Pages

Tuesday, January 7, 2014

(၆၆) နှစ်မြောက်လွတ်လပ်ရေး နေ့တွင် တစ်နိုင်ငံလုံးမှ အကျဉ်းသား ၁၃၂၇၄ ဦး လွတ်မြောက်

RangonNewsDaily:: January . 7 .2014
(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ ကို ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံအနှံ့ရှိ အကျဉ်းထောင်အသီးသီး တွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသူ၊ အကျဉ်းသား ၁၃၂၇၄ဦးကို ပြစ်ဒဏ်လွတ်ငြိမ်း ခွင့်ရရှိ ခဲ့ကြောင်း သိရသည်။ နိုင်ငံတော်တည် ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့အတွက်လည်းကောင်း၊

လူ သားချင်းစာနာထောက်ထားမှုကို အလေးပေးသောအားဖြင့်လည်းကောင်း နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၄(က)နှင့်အညီ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များပေးနိုင်ရန် အမိန့်အမှတ်(၁/၂၀၁၄)ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော် နိုင်ငံတော်သမ္မတရုံးက ၂၀၁၄ခုနှစ် ဇန်နဝါရီ၂ရက်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ခဲ့သောအမိန့်များအရ ၂၀၁၄ခုနှစ် ဇန်နဝါရီ၃ရက်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသော မြန်မာနိုင်ငံအနှံ့ရှိအကျဉ်း ထောင်များအသီးသီးတွင် အကျဉ်းကျခံလျက်ရှိသော အကျဉ်းသား ကျား ၁၁၁၂၄ဦး၊ မ ၂၁၅၀ စုစုပေါင်း ၁၃၂၇၄ဦး လွတ် မြောက် ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

သတင်းစဉ်
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment