Pages

Wednesday, April 23, 2014

သတင်းစာဆရာကြီးဦးဝင်းတင် ဈာပနအခမ်းအနားသို့ ဈာပနကြည့်ရှုသည့် ပရိသတ်ဦးရေ လေးသောင်းနီးပါးရှိ အသုဘလာပို့သူ များလွန်းသဖြင့် မူးလဲသူအချို့ရှိ


RangonNewsDaily: April . 23 .2014
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိ ဦးဝင်းတင်၏ နောက်ဆုံးခရီးကို အနယ်နယ် အရပ်ရပ်မှ နိုင်ငံရေးသမားများ၊ ပြည်သူများ
လိုက်ပါပို့ဆောင်သူ များလွန်းပြီး ရာသီဥတု ပူပြင်းသဖြင့် မူးမေ့လဲသူများ ရှိသည်ဟု ထိုနေရာတွင် သွားရောက်သတင်းယူသည့် မဇ္ဈိမသတင်းထောက် နန်းလွင်နှင်းပွင့်ကသတင်းပေးပို့သည်။
မဇ္ဈိသတင်းထောက်ရှိသည့် နေရာ၌ပင် နှစ်ဦး မေ့လဲသွားသဖြင့် နာရေးကူညီမှုအသင်းက ကူညီကာ အပြင်သို့ သယ်ယူသွား
သည်။ရေဝေးသုဿန်အတွင်း နာရေးလိုက်ပါ ပို့ဆောင်သည့် ကားများ၊ လူများနှင့် ပြည့်နှက်နေသည်။

ဦးဝင်းတင်အတွက် ဂါရဝပြုအခမ်းအနားကို ၁၂နာရီ ခွဲခန့်မှ စတင်၍ ခန်းမ ၁(က)တွင် ပြုလုပ်နေပြီး ညနေ ၅နာရီတွင် ဂူသွင်း
သင်္ဂြိုလ်မည် ဖြစ်သည်။

ဧပြီလ ၂၃ ရက်နေ့ နေ့လည် ၁၂ နာရီမှ စတင်ပြုလုပ်လျက်ရှိသည့် သတင်းစာဆရာကြီး ဆရာကြီးဦးဝင်းတင်၏ ဈာပန အခမ်းအ
နားသို့ လာရောက်ကြည့်ရှုသည့် ပရိသတ်ဦးရေမှာ နေ့လည် ၃ နာရီဝန်းကျင်ထိ လေးသောင်းနီးပါးရှိနေပြီးဖြစ်ကြောင်း သိရှိရသည်။

ဈာပနအခမ်းအနားသို့ လာရောက်ကြည့်ရှုသည့်ပရိသတ်များအားပေးဝေသည့် အထိမ်းအမှတ်တံဆိပ်အရေအတွက်မှာ သုံးသောင်းေ
ကျာ်ရှိနေပြီဖြစ်ကြောင်း ဈာပနကျင်းပရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ 

အထိမ်းအမှတ်တံဆိပ်မရရှိဘဲ အခမ်းအနားသို့ ဝင်ရောက်ကြည့်ရှုသည့်ပရိသတ် များစွာလည်းရှိနေကြောင်းသိရသည်။ဆရာကြီး

ဦးဝင်းတင်၏ ဈာပနအခမ်းအနားသို့ အဖွဲ့အစည်းအသီးသီးမှ လွမ်းသူပန်းခွေများ ဝမ်းနည်းကြောင်းသဝဏ်လွှာများ ပေးပို့လျက်ရှိပြီး နိုင်ငံတကာသံရုံးများမှ သံတမန်များလည်း လာရောက်ကြည့်ရှုနေကြောင်း သိရှိရပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ်များ၊ ၈၈ အဖွဲ့အစည်းမှ ကျောင်းသားခေါင်းဆောင်များ၊ အနုပညာရှင်များ၊ စာပေပညာရှင်များ လာရောက်ကြည့်ရှုလျက်ရှိကြောင်းသိရသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်လည်း မကြာမီလာရောက်ကြည့်ရှုမည်ဟု သတင်းရရှိပါသည်။

Mizzima News , Eleven Media  , 
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment