Pages

Sunday, September 15, 2013

တနင်္သာရီတိုင်း၊ ကော့သောင်းထောင်မှာ အကျဉ်းကျနေကြတဲ့ အကျဉ်းသားတွေဟာ ထောင်တာဝန်ရှိသူတွေရဲ့ ဖိနှိပ်ညှင်းစဲမှုတွေကို မခံမရပ်နိုင်ဖြစ်ပြီး ဆန္ဒဖော်ထုတ်

 RangonNewsDaily:: September 15, 2013
တနင်္သာရီတိုင်း၊ ကော့သောင်းထောင်မှာ အကျဉ်းကျနေကြတဲ့ အကျဉ်းသားတွေဟာ ထောင်တာဝန်ရှိသူတွေရဲ့ ဖိနှိပ်ညှင်းစဲမှုတွေကို မခံမရပ်နိုင်ဖြစ်ပြီး တနင်္ဂနွေနေ့ မနက်ပိုင်းမှာ ကြွေးကြော်သံတွေ ကြွေးကြော်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ အကျဉ်းသားတွေဟာ မနက် ၈နာရီလောက်ကစပြီး နာရီဝက်ကြာလောက် ကြွေးကြော် ဆန္ဒပြခဲ့ကြတာလို့လဲ မြို့ခံတွေက ပြောပါတယ်။

၁၃ရက်နေ့ကဖြစ်စဉ်နဲ့ ပတ်သက်ပြီး အစိုးရသတင်းစာတွေမှာ ဖော်ပြထားတာကတော့ အကျဉ်းသားချင်း ၇န်ဖြစ်ကြရာက ထောင်ဖောက်ဖို့ လုပ်တဲ့အတွက် ပစ်ခတ်နှိမ်နင်းရတယ်၊ တဦးသေ၊ အချုပ်သား၂ဦးနဲ့ ထောင်သား၅ဦး ဒဏ်ရာရ သွား တယ်၊ ထောင်ငြိမ်အောင် လုပ်ထားနိုင်ပြီလို့ ရေးသားဖော်ပြထားပါတယ်၊ ဒီသတင်း သတင်းစာထဲ ပါလာတဲ့နေ့၊ မနက်မှာပဲ ထောင်သားတွေ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်၊

ကော့သောင်းထောင်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားကြည့်ပေမယ့် ဆက်သွယ်လို့ မရပါဘူး။ ကော့သောင်းထောင်ထဲမှာ လက်ရှိ အကျဉ်းသား ၆၀၀ လောက်ရှိနေတယ်လို့လဲ စုံစမ်းသိရှိရပါတယ်။
DVB TV News , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment