Pages

Wednesday, March 2, 2016

အင်ဒိုနီးရှား ငလျင်ကြောင့် ဆူနာမီ ဖြစ်နိုင်ချေ သတိပေးချက်ကို ပြန်ရုပ်သိမ်း


RangonNewsDaily::March . 2 .2016
မြန်မာစံတော်ချိန် ည ၇ နာရီ ၁၉ မိနစ် (ဒေသ စံတော်ချိန် ညနေ ၆ နာရီ ၅၀ မိနစ်ခန့်) က အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်း အနောက်တောင်ဘက် ပင်လယ်ပြင် မြေအောက် 
၆ မိုင်ခန့်တွင် လှုပ်ခတ်ခဲ့သော အင်အား ၇ ဒသမ ၉ အဆင့်ရှိ ငလျင်ကြောင့် ဆူနာမီ ဖြစ်နိုင်ချေ သတိပေးချက်ကို ထုတ်ပြန်ခဲ့ပြီးနောက် အဆိုပါ သတိပေးချက်ကို ပြန်ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ငလျင်လှုပ်ခတ်ပြီး ဆူနာမီ ဖြစ်နိုင်ချေ သတိပေးချက်ကို အင်ဒိုနီးရှားနှင့် သြစတြေးလျ အာဏာပိုင်များက ပြန်ရုပ်သိမ်းလိုက်ကြောင်း ရိုက်တာ သတင်းဋ္ဌာနက ဖော်ပြထားပြီး ပျက်ဆီးမှု ပမာဏနှင့် လူသေဆုံးမှု အခြေအနေကို ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်း ရေးသားခဲ့သည်။
.
Mirror သတင်းဋ္ဌာန၏ ဖော်ပြချက်တွင်လည်း ဆူနာမီ သတိပေးချက်ကို ရုပ်သိမ်းလိုက်ကြောင်း ရိုက်တာ သတင်းဋ္ဌာန၏ ဖော်ပြချက်ကို ကိုးကားခဲ့ပါသည်။
အင်ဒိုနီးရှားနိုင်ငံ Meteorology and Geophysics အေဂျင်စီမှ ခေါင်းဆောင်
Andi Eka Sakya ကလည်း ဆူနာမီ ဖြစ်နိုင်ချေ နည်းပါးပြီး ပျက်ဆီးဆုံးရှုံးမှုများအတွက် သတင်းမရသေးကြောင်း ပြောကြားကြောင်း သိရသည်။
.
အင်ဒိုနီးရှားနိုင်ငံ အမျိုးသား ကယ်ဆယ်ရေးနှင့် ရှာဖွေရေး အေဂျင်စီမှ ဒုတိယ
ခေါင်းဆောင် Heronimus Guru က သေဆုံးမှုအချို့ ရှိနိုင်ကြောင်း ခန့်မှန်း ပြောဆိုထားပြီး ညအမှောင်ကြောင့် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ နှောင့်နှေး စေသည်ဟု
ပြောကြားခဲ့သည်။
.
ပြီးခဲ့သည့် ၂၀၀၄ ခုနှစ်အတွင်းက အိန္ဒိယ သမုဒ္ဒရာအတွင်း ဖြစ်ပေါ်ခဲ့သော အင်အား ၉ ဒသမ ၁ အဆင့်ရှိ ငလျင်ကြောင့် ဆူနာမီဖြစ်ခဲ့ပြီး အိန္ဒိယ သမုဒ္ဒရာနှင့် ထိစပ်နေသော နိုင်ငံများ ဆူနာမီ သက်ရောက်မှုဒဏ် ခံခဲ့ရပြီး အင်ဒိုနီးရှားမှ လူပေါင်း ၁၇၀၀၀၀ ကျော်အပါအ၀င် ထိုင်းနှင့် အခြားနိုင်ငံများမှ လူပေါင်း ၂၃၀၀၀၀ ကျော် အသက် ဆုံးရှုံးခဲ့ရသည်။
Eleven Media , KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment