Pages

Tuesday, March 8, 2016

အီးမေးလ်နည်းပညာ တီထွင်သူ တွမ်မွန်ဆင် ကွယ်လွန်


RangonNewsDaily::March . 8 .2016
အီးမေးလ်နည်းပညာကို ဖန်တီးသူ ရေးတွမ်မွန်ဆင် (Ray Tomlinson) ဟာ အသက် (၇၄) နှစ်မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း CNN သတင်းက ဖော်ပြထားပါတယ်။
အီးမေးလ်မက်ဆေ့ခ်ျပေးပို့ခြင်း နည်းပညာကို ၁၉၇၁ ခုနှစ်မှာ တွမ်မွန်ဆင်က တီထွင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီမတိုင်ခင်က သူတီထွင်ခဲ့တဲ့ အီလက်ထရောနစ် မက်ဆေ့ခ်ျ ပေးပို့နိုင်မှုဟာ အကန့်အသတ် ကွန်ရက်တစ်ခုပေါ်မှာသာ မျှဝေနိုင်ပါတယ်။ 
.
၎င်းစနစ်ဟာ သတ်မှတ်ထားတဲ့ လူတစ်ဦးဆီကို အတိအကျသတ်မှတ်ထားတဲ့ လိပ်စာနဲ့ ပေးပို့လို့မရသေးပါဘူး။ ဒါ့ကြောင့် တွမ်မွန်ဆင်က လိပ်စာနဲ့ အသုံးပြုသူ နာမည်တို့ ချိတ်ဆက်ပေးနိုင်မယ့် "@" ("မှာ") သင်္ကေတကို ရွေးချယ်ခဲ့ပြီး ဒါဟာ ယဉ်ကျေးမှုဆိုင်ရာ ပြရုပ်တစ်ခုတောင် ဖြစ်လာခဲ့ပါတယ်။
"အီးမေးလ်ကို တီထွင်ပေးခဲ့ခြင်းနှင့် @ အမှတ်အသား ထည့်ပေးခြင်းတို့အတွက် ကျးဇူးတင်ပါတယ်"လို့ ဂျီးမေးလ်ရဲ့ တွစ်တာအကောင့်က ရေးသားခဲ့ပါတယ်။
Ref: CNN, Mashable / မဇ္ဈိမသတင်းဌာန

RangonNewsDaily





0 comments:

Post a Comment