Pages

Saturday, November 15, 2014

အချိုးကျကိုယ်စားပြုစနစ် (PR) သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှုမရှိသည့်အတွက် ကျင့်သုံးတော့မည် မဟုတ်ကြောင်း ပြည်သူ့လွှတ်တော် ဆုံးဖြတ်

RangonNewsDaily:: November . 14 .2014
အချိုးကျကိုယ်စားပြုစနစ် (PR) သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှုမရှိသည့်အတွက် ကျင့်သုံးတော့မည်မဟုတ်ကြောင်း ပြည်သူ့လွှတ်တော်က နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဆုံးဖြတ်ခဲ့သည်။ 
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေရှိစေမည့် ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေးဆိုင်ရာကော်မရှင်မှ တင်သွင်းသည့် ရွေးကောက်ပွဲစနစ် ၈ မျိုးအား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီမညီ စိစစ်ပေးပါရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးသို့ အကြံပြုချက်တောင်းခံခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးက FPTP စနစ်ကို အခြေခံကာ PR စနစ် ကျင့်သုံးခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှုမရှိကြောင်း လွှတ်တော်သို့အကြောင်း ပြန်ကြားခဲ့သည်။
::
ထို့နောက် ၎င်းအကြောင်းပြန်ကြားချက်အပေါ်မူတည်ကာ လွှတ်တော်၌ PR စနစ်ကျင့်သုံးရန် သင့်မသင့် လွှတ်တော်ကိုယ်စားများဆန္ဒရယူဆုံးဖြတ်ခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံးက ကျင့်သုံးရန်မသင့်ကြောင်း ဆုံးဖြတ်ခဲ့သဖြင့် PR စနစ်အား ရွေးကောက်ပွဲစနစ်တွင် ကျင့်သုံးတော့မည်မဟုတ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။

EMG ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment