွေ့လျက်ရှိကြောင်း သိရှိရသည်။ 


ရန်ကုန်- ချောက် ပြေးဆွဲနေသော အောင်ဇေယျကားဂိတ်မှ ကားလက်မှတ် များမှာ ယခင်က ပုံမှန်ကျပ် ရှစ်ထောင်မှယခုတွင်သင်္ကြန်ကာလအတွက်လက်မှတ်တစ်စောင်လျှင် ကျပ်တစ်သောင်းဝန်းကျင်အထိ ဈေး
နှုန်း မြင့် တက်နေခြင်းဖြစ်သည်။ ရန်ကုန်- ရွှေကျင် ပြေးဆွဲနေသော ၀င်းရတနာ ကားဂိတ်မှ ကြိုတင်လက်မှတ်များအား ဧပြီလ(၃)ရက်နေ့မှသာ စတင်ရောင်း ချမည်ဖြစ်ပြီး ယခင်က ကျပ်နှစ်ထောင်တန် ကားလက်မှတ်ခမှာ ယခု လေးထောင်ကျပ်ဈေးရှိကြောင်း သိရသည်။ 


`` ကျွန်တော်က ပြင်ဦးလွင်ကိုပြန်ဖို့ ရာဇာမင်းကို Booking လှမ်းလုပ်တာ မရဘူးပြောတယ်၊ ဒါက နှစ်တိုင်း လိုလို ဖြစ်နေတာ၊ သူတို့က ရက်ကပ် လာပြီဆိုတော့မှ ဈေးတွေ အသားကုန် တင်ရောင်းကြတာ၊ ဒါပေမဲ့လည်း မဖြစ်မနေ ကိုယ့်အိမ်ကိုယ် တစ်နှစ်တစ်ခေါက် ပြန်ရတာဆိုတော့ ၀ယ်ရ တာပါပဲ´´ ဟု ပြင်ဦးလွင်ကားလက်မှတ် ၀ယ်ယူလိုသူတစ်ဦးက ပြောသည်။ 


ယခင်နှစ်များက ကားလက်မှတ်များသည် ပြန်မည့်နေရာဒေသနှင့် ကားဂိတ် အမျိုးအစားပေါ် မူတည်၍ ပုံမှန် ဈေးထက် အနည်းဆုံး နှစ်ထောင်မှ ရှစ်ထောင်ဝန်းကျင်အထိ ဈေးနှုန်းများမြင့်တတ်လေ့ရှိကြောင်း ကား လက်မှတ်ဝယ်ယူသူများထံက သိရသည်။


“ကျွန်တော်က လားရှိုးကို ပြန်ရမှာ၊ စိန်မျှားကားဂိတ်ကို ဖုန်းဆက်တော့ ၁၀ ရက်နေ့ ကားမထွက်ဘူး ပြောတယ်၊ မြတ်မန္တလာထွန်းကို ဖုန်းဆက်တော့ ကားလက်မှတ်က ကုန်နေပြီ ပြောတယ်၊ သင်္ကြန်နီးရင် အဲ့လို ဖြစ်မှာစိုးလို့ မတ်လ အစကတည်းက ၀ယ်တော့လည်း မရောင်းသေးဘူးပြောတယ်၊ ပြီးခဲ့တဲ့နှစ်တွေ တုန်းကလည်း ဒီလိုပဲ၊ ပြီးတော့ ပြန်ဖို့ ရက်ကပ်လာတော့မှ ဈေးတွေ အဆမတန်တင်ပြီး ရောင်းကြတယ်’’ ဟု လားရှိုးပြန်လိုသူ ဦးထွန်းအောင်က ပြောသည်။ 


အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်း၌ ကြိုတင်လက်မှတ်မှာကြားလို သူများအား လက်ခံခြင်း မရှိသည့် ကားဂိတ်များ၊ ဈေးနှုန်းအပြောင်း အလဲမရှိသည့်ကားဂိတ်များနှင့် ဈေးနှုန်းမသတ်မှတ်ရသေးသည့် ကားဂိတ်များ လည်း ရှိကြောင်း ကားလက်မှတ်ဝယ်ယူလိုသူများထံမှ သိရသည်။ 


“အခုလို booking မပေးတာ ဘုရားဖူး အော်ဒါပါတဲ့ ကားတွေရှိနေတော့ ကျွန်တော်တို့က Booking ပေးလိုက်ရင် အဲဒီချိန် ကားလိုင်းနည်းသွားရင် ကြိုလုပ်တဲ့သူတွေ ကားမရတာဖြစ်နိုင်တယ်။ ခရီးသွားတွေ အဆင်မပြေဖြစ် မှာ စိုးလို့ပါ။” ဟု နီလာဝင်း ပုသိမ် ကားဂိတ်က ဆိုသည်။ 


‘သူတို့က ကားဆွဲစားနေတာလေ၊ ဘုရားဖူး အော်ဒါလိုက်တယ်ဆိုလဲ မရတဲ့ ကားအရေအတွက် သေချာ သိရမှာပေါ့၊ အော်ဒါမရရင် ဂိတ်ပြန်ထိုးဆိုတာ မျိုးမဖြစ်သင့်ဘူး ၊ အော်ဒါအတွက် တစ်စီး၊ နှစ်စီး ချန်ထားပြီး ကျန်တာကို လက်မှတ်လုပ်ပေးပေါ့ ၊Booking မပေးဘူး ဆိုတာ သူတို့ ဈေးတောင်း ကောင်းအောင် လုပ်တာနေမှာ၊ ခရီးသွားတဲ့ သူက ကားရှားတယ်ထင်အောင် လုပ်တယ်၊မလောက်လို့ အစားထိုးတယ်ဆိုပြီးတော့ ဈေးတက်တယ်၊ အဲဒါက အစီအစဉ်သေချာ မဆွဲတာ မဟုတ်ဘူး၊ ပိုတောင်းဖို့ကို အစီအစဉ်ချထားတာ ´ဟု သင်္ကြန်တွင်း ပုံမှန်ဈေးဖြင့် ကြိုတင်လက်မှတ်ဝယ်ရန် ကြိုးစား နေသူ မစုစုက သုံးသပ်သည်။

Myit Makha Mediagroup, Rangonnewsdaily
RND:2.4.2013

0 comments:

Post a Comment