Pages

Tuesday, April 2, 2013

"အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ မြန်မာနိုင်ငံသို့ရောက်ရှိ"

"အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ မြန်မာနိုင်ငံသို့ရောက်ရှိ"

အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာသည် ယနေ့မွန်းလွဲ တစ်နာရီခန့်တွင် နေပြည်တော်လေဆိပ်သို့ ရောက်ရှိလာကြောင်းသိရသည် ။ ဂျင်မီကာတာအား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်က သွားရောက်ကြိုဆိုခဲ့သည်။ 
ဂျင်မီကာတာသည် မြန်မာနိုင်ငံတွင် (၅)ရက်ခန့် ကြာမြင့်မည်ဖြစ်ပြီး မြန်မာအစိုးရနှင့်
နိုင်ငံရေးခေါင်းဆောင်များအပါအဝင် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ကနဦးသတင်းများအရ သိရသည်။ ၄င်းသည် အမေရိကန်သမ္မတအဖြစ် (၁၉၇၇)ခုနှစ်မှ (၁၉၈၁)ခုနှစ်အထိ တာဝန်ယူဆောင်ရွက်ခဲ့ပြီး ကမ္ဘာ့နိုင်ငံအချို့သို့ သွားရောက်ကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးလုပ်ငန်းများ ပြုလုပ်ခဲ့သောကြောင့် (၂ဝဝ၂)ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခဲ့သည်။

အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာသည် ယနေ့မွန်းလွဲ တစ်နာရီခန့်တွင် နေပြည်တော်လေဆိပ်သို့
ရောက်ရှိလာကြောင်းသိရသည် ။ ဂျင်မီကာတာအား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်
က သွားရောက်ကြိုဆိုခဲ့သည်။
ဂျင်မီကာတာသည် မြန်မာနိုင်ငံတွင်(၅)ရက်ခန့် ကြာမြင့်မည်ဖြစ်ပြီး မြန်မာအစိုးရနှင့် နိုင်ငံရေးခေါင်းဆောင်
များအပါအဝင် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ကနဦးသတင်းများအရ သိရသည်။ 
၎င်းသည်အမေရိကန်သမ္မတအဖြစ်(၁၉၇၇)ခုနှစ်မှ(၁၉၈၁)ခုနှစ်အထိတာဝန်ယူဆောင်ရွက်ခဲ့ပြီး ကမ္ဘာ့နိုင်ငံ
အချို့သို့သွားရောက်ကာငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးလုပ်ငန်းများ ပြုလုပ်
ခဲ့သောကြောင့် (၂ဝဝ၂)ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခဲ့သည်။
Rangonnewsdaily
RND:2.4.2013

0 comments:

Post a Comment