Pages

Saturday, November 15, 2014

မကြာခင်မှာ ပြောင်းလဲလာတော့မယ် Twitter ရဲ့ Feature အသစ်တွေ

RangonNewsDaily:: November . 14 .2014
လူသုံးများတဲ့ လူမှုကွန်ရက်တစ်ခု ဖြစ်တဲ့ Twitter စာမျက်နှာဟာ Feature အသစ်တွေကို လာမယ့်လအနည်းငယ်အတွင်းမှာ ပြောင်းလဲဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ထိုပြောင်းလဲမှုတွေထဲမှာတော့ ဗီဒီယိုတွေ မျှဝေရတာ ပိုမိုလွယ်ကူသွားမှာ ဖြစ်ပြီး public Conversation တွေကို Private ပြောင်းလဲနိုင်တော့မှာပါ။ offline ဖြစ်နေချိန်မှာ Tweet ပြုလုပ်ထားတဲ့ စကားလုံးတွေ ပျောက်ဆုံးနေတာကိုလည်း ရှောင်ရှားနိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

Twitter ဟာ သုံးစွဲသူအသစ်တွေကို ဆွဲဆောင်နိုင်မယ့် ပိုမိုလွယ်ကူတဲ့ ပုံစံအသစ်တစ်ခုကို ပြောင်းလဲမှာဖြစ်ပါတယ်။ ပြောင်းလဲဖို့လည်း လိုအပ်နေပါတယ်။ သုံးစွဲသူ ပျမ်းမျှ ပမာဏဟာ များပြားလာခြင်းမရှိတဲ့အတွက် ရင်းနှီးမြှပ်နှံသူတွေဟာ ပိုမိုတိုးချဲ့ဖို့ကြိုးစားလာကြပါတယ်။
::
အခြားFeature အသစ်တွေကတော့ Facebook နဲ့ WhatsApp တို့ မှာ အဓိကအောင်မြင်လာတဲ့ Feature တစ်ခု ဖြစ်တဲ့ Personal Messaging စနစ်ပါ။ Twitter ကုမ္မဏီ ရဲ့ ဒုတိယ ဥက္ကဋ္ဌ ဖြစ်တဲ့ Kevin Weil ရဲ့ ပြောကြားချက်အရ Twitter Direct Message စနစ်ကတစ်ဆင့် Private Tweets များပြုလုပ်နိုင်ဖို့နဲ့ ဝေမျှခြင်း (Share) ပြုလုပ်နိုင်ဖို့ နောက်တစ်ပတ်မှာ စတင်ပြောင်းလဲမယ်လို့ သိရပါတယ်။

တတိယပြောင်းလဲမှုတစ်ခုကတော့ offline ဖြစ်နေချိန်မှာ ပျောက်ဆုံးနေတာတွေ မဖြစ်စေရန် ဖြစ်ပြီး သင့်လုပ်ဆောင်မှုနဲ့ ဆက်နွယ်တဲ့ tweets တွေကို ပြသမယ့် Feature ကိုလည်း စမ်းသပ်နေတယ်လို့ သိရပါတယ်။ ထို စမ်းသပ်နေတဲ့ လုပ်ဆောင်မှုမှာတော့ သင် Follow လုပ်ထားသူတွေနဲ့ သင် Twiiter သုံးနေစဉ် အခြားဝင်ရောက်မှု တွေကို အခြေခံပြီး Tweet တွေကို ရွေးချယ်နိုင်မှာပါ။
::
ဒါ့အပြင် သုံးစွဲသူတွေအတွက် timeline အသစ် ဖန်တီးပေးနိုင်ဖို့လည်း စီစဉ်နေတယ်လို့လည်း ဒု-ဥက္ကဌ ဖြစ်တဲ့ Weil ကဆိုပါတယ်။ ထို ပြောင်းလဲမှုတွေ လုပ်တော့မယ့် သတင်းနဲ့အတူ ကုမ္မဏီ ရဲ့ ရှယ်ယာဈေးနှုန်းတွေဟာ ၄၂.၅၄ ဒေါ်လာ အထိ ၇.၅ ရာခိုင်နှုန်းတက်သွားခဲ့တယ်လို့သိရပါတယ်။

Trend ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment