Pages

Tuesday, April 2, 2013

ယနေ့ပြုလုပ်တဲ့"ဗိုလ်တစ်ထောင်မှ ဗလီမီးလောင်မှု ကောလဟာလ သတင်းစာရှင်းလင်း"ပွဲ

မီးအားမြှင့်စက် အပူလွန်ကဲရာမှ မတော်တဆ မီးလောင်မှုဖြစ်ခဲ့ခြင်းကို ရေစိုစောင်ဖြင့် ငြိမ်းသတ်ရာမှ အနီးရှိ ဒီဇယ်ပုံးကို တိုက်မိကာ ယခုကဲ့သို့ ၄၈ လမ်း ဗလီမီးလောင်မှုဖြစ်ပြီး အသေအဆုံးများခြင်း ဖြစ်ကြောင်း ဒုတိယ ရဲမှူးကြီး မြင့်အေးက ဆိုသည်။ 

မီးလောင်ကျွမ်းသည့် ဒီဇယ်ပုံးအကျန်ကို ပြသနေစဉ်
(ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)
မီးလောင်ကျွမ်းသည့် ဒီဇယ်ပုံးအကျန်ကို ပြသနေစဉ်
ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်"ပုဒ်မ၁၈၈ ထုတ်ထားတာ ကြောင့် လူတွေဟာ မထွက်ကြပါဘူး၊တပ်က ကင်းလှည့် ။ရဲက ကင်းလှည့် ဘယ်သူကလာရဲမှာလဲ။၁၀ နာရီနောက်ပိုင်းမှာ သိပ်ကို မထွက်ကြပါဘူး " ဟု ၀န်ကြီးချုပ် ဦးမြင့်ဆွေကပြောသွားပါတယ်။ ပုဒ်မ ၁၄၄ ထုတ်ခံထားရတဲ့ မိတ္တိလာတစ်တစ်မြို့လုံး ပြာကျသွားအောင် လုပ်သွားတဲ့ အကြမ်းဖက်သမားတွေကို တောင် မီးလောင်ဗုံးသုံးပြီးမဖြိုခွင်းသွားခဲ့ပါဘူး ။ ယခုထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၈၈ ကြောင့်လမ်းပေါ်မှာ ဘယ်သူမှသွားလာမှုမရှိဘူးလို့ အဘယ်ကြောင့်ပြောရပါသလဲ?နောက်ထပ်တစ်ချက်ကတော့ ကျောင်းသားလေးတွေ
စာင်စိုနဲ့ မီးငြိမ်းသတ်လို့ ဒီဇယ်ပုံးမောက်တာလို့ပြောသွားပါတယ်။ မီးလောင်မှုစဖြစ်ခဲ့တယ်လို့ဆိုခဲ့တဲ့ မီးအားမြင့်စက်နဲ့ ဒီဇယ်ပုံ ဘာမှသက်ဆိုင်မှုမရှိပါ။ ဒီဇယ်ပုံးကိုဘယ်သူယူလာတာလဲ?ဒီဇယ်ပုံးက ဘာလို့ ကျောင်းထဲရောက်နေတာလဲ ။သတင်းစာရှင်းလင်းပွဲရဲ့အဖြေကတော့အဖြစ်မှန်ပေါ်လာပါပြီ ဒီဇယ်နဲ မီးရိုတာပါလိုဒုရဲအုပ်ကြီးမြင့်အေးက ရှင်းပြလိုက်သလိုပါပဲ။ဒါဆို ပေါ့ဆမီးမဟုတ်မှန်းသေချာသလောက်ပါပဲ။
ယနေ့ပြုလုပ်တဲ့"ဗိုလ်တစ်ထောင်မှ ဗလီမီးလောင်မှု ကောလဟာလ သတင်းစာရှင်းလင်း"ပွဲမှာ တာဝန်ရှိသူများက ပြောပြချက်များကိုအောက်တွင်ဖော်ပြပေးလိုက်ပါသည်။
ဗိုလ်တစ်ထောင်တွင် ဖြစ်ပွားခဲ့သော မီးလောင်မှု နှင့် ပတ်သက်၍ ကောလဟာလ သတင်းများထွက်ပေါ်နေမှုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၀န်ကြီးချုပ် နှင့် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ယနေ့ညနေ ၅ နာရီ ၃၀ ခန့်တွင် ဒုတိယအကြိမ် သတင်းစာ ရှင်းလင်းပွဲပြုလုပ်လိုက်သည်။

အဆိုပါ ရှင်းလင်းပွဲတွင် ၀န်ကြီးချုပ်နှင့် ရဲတပ်ဖွဲ့မှုးတို့မှ အခင်းဖြစ်ပွားရာတွင် ဗလီဆရာဦးဇေယျာဖြိုးမှ လုပ်ကြံဖန်တီးထွက်ဆိုမှု ကြောင့်ကောလဟာလသတင်းများထွက်ရှိခဲ့ကြောင်း ၊ယခုအခါ စစ်ဆေးချက်များအရ အဖြစ်မှန်ကို သိရှိနေရပြီဖြစ်ကြောင်းပြောကြားကြသည်။

"တကယ်တမ်းစပြီးတော့ မီးအားမြင့်စက်အသံမြည် တယ်။ခလေးတွေက နိုး တယ် နောက်တော့ ဗလီဆရာကို နိုးတော့ မနိုးဘူးလို့ သိရတယ်။

မီးပြတ်ရင် စက်ရှိတယ် တဲ့။တရုတ်နီ ၂၅ ကောင်အား ဒီဇယ်သုံးတာပါ။ လှေခါးရဲ့အောက်မီအားမြင့်စက်အောက်မှာ ဒီဇယ်ပုံးရှိပါတယ်။

ဒီဇယ်ဆွတ်ထားတဲ့ စောင်ကိုဖြန့်ပြီးပစ်မလား၊ထွက်ဆိုချက်တွေ လွဲနေပြီ ဆိုတော့ မှ ၀န်ခံပါတယ်။

ခလေးတွေ ကပြော တယ်။လှေကားအောက် မီးအားမြင့်စက်နားမှာ ဒီဇယ်ပုံး ထားတာပါ။

၅ ဂါလံပုံးက ဒီအထဲကိုရောက်နေမလား။

သူ့ကြောင့် ခလေးတွေ ဆုံးတာကို တမင် လွဲပြောထားတာ။

၁၈၈ ထုတ်ထားတာ ကြောင့် လူတွေဟာ မထွက်ကြပါဘူး၊တပ်က ကင်းလှည့် ။ရဲက ကင်းလှည့် ဘယ်သူကလာရဲမှာလဲ။၁၀ နာရီနောက်ပိုင်းမှာ သိပ်ကို မထွက်ကြပါဘူး " ဟု ၀န်ကြီးချုပ် ဦးမြင့်ဆွေကပြောသည်။

AH(NYK),Rangonnewsdaily
RND:2.4.2013

0 comments:

Post a Comment