Pages

Saturday, November 15, 2014

ရွှေတိဂုံဘုရားပေါ်မှာ အရက်သေစာ သောက်စားမူးယစ်နေသည့် သံဃာအတု ၁ ပါး ဖမ်းမိ

RangonNewsDaily:: November . 14 .2014
ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့ နယ်ရှိ ရွှေတိဂုံ စေတီတော် ရင်ပြင်ပေါ်မှာ အရက်သေစာ သောက်စား မူးယစ်နေသူ သံဃာတု တစ်ပါး ဖမ်းဆီး မိကြောင်း သစ်ထူးလွင် မှ သတင်းရရှိပါတယ်။
နိုဝင်ဘာလ ၁၂ ရက်နေ့  နံနက် ၉ နာရီခန့် က ရွှေတိဂုံ စေတီတော်ရင်ပြင် ရာဟုထောင့် အနီးမှာ သင်္ကန်းဝတ်နဲ့  ဦးဝေပုလ္လ (ခ) ဦးခင်မောင်ဇင် (၅၁)နှစ် သာသနာဝင် အမှတ် (မရှိ)အား တွေ့ ရှိတာကြောင့် စေတီတော် စောင့်ရှောက်ရေး သံဃာတော် ဥူးဇေယ န္တာမှ လူဝတ်လဲ သိက္ခာချပြီး ရွှေတိဂုံ စေတီတော် ရဲကင်းမှ လှည့်ကင်း ဆောင်ရွက် နေတဲ့ ဒုရဲအုပ် သန်းကျော်နဲ့ အဖွဲ့ ကို လွှဲပြောင်းပေးအပ် လိုက်ကြောင်း သိရပါတယ်။
::
ဦးဝေပုလ္လ(ခ) ဦးခင်မောင်ဇင် ထံမှ ဝတ်ဆင်ထားတဲ့ သ င်္ကန်း(၁)စုံ၊ လွယ်ထားတဲ့ သံဃာလွယ် အတွင်းမှ အစိမ်းနုရောင် သဘက်(၁)ထည်၊ အရက်ပါတဲ့ ရေသန့်(၁)ဗူး၊ မတ်စ်အချိုရည် (၂)ပုလင်းတို့ကို တွေ့ရှိတာကြောင့် သက်သေများရှေ့မှာ ရှာဖွေပုံစံနဲ့ သိမ်းဆည်းပြီး အရက်သေစာ သောက်စားပြီး သာသနာ ညှိုးနွမ်းအောင် ပြုလုပ်မှုနဲ့ ဖမ်းဆီး စစ်ဆေးနေကြောင်း သစ်ထူးလွင်မှ စုံစမ်း သိရှိရပါတယ်။


THIT HTOO LWIN ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment