Pages

Wednesday, April 23, 2014

ပြည့်ဖြိုးအောင် ခရီးသည်တင်ကား အမြန်လမ်းတွင် မီးလောင်မှုဖြစ်


RangonNewsDaily: April . 23 .2014
ဧပြီလ(၂၃)ရက်နေ့ ယနေ့ည ၇း၃၀ အချိန်ခန့်တွင် ရန်ကုန်- မန္တလေး အမြန်လမ်းမတွင် ပြည့်ဖြိုးအောင် ခရီးသည်တင်ကား တစ်စီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သစ်ထူးလွင်မှ သတင်းရရှိပါသည်။ရန်ကုန်မှ ချောက်သို့မောင်းနှင်လာသည့် အဆိုပါကားမှာ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၈ မိုင် ၇ဖာလုံ အရောက်တွင် ကားဘရိတ်ရူးများ ငြိရာမှ အပှုလွန်ကဲကာ မီးစတင်လောင်ကျွမ်းခဲ့ ခြင်းဖြစ်သည်။
အဆိုပါယာဉ်ပေါ်တွင် ခရီးသည် သံဃာတော် ၄ ပါး အမျိုးသား ၁၇ ဦး အမျိုးသမီး ၂၁ ဦး စုစုပေါင်း ၄၂ ဦးလိုပါစီးနှင်းလာပြီး ကားတစ်စီးလုံး မီးလောင်ကျွမ်း ခဲ့သော်လည်း ခရီးသည်များ ထိခိုက်ဒဏ်ရာရှိမှု မရှိကြောင်းသိရသည်။
::
မီးလောင်ရာနေရာသို့ ပဲခူးခရိုင်မီးသတ်ဦးစီးမှုး ဦးအေးမြင့်နှင့် အုပ်ချုပ်မှုယာဉ်တစ်စီး၊ မီးသတ်ယာဉ် လေးစီး၊ အရံမီးသတ် ၅ ဦး၊ သန္ဓေမီးသတ် ၁၇ ဦး နှင့် ဒုရဲမှူး သန်းဦး ဦးစီးကာ ရဲတပ်ဖွဲ့ ၀င်အင်းအား ၁၀ ဦး ခန့် ပါဝင် မီးငြိမ်းသတ်ခဲ့ကြောင်းလည်း သိရပါသည်။

မီးလောင်ကျွမ်းမှုကို ၈ နာရီ ၃၀ အချိန်တွင် ငြိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၅ သိန်း ဆုံးရှံး ခဲ့ကြောင်းနှင့် ယာဉ်မောင် ဦးဝင်းကို (ဘ) ဦးချန်ငွေ ၄၈ နှစ် ရှားပင်ရွာ ချောက်မြို့နယ် နေသူအား (ပ) ၇ / ၂၀၁၄ ပုဒ်မ ၂၈၅ ဖြင့် အမြန်လမ်း ဘော နတ် ကြီး စခန်းမှ အရေးယူ ထားကြောင်း သစ်ထူးလွင် မှ စုံစမ်းသိရှိရပါသည်။

THIT HTOO LWIN ::
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment