Pages

Wednesday, April 23, 2014

Succeed အဖြူရောင် အငှားယာဉ် အပူ လွန်ကဲရာမှ မီးလောင်


RangonNewsDaily: April . 23 .2014
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် အမှတ် (၃၇)ရပ်ကွက် ပြည်ထောင်စု လမ်းမပေါ်တွင် ယနေ့မွန်းလွဲ ၂နာရီ မိနစ် ၅ဝတွင် တောင်ဘက်မှ မြောက်ဘက်သို့ ပြည်ထောင်စု လမ်းမကြီးအတိုင်း မောင်းနှင်လာသည့် အဖြူရောင် Succeed ယာဉ်အမှတ် 6E /………… အငှားယာဉ်သည် ကားအင်ဂျင် အပူလွန်ကဲပြီး မီးလောင် ကျွမ်းရာ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်မှ မီးသတ်ယာဉ် တစ်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၃နာရီတွင် မီးငြိမ်း သွားခဲ့သည်။
ယာဉ်မီးလောင် ကျွမ်းမှုကြောင့် ငွေကျပ် နှစ်သိန်းခန့် ဆုံးရှုံးခဲ့ပြီး ယာဉ်မောင်း ဦးထွန်းထွန်းနိုင် (ဘ) ဦးအုန်းကြိုင် ၃၈နှစ် စမ်းချောင်း မြို့နယ်နေသူအား ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်းမှ ပ/၂ဝ၃/၂ဝ၁၄၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် ထားကြောင်း သတင်းရရှိသည်။


KOLATT(PBDN)

RangonNewsDaily

0 comments:

Post a Comment