Pages

Friday, April 26, 2013

လက်ပံတောင်းတောင်နယ်မြေ ဒေသခံအချို့၏ မင်းမဲ့စရိုက်ဆန်ဆန် လုပ်ဆောင်မှုအပေါ် ထိရောက်စွာ အရေးယူမည်ဆိုသော ပြည်ထဲရေး၏ ထုတ်ပြန်မှုကို နယ်ပယ်အသီးသီးမှ ထင်ရှားသူများက ဝေဖန်

လက်ပံတောင်းတောင်နယ်မြေ ဒေသခံအချို့၏ မင်းမဲ့စရိုက်ဆန်ဆန် လုပ်ဆောင်မှုအပေါ် ထိရောက်စွာ အရေးယူမည်ဆိုသော ပြည်ထဲရေး၏ ထုတ်ပြန်မှုကို နယ်ပယ်အသီးသီးမှ ထင်ရှားသူများက ဝေဖန်ခဲ့ကြ

    Created on Friday, 26 April 2013 20:17 

ဧပြီ ၂၄ ရက် နံနက်က ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင် ဒေသခံအချို့နှင့် ဒေသအာဏာပိုင်တို့ အကြား ပဋိပက္ခတွင် ဖမ်းဆီးရမိသူများကို ထိရောက်စွာ အရေးယူသွားမည့်အပြင် ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ် အရေးယူသွားမည်ဟု ပြည်ထဲရေး၏ ထုတ်ပြန်ကြေညာမှု အပေါ် နယ်ပယ်အသီးသီးမှ ထင်ရှားသူတို့က ဝေဖန်သုံးသပ် နေကြသည်။

အထူးသဖြင့် ပြီးခဲ့သော ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက် နံနက်က ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသော လက်ပံတောင်းတောင် သံဃာတော်များကို ပြည်ထဲရေး၏ ညွှန်ကြားမှုဖြင့် အင်အားသုံး ဖြိုခွဲမှု၊ မီးလောင် ဖော့စ်ဖရပ်စ်ဗုံး အသုံးပြုမှုတို့ကို အရေးယူမှု တစ်စုံတစ်ရာ မရှိဘဲ မျက်ကွယ်ပြုခဲ့ပြီး ယခုဖြစ်စဉ် ဖြစ်ပွားလာကာမှ အရေးယူမည် ဆိုသည့်အပေါ် မေးခွန်းထုတ်စရာ ဖြစ်နေသည်ဟု ဝေဖန်သုံးသပ်မှုများ ရှိနေကြသည်။

ထိုစဉ်က လက်ပံတောင်းတောင်အရေး အကြမ်းဖက် နှိမ်နင်းခဲ့သူများကို အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသည့်အပေါ် ဒေါက်တာခင်မောင်ညို (ဓာတုဗေဒ) က'' ပြီးခဲ့တဲ့ လက်ပံတောင်းတောင် ကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က သက်ဆိုင်သူတွေကို အရေးယူဖို့ ပြောဖို့ရာ တာဝန်သည် သူတို့ ကော်မတီမှာ မရှိဘူး၊ ကော်မတီ တာဝန်မဟုတ်ဘူးလို့ ပြောတယ်။ ပြည်သူတွေ အနေနဲ့ ဘယ်လိုလုပ် အရေးယူပေးဖို့ ပြောမလဲ။ အမှန်တော့ ဒါက အစိုးရရဲ့ အလုပ်ပဲ။ အုပ်ချုပ်တဲ့ အဖွဲ့အစည်း အနေနဲ့ မလုပ်ရင် မလုပ်တဲ့သူမှာ အပြစ်ရှိတယ်လို့ ယူဆတယ်'' ဟု သုံးသပ်သည်။

အလားတူ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင် ကလည်း ထိုစဉ်က ဖြစ်ပွားခဲ့သော သမိုင်းတွင်မည့် ဖြစ်စဉ်ကြီးအပေါ် ''လက်ပံတောင်းတောင် ကိစ္စဟာ အရင်အစိုးရ လက်ထက်ကတည်းက လုပ်ခဲ့တဲ့ ကိစ္စပဲ။ အဲဒီကတည်းက တရားမျတမှု မရှိဘူး။ ပွင့်လင်း မြင်သာမှုလည်း မရှိခဲ့ဘူး။ ဒါပေမဲ့ ဘာမှ မပြောရဲခဲ့ကြဘူး။ အခု အတော်အသင့် လွတ်လပ်လာတော့ သဘောထားတွေ ဖော်ထုတ်လာကြတယ်။ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖြေရှင်းမှုကိုလည်း တချို့က မကျေနပ်တာတွေ ရှိတယ်။ လက်ပံတောင်းတောင်ကြီး ပျောက်သွားမှာကို စိုးရိမ် ကြတာတွေ ရှိတယ်။ အဲဒါကြောင့် ထွန်တုံးတိုက်ပွဲ ဆင်နွှဲတာကို ဖြေရှင်းပုံ ဖြေရှင်းနည်းမှာ အကြမ်းဖက်တာ မဖြစ်သင့်ဘူးလို့ ထင်တယ်။ သံဃာတော်တွေ အကြမ်းဖက် ခံရတုန်းကတော့ အရေးယူမှု ဘာမှမရှိခဲ့ဘဲ အခုကျမှ အရေးယူမယ် ဆိုတာတွေက တရားဥပဒေအရ မမျှတဘူးလို့ မြင်တယ်။ တကယ်ဆို အကြမ်းမဖက်ဘဲ ညှိနှိုင်းဆွေးနွေးတဲ့ နည်းလမ်းနဲ့ပဲ ဖြေရှင်းသင့်တယ်'' ဟု ပြောသည်။

ထို့ပြင် အစစ်အမှန် တရားမျှတမှု လိုအပ်ကြောင်းကိုလည်း ''ကျွန်တော်တို့က တရားဥပဒေ စိုးမိုးရေး ဆိုတာကို သဘောတူတယ်။ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ရရှိဖို့ ဥပဒေစိုးမိုးရေး လိုအပ်တယ်။ ပြဿနာကို ဖြေရှင်းရာမှာလည်း ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေ ဖြစ်ဖို့လိုတယ်။ တရားဥပဒေအောက်က ဖြေရှင်းမယ်ဆိုရင် အစစ်အမှန် တရားမျှတမှု လိုအပ်တယ်။ ဒါကြောင့် အစစ်အမှန် တရားမျတမှုကို လုပ်ပါ။ အားလုံး အပေါ်မှာ တန်းတူပဲ ရှိစေချင်တယ်။ ကော်မရှင်ရဲ့ အစီရင်ခံစာ ထွက်လာကတည်းက သံဃာတော်တွေ အကြမ်းဖက် ဖြိုခွင်းမှုမှာ တာဝန်ရှိတဲ့ သူတွေကို အရေးယူဖို့ လိုအပ်တယ်လို့ ကျွန်တော်တို့ ပြောပြီးသားပါ'' ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီက ပြောသည်။

ဒေါက်တာ ခင်မောင်ညို (ဓာတု) ကပင် ''လက်ပံတောင်းတောင် အစီအရင်ခံစာမှာတော့ ဗုံးတွေနဲ့ ပတ်သက်ပြီး အကောင်းဆုံး ရေးထားပါတယ်။ အတော်ပြည့်စုံတယ်။ အတိအကျ မရေးထားတာဘဲ ရှိတယ်။ ဗုံးမှာ ဖော့စ်ဖရပ်ပါတယ်။ မီးလောင်ဗုံးလို ဖြစ်နေတယ်။ မီးခိုးဗုံး ဆိုပေမယ့် အသုံးမပြုသင့်တဲ့ ဗုံးဖြစ်တယ်။ ပြည်သူတွေကို မသုံးရဘူး။ စစ်တပ်မှာလည်း Personal တွေကိုလည်း သုံးခွင့်မရှိဘူး။ သုံးရင် ဒါက Criminal ဖြစ်တယ်။ သုံးခဲ့တဲ့ပုဂ္ဂိုလ်၊ ထုတ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ရှာဖွေသုံးသပ်ရမယ်။ ဒါကို သူတို့က ဘာမှ မဟုတ်သလိုလိုနဲ့ ခပ်တည်တည် နေနေကြတယ်'' ဟု ထပ်မံထောက်ပြ သွားသည်။

ထိုစဉ်က သံဃာတော် အများအပြား မီးလောင်ဒဏ်ရာ အကြီးအကျယ် ရရှိသည်အထိ အကြမ်းဖက် နှိမ်နင်းခဲ့ခြင်းကို ရန်ကုန်၊ ပခုက္ကူ၊ မန္တလေး စသည့် ဒေသများမှ သံဃာတော်များ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ ရှေ့နေများ ကွန်ရက်၊ နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့၊ နိုင်ငံရေး အကျဉ်းသားဟောင်းများကွန်ရက်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ များအဖွဲ့ချုပ်၊ ကေအိုင်အို၊ ကေအိုင်အေအဖွဲ့တို့မှ တစ်ညီတစ်ညွတ်တည်း ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချခဲ့ကြသည်။

ယင်းနောက် လက်ပံတောင်းတောင် အရေးနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာပြီး လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် အမြန်ဆုံး ဖွဲ့စည်းပေးရန်နှင့် သပိတ်စခန်းများကို အင်အား အလွန်အကျွံ သုံး၍ ယခု အကြမ်းဖက်နှိမ်နင်းမှုတွင် တာဝန်ရှိသူနှင့် အမိန့်ပေးသူတို့အား နိုင်ငံတော်ဘက်မှ ဖော်ထုတ်၍ ထိရောက်စွာ အရေးယူပေးရန် တောင်းဆိုခဲ့ကြသည်။

သို့သော် နိုင်ငံတော် အနေနှင့်မူ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆက်လက် ဆောင်ရွက်ခွင့်ပြုရန် သင့်-မသင့် စိစစ်ရန် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အဖွဲ့ဝင် ၃၀ ဦးပါ စုံစမ်းရေး ကော်မရှင်ကို ဒီဇင်ဘာ ၁ ရက် နေ့စွဲဖြင့် စတင်ဖွဲ့စည်း လိုက်သည်။

ယင်းနောက်မှ အမျိုးသား ဒီမိုကရေစီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကော်မရှင် ဥက္ကဋ္ဌအဖြစ်နှင့် အဖွဲ့ဝင် ၁၆ ဦးပါ စုံစမ်းရေး ကော်မရှင်ကို ဒီဇင်ဘာ ၃ ရက်တွင် ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့သည်။

အဆိုပါ စုံစမ်းရေး ကော်မရှင် အနေနှင့် ဒီဇင်ဘာ ၅ ရက်တွင် ဒေသခံများနှင့် စတင်တွေ့ဆုံခဲ့သည့် အပေါ် စုံစမ်းရေး ကော်မရှင်ပါ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ''ကော်မရှင်ရဲ့ လှုပ်ရှားမှု ပထမဆုံးနေ့မှာ လက်ပံတောင်းတောင်ဒေသ၊ ၀က်မှေးရွာက ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်'' ဟု ပြောသည်။

သို့သော် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၊ မုံရွာကြေးနီ စီမံကိန်းဆိုင်ရာ တာဝန်ရှိသူ တစ်ဦးကမူ စီမံကိန်းနှင့် ပတ်သက်၍ စုံစမ်းရေး ကော်မရှင်၏ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယင်းနေ့မှာပင် ကတိပြု ပြောကြားခဲ့သည်။

ထို့နောက် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အင်အားသုံး ဖြိုခွဲခဲ့မှုအပေါ် ဒီဇင်ဘာ ၁၂ ရက်နေ့ မွန်းလွဲတွင် ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ပခုက္ကူ၊ စစ်တွေ၊ ပြည်၊ ပုသိမ်၊ ကလေး စသည့် မြို့ကြီးများတွင် သံဃာတော်များနှင့် ပြည်သူတို့က ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

၎င်းတို့မှ အချက် ငါးချက်ပါ တောင်းဆိုချက်များ ထုတ်ပြန်ခဲ့ကြပြီး ယင်းတို့အနက် ငြိမ်းချမ်းစွာ ဆန္ဒပြသော ရဟန်းရှင်လူ ပြည်သူတို့အား အကြမ်းဖက်နှိမ်နင်း ဖြိုခွဲသော တာဝန်ရှိသူ အားလုံးကို ဖော်ထုတ်အရေးယူ ဆောင်ရွက်ပေးရေး ဆိုသည့် အချက် ပါဝင်ခဲ့သည်။

၎င်းအခြေအနေတွင် ဒေါက်တာခင်မောင်ညို (ဓာတုဗေဒ) ကပင် ''ပြည်သူ့ရဲတွေ အနေနဲ့ အရင်က တည်းက အမိန့်ကို နာခံတာပဲသိတယ်။ ဥပဒေကို နားမလည်ဘူး။ ဥပဒေကို နားမလည်တော့ အမိန့်ပေးတာကိုပဲ သိတယ်။ အခုဖြစ်နေတာတွေက ဘယ်ဟာတွေမှ မကောင်းဘူး။ တစ်ယောက်နဲ့ တစ်ယောက် ပွင့်လင်းခြင်း မရှိရင်၊ နားမလည်ရင် ဘာမှ အလုပ်လုပ်လို့ မရဘူး။ အလုပ် လုပ်လို့ရအောင် တစ်ခုခု ဆုံးဖြတ်ရမယ်။ ဒီလိုဖြစ်တဲ့ ကိစ္စတွေမှာ အစိုးရအနေနဲ့ အများကြီး တာဝန်ရှိပါတယ်။ ဖြစ်လာတာတွေကို အစိုးရ အနေနဲ့ နူးညံ့စွာ ကိုင်တွယ်ဖြေရှင်း သင့်တယ်လို့ ထင်ပါတယ်'' ဟု ဝေဖန်ခဲ့သည်။

လက်ရှိတွင် ဧပြီ ၂၅ ရက်က ယာထွန်ခြင်း၊ ယာတဲဆောက်ခြင်းများ ပြုလုပ်ရာမှ ဒေသခံရွာသားတို့နှင့် လက်ပံတောင်းတောင် တာဝန်ကျ လုံခြုံရေးများအကြား ပဋိပက္ခများ ဖြစ်ပွားကာ ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ကိုအောင်စိုးနှင့် ဒေသခံ ရွာသားနှစ်ဦးကို ဖမ်းဆီးခဲ့သည်။

ထို့အတွက် ဧပြီ ၂၆ ရက် မွန်းလွဲ ၁ နာရီတွင် ဖမ်းဆီးထားသူ သုံးဦးကို ပြန်လွှတ်ပေးရန် ဒေသခံ ရွာသားတချို့ ဆန္ဒပြတောင်းဆိုခဲ့ရာ လုံခြုံရေး တာဝန်ရှိသူတို့ကလည်း ညောင်ပင်ကြီး - ဆားလင်းကြီး လမ်းမပေါ်တွင် လုံခြုံရေး အထပ်ထပ်ချကာ တားဆီးခဲ့ရကြောင်း သတင်းရရှိသည်။

ယင်းနောက် မွန်းလွဲ ၂ နာရီခွဲ ခန့်တွင် လက်ပံတောင်းတောင် ဒေသခံတို့မှာ နေရပ်အသီးသီးသို့ လှည့်ပြန် သွားကြကြောင်း သိရသည်။


လက်ပံတောင်းတောင် ဒေသခံများနှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခ ဖြစ်ပွားနေစဉ်


Re-Post By ACM 26-4-2013
အေးချမ်းမွန် Credit & Copy From >Eleven Media Group <Thank
လက်ပံတောင်းတောင် ဒေသခံများနှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခ ဖြစ်ပွားနေစဉ်
Friday, 26 April 2013

ဧပြီ ၂၄ ရက် နံနက်က ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင် ဒေသခံအချို့နှင့် ဒေသအာဏာပိုင်တို့ အကြား ပဋိပက္ခတွင်ဖမ်းဆီးရမိသူများကိုထိရောက်စွာအရေးယူသွားမည့်အပြင် ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်
အရေးယူသွားမည်ဟု ပြည်ထဲရေး၏ ထုတ်ပြန်ကြေညာမှု အပေါ် နယ်ပယ်အသီးသီးမှ ထင်ရှားသူတို့က ဝေ
ဖန်သုံးသပ် နေကြသည်။ အထူးသဖြင့် ပြီးခဲ့သော ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာ၂၉ ရက်နံနက်က ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြသော လက်
ပံတောင်းတောင် သံဃာတော်များကို ပြည်ထဲရေး၏ ညွှန်ကြားမှုဖြင့် အင်အားသုံး ဖြိုခွဲမှု၊ မီးလောင် ဖော့စ်ဖ
ရပ်စ်ဗုံး အသုံးပြုမှုတို့ကို အရေးယူမှု တစ်စုံတစ်ရာ မရှိဘဲ မျက်ကွယ်ပြုခဲ့ပြီး ယခုဖြစ်စဉ် ဖြစ်ပွားလာကာမှ အ
ရေးယူမည် ဆိုသည့်အပေါ် မေးခွန်းထုတ်စရာ ဖြစ်နေသည်ဟု ဝေဖန်သုံးသပ်မှုများ ရှိနေကြသည်။

ထိုစဉ်က လက်ပံတောင်းတောင်အရေး အကြမ်းဖက် နှိမ်နင်းခဲ့သူများကို အရေးယူ ဆောင်ရွက်ပေးခြင်း မရှိ
သည့်အပေါ် ဒေါက်တာခင်မောင်ညို (ဓာတုဗေဒ) က'' ပြီးခဲ့တဲ့ လက်ပံတောင်းတောင် ကိစ္စနဲ့ ပတ်သက်ပြီး
ဒေါ်အောင်ဆန်းစုကြည်က သက်ဆိုင်သူတွေကို အရေးယူဖို့ ပြောဖို့ရာ တာဝန်သည် သူတို့ ကော်မတီမှာ မရှိ
ဘူး၊ ကော်မတီ တာဝန်မဟုတ်ဘူးလို့ ပြောတယ်။ ပြည်သူတွေ အနေနဲ့ ဘယ်လိုလုပ် အရေးယူပေးဖို့ ပြော
မလဲ။ အမှန်တော့ ဒါက အစိုးရရဲ့ အလုပ်ပဲ။ အုပ်ချုပ်တဲ့ အဖွဲ့အစည်း အနေနဲ့ မလုပ်ရင်မလုပ်တဲ့သူမှာ အပြစ်
ရှိတယ်လို့ ယူဆတယ်'' ဟု သုံးသပ်သည်။

အလားတူ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင် ကလည်း ထိုစဉ်က ဖြစ်ပွားခဲ့သော သမိုင်း
တွင်မည့် ဖြစ်စဉ်ကြီးအပေါ် ''လက်ပံတောင်းတောင် ကိစ္စဟာ အရင်အစိုးရ လက်ထက်ကတည်းက လုပ်ခဲ့တဲ့ ကိစ္စပဲ။ အဲဒီကတည်းက တရားမျတမှု မရှိဘူး။ ပွင့်လင်း မြင်သာမှုလည်း မရှိခဲ့ဘူး။ ဒါပေမဲ့ ဘာမှ မပြောရဲ
ခဲ့ကြဘူး။ အခု အတော်အသင့် လွတ်လပ်လာတော့ သဘောထားတွေ ဖော်ထုတ်လာကြတယ်။ စုံစမ်းစစ်
ဆေးရေး ကော်မရှင် ဖြေရှင်းမှုကိုလည်း တချို့က မကျေနပ်တာတွေ ရှိတယ်။
 
လက်ပံတောင်းတောင်ကြီး ပျောက်သွားမှာကို စိုးရိမ် ကြတာတွေ ရှိတယ်။အဲဒါကြောင့်ထွန်တုံးတိုက်ပွဲ ဆင်နွှဲ
တာကို ဖြေရှင်းပုံ ဖြေရှင်းနည်းမှာ အကြမ်းဖက်တာ မဖြစ်သင့်ဘူးလို့ ထင်တယ်။ သံဃာတော်တွေ အကြမ်း
ဖက် ခံရတုန်းကတော့ အရေးယူမှု ဘာမှမရှိခဲ့ဘဲ အခုကျမှ အရေးယူမယ် ဆိုတာတွေက တရားဥပဒေအရ မမျှတဘူးလို့ မြင်တယ်။ တကယ်ဆို အကြမ်းမဖက်ဘဲ ညှိနှိုင်းဆွေးနွေးတဲ့ နည်းလမ်းနဲ့ပဲ ဖြေရှင်းသင့်တယ်'' ဟု ပြောသည်။

ထို့ပြင် အစစ်အမှန် တရားမျှတမှု လိုအပ်ကြောင်းကိုလည်း ''ကျွန်တော်တို့က တရားဥပဒေ စိုးမိုးရေး ဆိုတာ
ကို သဘောတူတယ်။ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ရရှိဖို့ ဥပဒေစိုးမိုးရေး လိုအပ်တယ်။ ပြဿနာကို ဖြေရှင်းရာ
မှာလည်း ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေ ဖြစ်ဖို့လိုတယ်။ တရားဥပဒေအောက်က ဖြေရှင်းမယ်ဆိုရင် အစစ်အ
မှန် တရားမျှတမှု လိုအပ်တယ်။ ဒါကြောင့် အစစ်အမှန် တရားမျတမှုကို လုပ်ပါ။ အားလုံး အပေါ်မှာ တန်းတူပဲ ရှိစေချင်တယ်။ ကော်မရှင်ရဲ့ အစီရင်ခံစာ ထွက်လာကတည်းက သံဃာတော်တွေ အကြမ်းဖက် ဖြိုခွင်းမှုမှာ တာဝန်ရှိတဲ့ သူတွေကို အရေးယူဖို့ လိုအပ်တယ်လို့ ကျွန်တော်တို့ ပြောပြီးသားပါ'' ဟု ၈၈ မျိုးဆက် ငြိမ်း
ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီက ပြောသည်။

ဒေါက်တာ ခင်မောင်ညို (ဓာတု) ကပင် 'လက်ပံတောင်းတောင်အစီအရင်ခံစာမှာတော့ ဗုံးတွေနဲ့ ပတ်သက်
ပြီး အကောင်းဆုံး ရေးထားပါတယ်။ အတော်ပြည့်စုံတယ်။ အတိအကျ မရေးထားတာဘဲ ရှိတယ်။ ဗုံးမှာ ဖော့
စ်ဖရပ်ပါတယ်။ မီးလောင်ဗုံးလို ဖြစ်နေတယ်။ မီးခိုးဗုံး ဆိုပေမယ့် အသုံးမပြုသင့်တဲ့ ဗုံးဖြစ်တယ်။ ပြည်သူတွေ
ကို မသုံးရဘူး။ စစ်တပ်မှာလည်း Personal တွေကိုလည်း သုံးခွင့်မရှိဘူး။ သုံးရင် ဒါက Criminal ဖြစ်တယ်။ သုံး
ခဲ့တဲ့ပုဂ္ဂိုလ်၊ ထုတ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ရှာဖွေသုံးသပ်ရမယ်။ ဒါကို သူတို့က ဘာမှ မဟုတ်သလိုလိုနဲ့ ခပ်တည်
တည် နေနေကြတယ်'' ဟု ထပ်မံထောက်ပြ သွားသည်။

ထိုစဉ်က သံဃာတော် အများအပြား မီးလောင်ဒဏ်ရာ အကြီးအကျယ် ရရှိသည်အထိ အကြမ်းဖက် နှိမ်နင်း
ခဲ့ခြင်းကို ရန်ကုန်၊ ပခုက္ကူ၊ မန္တလေး စသည့် ဒေသများမှ သံဃာတော်များ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်
ရေးပါတီ၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ ရှေ့နေများ ကွန်ရက်၊ နိုင်ငံရေး အကျဉ်းသား ဟောင်းများအ
ဖွဲ့၊ နိုင်ငံရေး အကျဉ်းသားဟောင်းများကွန်ရက်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ များအဖွဲ့ချုပ်
၊ ကေအိုင်အို၊ ကေအိုင်အေအဖွဲ့တို့မှ တစ်ညီတစ်ညွတ်တည်း ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချခဲ့ကြသည်။

ယင်းနောက် လက်ပံတောင်းတောင် အရေးနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာပြီး လွတ်လပ်သည့် စုံစမ်းစစ်
ဆေးရေး ကော်မရှင်တစ်ရပ် အမြန်ဆုံး ဖွဲ့စည်းပေးရန်နှင့် သပိတ်စခန်းများကို အင်အား အလွန်အကျွံ သုံး၍ ယခု အကြမ်းဖက်နှိမ်နင်းမှုတွင် တာဝန်ရှိသူနှင့် အမိန့်ပေးသူတို့အား နိုင်ငံတော်ဘက်မှ ဖော်ထုတ်၍ ထိ
ရောက်စွာ အရေးယူပေးရန် တောင်းဆိုခဲ့ကြသည်။

သို့သော် နိုင်ငံတော် အနေနှင့်မူ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆက်လက် ဆောင်ရွက်ခွင့်ပြုရန် သင့်-မသင့် စိစစ်ရန် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အဖွဲ့ဝင် ၃၀ ဦးပါ စုံစမ်းရေး ကော်မရှင်ကို ဒီဇင်ဘာ ၁ ရက် နေ့စွဲဖြင့် စတင်ဖွဲ့စည်း လိုက်သည်။

ယင်းနောက်မှ အမျိုးသား ဒီမိုကရေစီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကော်မရှင် ဥက္ကဋ္ဌအဖြစ်နှင့် အဖွဲ့ဝင် ၁၆ ဦးပါ စုံစမ်းရေး ကော်မရှင်ကို ဒီဇင်ဘာ ၃ ရက်တွင် ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့သည်။

အဆိုပါ စုံစမ်းရေး ကော်မရှင် အနေနှင့် ဒီဇင်ဘာ ၅ ရက်တွင် ဒေသခံများနှင့် စတင်တွေ့ဆုံခဲ့သည့် အပေါ် စုံစမ်းရေး ကော်မရှင်ပါ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ''ကော်မရှင်ရဲ့လှုပ်ရှားမှု ပထမ
ဆုံးနေ့မှာ လက်ပံတောင်းတောင်ဒေသ၊ ၀က်မှေးရွာက ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်'' ဟု ပြောသည်။

သို့သော် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၊ မုံရွာကြေးနီ စီမံကိန်းဆိုင်ရာ တာဝန်ရှိသူတစ်ဦးကမူစီမံကိန်းနှင့်
ပတ်သက်၍ စုံစမ်းရေး ကော်မရှင်၏ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယင်းနေ့မှာပင် ကတိပြု ပြောကြားခဲ့သည်။

ထို့နောက် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အင်အား
သုံး ဖြိုခွဲခဲ့မှုအပေါ် ဒီဇင်ဘာ ၁၂ ရက်နေ့ မွန်းလွဲတွင် ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ပခုက္ကူ၊ စစ်တွေ၊ ပြည်၊ ပုသိမ်၊ ကလေး စသည့် မြို့ကြီးများတွင် သံဃာတော်များနှင့် ပြည်သူတို့က ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

