Pages

Saturday, November 15, 2014

မူဆယ် (၁၀၅) မိုင် တွင် ပို့ကုန်ပစ္စည်း တင်ပို့သည့် ယာဉ်များ အချိန်ကြာမြင့်စွာစောင့်ဆိုင်းနေရ

RangonNewsDaily:: November . 14 .2014
မူဆယ် (၁၀၅) မိုင်ဂိတ်တွင် ပို့ကုန်ပစ္စည်း တင်ပို့သည့် ယာဉ်များ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရမှုကြောင့် အိမ်စီးကားနှင့် ခရီးသည်တင်ယဉ်များပါ ယာဉ်ကြောပိတ်ဆို့ မှုမကြာခဏ ဖြစ်ပွားနေကြောင်း သတင်း ရရှိသည်။
“မနက် ဆယ်နာရီကတည်းက မော်တောင်းရွာနားကနေ ယာဉ်ကြေားပိတ်လို့ စောင့်နေရတာ နေ့လယ် ၂နာ ရီထိုးတဲ့ အချိန်အထိ လမ်းမပွင့်လို့ လှည့်ပြန်ခဲ့ရတယ်၊ အခုနောက်ပိုင်း ပိုဆိုးလာနေတယ်၊ ပို့ကုန်ကား တွေကော သွင်းကုန်ကားတွေပါ (၁၀၅)မိုင် ဂိတ်ကနေစပြီး ယာဉ်နှစ်ထပ်သုံးထပ် ရပ်ထားတာ မော်တောင်း ရွာအထိ ရှိ တယ်၊ ကျန်တဲ့ ကာတွေက လုံးဝသွားမရဘူး အတော်လေးဒုက္ခရောက်ပါတယ်” နမ့်ဖတ်ကာ ကျေးရွာမှ ကားမောင်းသမား ကိုမြတ်စိုးက ပြောသည်။

သြဂုတ်လ (၁) ရက်နေ့မှ စတင်ကာ မူဆယ်နယ်စပ် (၁၀၅)မိုင် ကုန်ပစ္စည်းစစ်ဆေးရေးဂိတ်တွင် ကုန်ပစ္စည်းတင်ပို့မှုလျှင် မြန်စေရန်ယာဉ်များအားပို့ကုန်စစ် ဆေးသည့် စင်များတွင် ကားအစီး လိုက် ကုန်ပစ္စည်း ဖောက် စစ်သည့် စနစ် မှ မဲနှိုက်သည့်စနစ်ကို ပြောင်းလဲကျင့်သုံး ခဲ့ခြင်းဖြစ်သည်။
::
မဲနှိုက်သည့် စနစ်တွင် အ၀ါ၊ အစိမ်း၊ အနီအရောင်များဖြင့် သတ်မှတ်ထားပြီး မဲနှိုက်၍ အစိမ်းရောင် ကျသည့် ကုန်ပစ္စည်း တင်ပို့ယာဉ်များမှာ ပို့ကုန်စစ်စင်တွင် ကားအစီး လိုက် ဖောက်စစ်ခံစရာမလိုဘဲ ပစ္စည်းဂျူတီပြုလုပ်၍ ထွက်ခွာခွင့် ရရှိမည်ဖြစ်ပြီး အ၀ါရောင်ကျသည့်ယာဉ်များမှာ အိတ်ဇရေးစနစ်ဖြင့် စစ်ဆေးခံရမည်ဖြစ်ကာ အနီရောင်ကျသည့် ယာဉ်များ မှာ ပို့ကုန်စစ်စင်တွင် ကားအစီးလိုက် ကုန်ပစ္စည်းဖောက် အစစ်ဆေးခံ ရမည်ဖြစ်သည်။

သြဂုတ်လအတွင်းမှ စတင်ကာယာဉ်တန်းများ တန်းစီ စောင့်ရမှုပိုမိုဖြစ်ပွားလာပြီး တစ်ခါတစ်ရံတွင် ဂိတ်အနီးတ၀ိုက် ခရီးသယ်တင်ကားများနှင့် နယ်စပ်သို့ ကုန်ပစ္စည်းပို့ရန်လာသည့် ကုန်တင်ကားများ အကြား အချိန်ပိုင်းယာဉ်ကြော ပိတ်ဆို့မှုများပါမကြာခဏ ဖြစ်ပွားလာနေကြောင်း မူဆယ် (၁၀၅) မိုင်ဂိတ်အတွင်း
ဈေးရောင်းနေသည့် ဒေသခံတစ်ဦးကပြောသည်။
::
ကုန်ပစ္စည်းတင်ပို့သည့်ယာဉ်များ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်းမှာ ပစ္စည်းတင်ပို့သည့် ကုမ္ပဏီများက ခန့်ထားသည့် ဂျူတီပြုလုပ်ပေးမည့်အေးဂျင့်ဝန်ထမ်းများ အင်အားနည်း၍ဖြစ်ပြီး တခါတစ်ရံတွင် ပစ္စည်း တင်ပို့သည့် ယာဉ်အရေအတွက် အများအပြားအား အေဂျင့်တစ်ယောက်ထဲ ကသာ လိုက်လံဆောင်ရွက် နေရသည့် အတွက် ဂျူတီလုပ်မည့်ယာဉ်များ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရခြင်းလည်း ဖြစ်ကြောင်း (၁၀၅)မိုင်ဂိတ်မှ ဒုတိယ ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။
::
နိုဝင်ဘာလ(၁၂)ရက်နေ့ ကလည်း မူဆယ် (၁၀၅)မိုင် ဂိတ်မှစတင်ကာ
မော်တောင်းကျေးရွာအထိ ခရီးသည်နှင့်ကုန်တင်ယာဉ်များ နေ့  တစ်ဝက်ခန့်  ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားခဲ့ရာ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှု နှင့်တာဝန်ရှိသူများ လာရောက်၍ လမ်းရှင်းပေး ခဲ့ ရကြောင်း သတင်း ရရှိသည်။

စိုင်းကံသာ(လားရှိုး) ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment