Pages

Friday, April 26, 2013

စစ်တွေမြို့တွင် လ၀က ဦးစီးမှူးက ရိုဟင်ဂျာလူငယ်တဦးအား ပါးရိုက်သဖြင့် ဆူပှုမှုဖြစ်ပွား

ယနေ့ နံနက် ၉ နာရီကျော်ခန့်ကလဝက၊ရဲ၊စစ်တပ်သုံးအဖွဲ့သည်ရိုဟင်ဂျာများနေထိုင်သောသဲချောင်း၊ဘော
ဒူဗ၊ သက်ကေပြင် ကျေးရွာများသို့ လူဦးရေစစ်ဆေးမှုများပြုလုပ်ရန်လာရာ ဒေသခံလူငယ်များက “ရိုဟင် 
ဂျာ” ဟုရေးမှသာလက်မှတ်ထိုးမည်ဟုပြောလာသည်ကို လ၀က ဦးစီး က လူငယ်တယောက်ကိုပါးရိုက်လိုက်
သဖြင့်ဆူဆူပူပူဖြစ်သွားကြောင်း သတင်းရရှိပါသည်။

၎င်းဒေသခံများသည် လူဦးရေစစ်ဆေးမှုများပြုလုပ်ရာတွင် ဘင်္ဂလီ ဟုအတင်းအကျပ် ရေးခိုင်းနေသည်ကို မ
ကျေနပ်ကြောင်းပြောပြပါသည်။အင်တာနက်သတင်းများတွင် "လုံခြုံရေးယူနေသော အမြောက်တပ်ရင်းမှ တပ်ကြပ်မင်းအောင်ကို ၄င်းတို့က ခဲဖြင့်ပစ်သောကြောင့် မင်းအောင်မှာ မျက်နှာတွင် ဒဏ်များရရှိ" ဟုရေးသားဖော်ပြနေသည်ကိုလည်းတွေ့ရှိရသည်။ 
 
Rangonnewsdaily
RND:  :26.4.2013


0 comments:

Post a Comment