Pages

Tuesday, April 2, 2013

ရန်ကုန်မြို့ ၄၈ လမ်းရှိ ဆွာဒီကီယာ အစ္စလာမ်ဘာသာရေး စာသင်ကျောင်း မီးလောင်

၄၈ လမ်း ဆွာဒီကီယာ အစ္စလာမ်ဘာသာရေး စာသင်ကျောင်း မီးလောင် 

ုဧပြီလ - ၂ ရက် ၂၀၁၃

သတင်း - မင်းဇေယျာ 

၄၈ လမ်း အစ္စလာမ်ဘာသာရေး စာသင်ကျောင်း တွင် ယနေ့ နံနက် ၂ နာရီ ခန့်မှ  မီးလောင်ကျွမ်းမှု တစ်ရပ်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်

မီလောင်ကျွမ်းမှုကြောင့် ကျောင်းအိပ်ကျောင်းစား ခလေးငယ် ၁၃ ဦး အသက်ဆုံးရှုံးခဲ့ရပြီး အခြားခလေးငယ်များမှာ ပိတ်မိနေခဲ့ပါသည်။ 

အဆိုပါမီးလောင်ကျွမ်းမှုမှ စာသင်ကျောင်း၏ လှေခါးအနီးတွင် ခလေးငယ်များ အိပ်နေစဉ် ၀ါယာရှော့ဖြစ် သည်ဟု ယူဆရပြီး မီးမှာ လှေခါးကို ပိတ်လောင်ကျွမ်းခဲ့သဖြင့် ခလေးငယ်များလောင်ကျွမ်းခဲ့ရကြောင်း စာသင်ကျောင်း ပတ်ဝန်းကျင်ရှိ ရပ်ကွက် အတွင်းနေထိုင်သူများက ဆက်လက်၍ myanmarmuslim.net သို့ ပြောကြားရာတွင် 

မီးသတ်ရောက်လာတော့မှ တံခါးဖျက်ဝင်ပြီး ကလေးတွေကို ကယ်လိုက်နိုင်တယ် .. ကလေးတွေက အထဲမှာ ပိတ်မိပြီး အောက်ကို မဆင်းနိုင်ဘူးဖြစ်နေတယ် ... အခု သေတာက ၁၃ ယောက်ရှိသွားပြီး လို့သိရတယ် ... နောက်ထပ် ဒဏ်ရာရတဲ့သူတွေ လဲ အများကြီးပဲ .. ပြောကြားခဲ့ပါသည်။ 

ဆက်လက်ပြီး မီးစတင်လောင်ကျွမ်းပုံနှင့် ပတ်သက်၍ မေးမြန်းရာ ... အားလုံးအိပ်နေတဲ့ အချိန်မှာဖြစ်တာလေ .... ခလေးတွေက ကျောင်းကို ပြန်ရောက်တာ ၂ ရက်လောက်ပဲရှိသေးတယ် ... ၀ါယာရှော့ဖြစ်တယ်လို့တော့ ပြောတယ် .... တာဝန်ရှိသူတွေ သေသေချာချာ စစ်ပြီးမှ ဘာကြောင့်ဖြစ်တယ် 
ဆိုတာသိရမယ် ဟုဖြေကြားခဲ့ပါသည်။ 

အဆိုပါကျောင်းတွင် ကျောင်းအိပ်ကျောင်းစား ခလေးငယ် ၇၀ မှ ၁၀၀ အကြားတက်ရောက်လျက်ရှိမည် ဟုယူဆရကြောင်းဒေသခံများက ပြောကြားခဲ့ပါသည်

မီးသတ်မှ ရောက်ရှိလာပြီး ကျန်ရှိသောခလေး ငယ်များကို ကယ်တင်နိုင်ခဲ့ကြောင်း ယခုအချိန်တွင် မီးညွန်ကျိုးသွားပြီဖြစ်ကြောင်း အခြားအိမ်များသို့ ကူးစက်မှု မရှိခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆက်တွဲ ရရှိသော သတင်း 

၄၈ လမ်းကျောင်း မီးလောင်ကျွမ်းမှုမှာ ရှိုမီးဖြစ်ကြောင်း 

ဧပြီလ - ၂ ရက် ၂၀၁၃

သတင်း - မင်းဇေယျာ 

ဗလီနှင့်လှေခါးကြား မျှော်စင်ကြား နေရာသို့ တစ်ယောက်မှ ၀င်ရောက်ခဲ့ကြောင်းမျက်မြင် သက်သေ များမှ ပြောကြားခဲ့ပါသည်။ 

ကျောင်းတစ်ဝိုက် လောင်စာဆီများ ပက်ဖြန်းသွားခဲ့ကြောင်းနှင့် မီးလောင် သေဆုံးသွားသော ခလေးငယ်များ၏ ခန္ဓာကိုယ်ပေါ်တွင် လောင်စာဆီအနံများရ ကြောင်း အလောင်းများကို ပို့ပေးသူများက ပြောကြားခဲ့ပါသည်။ 

မီးဘေးမှ လွတ်မြောက်လာသူ ခလေးများအားမေးမြန်းရာတွင် တစ်စုံ တစ်ယောက်မှ ခလေးများအိပ်ပျော်နေချိန်တွင် လောင်စာဆီများလာရောက်ပက်ဖျန်းခဲ့ကြောင်း myanmarmuslim.net သို့ပြောကြားခဲ့ပါသည်။

http://www.myanmarmuslim.net/?p=2821

ုဧပြီလ - ၂ ရက် ၂၀၁၃

၄၈ လမ်း အစ္စလာမ်ဘာသာရေး စာသင်ကျောင်း တွင် ယနေ့ နံနက် ၂ နာရီ ခန့်မှ မီးလောင်ကျွမ်းမှု တစ်ရပ်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည် မီလောင်ကျွမ်းမှုကြောင့် ကျောင်းအိပ်ကျောင်းစား ခလေးငယ် ၁၃ ဦး အသက်ဆုံးရှုံးခဲ့ရပြီး အခြားခလေးငယ်များမှာ ပိတ်မိနေခဲ့ပါသည်။ အဆိုပါမီးလောင်ကျွမ်းမှုမှ စာသင်ကျောင်း၏ လှေခါးအနီးတွင် ခလေးငယ်များ အိပ်နေစဉ် ၀ါယာရှော့ဖြစ် သည်ဟု ယူဆရပြီး မီးမှာ လှေခါးကို ပိတ်လောင်ကျွမ်းခဲ့သဖြင့် ခလေးငယ်များလောင်ကျွမ်းခဲ့ရကြောင်း စာသင်ကျောင်း ပတ်ဝန်းကျင်ရှိ ရပ်ကွက် အတွင်းနေထိုင်သူများက ဆက်လက်၍ myanmarmuslim.net သို့ ပြောကြားရာတွင် မီးသတ်ရောက်လာတော့မှ တံခါးဖျက်ဝင်ပြီး ကလေးတွေကို ကယ်လိုက်နိုင်တယ် .. ကလေးတွေက အထဲမှာ ပိတ်မိပြီး အောက်ကို မဆင်းနိုင်ဘူးဖြစ်နေတယ် ... အခု သေတာက ၁၃ ယောက်ရှိသွားပြီး လို့သိရတယ် ... နောက်ထပ် ဒဏ်ရာရတဲ့သူတွေ လဲ အများကြီးပဲ .. ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး မီးစတင်လောင်ကျွမ်းပုံနှင့် ပတ်သက်၍ မေးမြန်းရာ ... အားလုံးအိပ်နေတဲ့ အချိန်မှာဖြစ်တာလေ .... ခလေးတွေက ကျောင်းကို ပြန်ရောက်တာ ၂ ရက်လောက်ပဲရှိသေးတယ် ... ၀ါယာရှော့ဖြစ်တယ်လို့တော့ ပြောတယ် .... တာဝန်ရှိသူတွေ သေသေချာချာ စစ်ပြီးမှ ဘာကြောင့်ဖြစ်တယ်
ဆိုတာသိရမယ် ဟုဖြေကြားခဲ့ပါသည်။

အဆိုပါကျောင်းတွင် ကျောင်းအိပ်ကျောင်းစား ခလေးငယ် ၇၀ မှ ၁၀၀ အကြားတက်ရောက်လျက်ရှိမည် ဟုယူဆရကြောင်းဒေသခံများက ပြောကြားခဲ့ပါသည်

မီးသတ်မှ ရောက်ရှိလာပြီး ကျန်ရှိသောခလေး ငယ်များကို ကယ်တင်နိုင်ခဲ့ကြောင်း ယခုအချိန်တွင် မီးညွန်ကျိုးသွားပြီဖြစ်ကြောင်း အခြားအိမ်များသို့ ကူးစက်မှု မရှိခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆက်တွဲ ရရှိသော သတင်း

၄၈ လမ်းကျောင်း မီးလောင်ကျွမ်းမှုမှာ ရှိုမီးဖြစ်

ဧပြီလ - ၂ ရက် ၂၀၁၃

ဗလီနှင့်လှေခါးကြား မျှော်စင်ကြား နေရာသို့ တစ်ယောက်မှ ၀င်ရောက်ခဲ့ကြောင်းမျက်မြင် သက်သေ များမှ ပြောကြားခဲ့ပါသည်။

ကျောင်းတစ်ဝိုက် လောင်စာဆီများ ပက်ဖြန်းသွားခဲ့ကြောင်းနှင့် မီးလောင် သေဆုံးသွားသော ခလေးငယ်များ၏ ခန္ဓာကိုယ်ပေါ်တွင် လောင်စာဆီအနံများရ ကြောင်း အလောင်းများကို ပို့ပေးသူများက ပြောကြားခဲ့ပါသည်။

မီးဘေးမှ လွတ်မြောက်လာသူ ခလေးများအားမေးမြန်းရာတွင် တစ်စုံ တစ်ယောက်မှ ခလေးများအိပ်ပျော်နေချိန်တွင် လောင်စာဆီများလာရောက်ပက်ဖျန်းခဲ့ကြောင်း myanmarmuslim.net သို့ပြောကြားခဲ့ပါသည်။

သတင်း - မင်းဇေယျာ 
Myanmar Muslim.Net,  Rangonnewsdaily
RND:2.4.2013

ဧပြီလ ၂ ရက်နေ့ နံနက် ၂ နာရီ ၄၅ မိနစ် ၀န်းကျင်က ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၄၈ လမ်း အပေါ်ဘလောက်တွင် 

အစ္စလာမ် ဘာသာရေး စာသင်ကျောင်းတစ်ခု လျှပ်စစ်ဝါယာရှော့ကြောင့် မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ အစ္စလာမ် ဘာသာရေး စာသင်ကျောင်းတွင် ကလေးငယ် ၇၀ ဦး ၀န်းကျင်ရှိပြီး ၁၃ ဦး သေဆုံးကာ ၄ ဦးပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုမှာ ၃ နာရီ ၁၅ မိနစ် ၀န်းကျင်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
၄၈လမ်း ဆွာဒီကီယာကျောင်းမီးလောင်မှုမြင့်ကွင်းများ
ဆီကို ဝေ့နေတာလေ. သိသာပါတယ်။ ကိုယ်ထိလက်ရောက် သိလာခဲ့တာတော့ ပြောလို့မရဘူး
မည်သည့်နေရာကရောက်လာမှန်းမသိတဲ့ဓာတ်ဆီတွေ

၄၈ လမ်း ကျောင်း မီး လောင် မူ မှာ သွေး ရိုး သား ရိုး လောင် ကျွမ်း ခြင်း မ ဟုတ် ကြောင်း။ အစိုး ရမှ ဖေါ် ထုတ် ပေး ရ မည် ဖြစ် ကြောင်း PCN မှ ကို ထွန်း ကြည် မှ မီဒီ ယာ များ အား ရှင်း လင်း ပြော ကြား စဉ်
၄၈ လမ်း ကျောင်း မီး လောင် မူ မှာ သွေး ရိုး သား ရိုး လောင် ကျွမ်း ခြင်း မ ဟုတ် ကြောင်း။ အစိုး ရမှ ဖေါ် ထုတ် ပေး ရ မည် ဖြစ် ကြောင်း PCN မှ ကို ထွန်း ကြည် မှ မီဒီ ယာ များ အား ရှင်း လင်း ပြော ကြား စဉ်
ဧပြီလ ၂ ရက်နေ့ နံနက် ၂ နာရီ ၄၅ မိနစ် ၀န်းကျင်က ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၄၈ လမ်း အပေါ်ဘလောက်တွင် အစ္စလာမ် ဘာသာရေး စာသင်ကျောင်းတစ်ခု လျှပ်စစ်ဝါယာရှော့ကြောင့် မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ အစ္စလာမ် ဘာသာရေး စာသင်ကျောင်းတွင် ကလေးငယ် ၇၀ ဦး ၀န်းကျင်ရှိပြီး ၁၃ ဦး သေဆုံးကာ ၄ ဦးပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုမှာ ၃ နာရီ ၁၅ မိနစ် ၀န်းကျင်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
၄၈လမ်း ဆွာဒီကီယာကျောင်းမီးလောင်မှုမြင့်ကွင်းများ
A destroyed mosque is pictured the day after sectarian violence in Minhla town, located 155 kilometers north of Yangon.
Photo credit:DEMOTIX(Thet Htoo)

ရှဟဒ်မျာရဲအလောင်မျာ အာထုတ်ခွင့်မရသေပါ ဆေးရုံကြီးရေခဲတိုက်တွင်  ရရချင်းရေဝေတွင်းမြုပ်နံမည်
ရှဟိဒ်မျာရဲအလောင်မျာ အာထုတ်ခွင့်မရသေပါ ဆေးရုံကြီးရေခဲတိုက်တွင် ရရချင်းရေဝေတွင်းမြုပ်နံမည်
Photo
၄၈လမ်း ဆွာဒီကီယာကျောင်းမီးလောင်မှုမြင့်ကွင်းများ
ရေကျော်ဗလီတွင် မီးလောင်မှု ကလေးငယ် ၁၃ဦးသေဆုံးပြီး ယင်းမီးမှာ သာမန်မတော်တဆမီးသာဖြစ်သည်ဟု နိုင်ငံပိုင်မီဒီယာသတင်းထုတ်ပြန်

ရန်ကုန်၊ ဧပြီ ၂
ရန်ကုန်မြို့ ဗိုလ်တစ်ထောင်မြို့နယ်၊  (၄၈)လမ်းရှိ ရေကျော်ဗလီတွင် မီးလောင်မှုဖြစ်ပွားရာ ဗလီအပေါ်ထပ်တွင် အိပ်နေသော ဗလီကျောင်းသား ၇၀ ရှိသည့်အနက်၊ ၁၃ဦးမှာ မီးလောင်ဒဏ်ရာ၊ မီးခိုးမွန်ဒဏ်ရာတို့ဖြင့် အိပ်လျက်သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသည့် ၄ ဦးကိုပြန်လည်တွေ့ရှိပြီဖြစ်ကြောင်းနိုင်ငံပိုင်ရုပ်မြင်သံကြားကတဆင့် ယနေ့နံနက် ၈နာရီသတင်းတွင်ထုတ်ပြန်ကြေညာသည်။ 
မီးလောင်ရာသို့ ဗိုလ်တစ်ထောင် ဒုတိယမြို့နယ်မှူးနှင့်အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ အတည်ပြုဆဲသတင်းအရ ဗလီအတွင်းတပ်ဆင် ထားသော မီးအားမြှင့်စက် ဗို့အားမြင့်တက်ရာမှ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နံနက် ၃နာရီ ၁၃မိနစ်တွင်မီးငြှိမ်းသတ်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
"ဒါက သာမန်မတော်တဆမှုပါပဲ။ ဒါကိုအခွင့်ကောင်းယူပြီး ဆူပူမှုတွေဖြစ်အောင်လို့လူမှု ကွန်ယက်နဲ့ အင်တာနက်စာမျက်နှာတွေမှာ ရေးသားလှုံ့ဆော်နေတာတွေတွေ့ရပါတယ်။ အဲဒါကြောင့် အစိုးရတာဝန်ရှိသူတွေအနေနဲ့သတင်းအမှန်တွေကိုအချိန်တပြေးညီထုတ်ပြန်သွားမှာဖြစ်ပါတယ်။ အင်တာနက်မှာလည်း ရဲဇာနည်ဖေ့စ်ဘွတ်စာမျက်နှာနဲ့ မြန်မာအသံရုပ်မြင်သံကြားကနေ သတင်းတွေတောက်လျောက်လွှင့်သွားမှာပါ" ဟု ဦးရဲထွဋ်က အတည်ပြုပြောကြားသည်။

1 comments:

sweet said...

သံသယတွေနဲ့ အလုပ်မလုပ်ကြပါနဲ့
ကျွမ်းကျင်သူတွေ အဖြေရှာပေးပါလိမ့်မယ်

Post a Comment

world time