Pages

Saturday, November 15, 2014

ရန်ကုန်- မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၆၂/၄-၅)ကြားတွင်''ဒို့ညီနောင်'' မှန်လုံယာဉ် အမြန်လမ်းပေါ်မှာ မောင်းနေစဉ် ရှေ့ဘီးပွင့်ထွက်ယာဉ်ဝဲဘက်ရှေ့ဘီးပွင့်ထွက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း ကပ်တုံးများအား ဝင်ရောက်တိုက်မိ


RangonNewsDaily:: November . 14 .2014
၂ဝ၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်- မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၆၂/၄-၅)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်းသတင်းအရ သာဂရ အမြန်လမ်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ ရန်ကုန်မှ တောင်ကြီးသို့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်နေ စိုင်းဝင်းနိုင်(၄၄)နှစ်မောင်းနှင်လာသော 7F/**** ''ဒို့ညီနောင်''ခရီးသည်တင်မှန်လုံယာဉ်မှာ ဝဲဘက်ရှေ့ဘီးပွင့်ထွက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကပ်တုံးများအား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရှိရသည်။
::
ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ယာဉ်မှာဝဲဘက်ရှေ့မီးသီးကွဲ၊ ဘော်ဒီဝဲဘက်ခြမ်းပိန်ချိုင့် ပျက်စီး၍ တန်ဘိုးငွေကျပ်သိန်း(၂ဝ)ခန့် ပျက်စီးဆုံးရှုံးခဲ့သောကြောင့် စိုင်းဝင်းနိုင်အား သာဂရအမြန်လမ်း ရဲစခန်း ယာဉ်(ပ)၁၇/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည် ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment