Tuesday, April 2, 2013
မလေးရှားနိုင်ငံသည် မန္တလေးတိုင်းနှင့် ပဲခူးတိုင်းများတွင် မူဆလင်များအပေါ်
ဖြစ်ပျက်ခဲ့သည်တို့အတွက် စိုးရိမ်ပူပန်မှုများ ရှိနေခြင်းကြောင့်
ရန်ကုန်ရှိ မလေးရှားသံရုံးသည် မတည်ငြိမ်မှု ကြီးကြီးမားမားရှိနေသောအခြေအနေအား အနီးကပ် စောင့်ကြည့်လျှက်ရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ကပြောပါ သည်။
နိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်း၏ကြေညာချက်တွင် မလေးရှားနိုင်ငံသည်
အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် မစွက် ဖက်ရေးမူကို
ကိုင်စွဲထားသော်လည်း မြန်မာနိုင်ငံတွင် မကြာသေးခင်က ဖြစ်ပွားခဲ့သော
အဖြစ်အပျက်များတွင် ပါဝင်ပတ်သက်သူများအပေါ် အခြေအနေများ
ထပ်မံဆိုးမသွားစေရေးအတွက် လုပ်
ဆောင်မှုများ ရပ်ဆိုင်းကြရန်
တောင်းဆိုထားပါသည်။
မြန်မာနိုင်ငံမှမလေးရှားနိုင်ငံသားများအနေဖြင့်
မန္တလေးတိုင်းတွင် သာစည်နှင့် ဝမ်းတွင်း၊ ပဲခူးတိုင်းတွင် ကြို့
ပင်ကောက်၊
အုတ်ဖို၊ မင်းလှများသို့ သွားရောက်ခြင်းအား ကန့်သတ်ထားခြင်းမရှိသော်လည်း
ရှောင်ကွင်း
သွားရန်မူ အကြံပြုထားပြီး သတိရှိကြရန် ကြေညာချက်၌
ဖော်ပြထားပါသည်။
မြန်မာအစိုးရအနေဖြင့် ပြစ်မှုကျူးလွန်သူများအား တရားဥပဒေအရအရေးယူလိမ့်မည်ဟုမလေးရှားက မျှော်
လင့်ကြောင်းကြေညာချက်တွင် ဖော်ပြထားပါသည်။
မလေးရှားသည် ၂၀၁၃ မတ်လ ၂၈ ရက်နေ့ကသမ္မတဦးသိန်းစိန်၏ ကြေညာချက်ကို
ကြိုဆိုခဲ့ပါသည်။ ကြေ
ညာချက်တွင် ဦးသိန်းစိန်သည် မိတ္ထီလာနှင့်
အခြားဒေသများတွင် အဓိကရုဏ်းဖြစ်ပွားခဲ့ခြင်းကြောင့် အရေး
aပ်ါအခြေအနေ ကြေညာခဲ့ပါသည်။
ထို့ပြင် ပဲခူးတိုင်း၏ မြို့နယ် ၃ ခုတွင် ညမထွက်ရအမိန့်များ ထုတ်ပြန်မှုကိုလည်း မလေးရှားအနေဖြင့် ကြို
ဆိုပါသည်။ မြန်မာအစိုးရ
အနေဖြင့် အဆိုပါကဲ့သို့ ပြင်းထန်ဖြစ်ရပ်များ ဆက်လက်မပြန့်ပွားစေရေးကို ထိန်းသိမ်းနိုင်ခဲ့ခြင်းကြောင့် မလေးရှားအနေဖြင့်နှစ်ထောင်းအားရဖြစ်ရ ကြောင်း ကြေညာချက်တွင် ဖော်ပြထားပါသည်။
OIC ကလည်း ဧပြီလ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံမှ ရိုဟင်ဂျာများကို
နှိပ်ကွပ်နေခြင်းနှင့် ပတ်သက်၍ နိုင်
ငံခြားရေးဝန်ကြီးများ
အစည်းအဝေးကျင်းပရန် စီစဉ်နေကြောင်း သတင်းရရှိပါသည်။
Yangon Chronicle, Rangonnewsdaily
RND:2.4.2013
![]() |

0 comments:
Post a Comment