၎င်းတို့မှ အချက် ငါးချက်ပါ တောင်းဆိုချက်များ ထုတ်ပြန်ခဲ့ကြပြီး ယင်းတို့အနက် ငြိမ်းချမ်းစွာ ဆန္ဒပြသော ရဟန်းရှင်လူ ပြည်သူတို့အား အကြမ်းဖက်နှိမ်နင်း ဖြိုခွဲသော တာဝန်ရှိသူ အားလုံးကို ဖော်ထုတ်အရေးယူ
ဆောင်ရွက်ပေးရေး ဆိုသည့် အချက် ပါဝင်ခဲ့သည်။

၎င်းအခြေအနေတွင် ဒေါက်တာခင်မောင်ညို (ဓာတုဗေဒ) ကပင် ''ပြည်သူ့ရဲတွေ အနေနဲ့ အရင်က တည်းက အမိန့်ကို နာခံတာပဲသိတယ်။ ဥပဒေကို နားမလည်ဘူး။ ဥပဒေကို နားမလည်တော့ အမိန့်ပေးတာကိုပဲ သိ
တယ်။ အခုဖြစ်နေတာတွေက ဘယ်ဟာတွေမှ မကောင်းဘူး။ တစ်ယောက်နဲ့ တစ်ယောက် ပွင့်လင်းခြင်း မရှိ
ရင်၊ နားမလည်ရင် ဘာမှ အလုပ်လုပ်လို့ မရဘူး။ အလုပ် လုပ်လို့ရအောင် တစ်ခုခု ဆုံးဖြတ်ရမယ်။ ဒီလိုဖြစ်
တဲ့ကိစ္စတွေမှာအစိုးရအနေနဲ့ အများကြီး တာဝန်ရှိပါတယ်။ ဖြစ်လာတာတွေကို အစိုးရ အနေနဲ့ နူးညံ့စွာ ကိုင်
တွယ်ဖြေရှင်း သင့်တယ်လို့ ထင်ပါတယ်'' ဟု ဝေဖန်ခဲ့သည်။

လက်ရှိတွင် ဧပြီ ၂၅ ရက်က ယာထွန်ခြင်း၊ ယာတဲဆောက်ခြင်းများ ပြုလုပ်ရာမှ ဒေသခံရွာသားတို့နှင့် လက်
ပံတောင်းတောင် တာဝန်ကျ လုံခြုံရေးများအကြား ပဋိပက္ခများ ဖြစ်ပွားကာ ပြည်သူ့အကျိုးဆောင် ကွန်ရက်
မှ ကိုအောင်စိုးနှင့် ဒေသခံ ရွာသားနှစ်ဦးကို ဖမ်းဆီးခဲ့သည်။

ထို့အတွက် ဧပြီ ၂၆ ရက် မွန်းလွဲ ၁ နာရီတွင် ဖမ်းဆီးထားသူ သုံးဦးကို ပြန်လွှတ်ပေးရန် ဒေသခံ ရွာသားတ
ချို့ ဆန္ဒပြတောင်းဆိုခဲ့ရာ လုံခြုံရေး တာဝန်ရှိသူတို့ကလည်း ညောင်ပင်ကြီး - ဆားလင်းကြီး လမ်းမပေါ်တွင် လုံခြုံရေး အထပ်ထပ်ချကာ တားဆီးခဲ့ရကြောင်း သတင်းရရှိသည်။

ယင်းနောက် မွန်းလွဲ ၂ နာရီခွဲ ခန့်တွင် လက်ပံတောင်းတောင် ဒေသခံတို့မှာ နေရပ်အသီးသီးသို့ လှည့်ပြန် သွားကြကြောင်း သိရသည်။

Eleven Media Group, Rangonnewsdaily
RND:  :26.4.2013

0 comments:

Post a Comment