Pages

Wednesday, August 8, 2012

နိုင်ငံတကာက ရှစ်လေးလုံးအခမ်းအနားများ

မဲဆောက်မြို့က ၈၈မျိုးဆက်ကျောင်းသားတွေစုပေါင်းပြီး ရှစ်လေးလုံးအရေးတော်ပုံမှာ ကျဆုံးခဲ့တဲ့ ရဟန်ရှင်လူပြည်သူ
နဲ့ကျောင်းသားတွေ အတွက်ရည်စူးပြီး မြန်မာနိုင်ငံအလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ရုံးခန်းမှာ သံဃာတော် (၄)ပါးပင့်ဖိတ် ဆွမ်းကပ်ပြီး မွန်လွဲပိုင်းမှာတော့ ရှစ်လေးလုံးနေ့ အထိမ်းအမှတ် စကားဝိုင်း ကျင်းပခဲ့ပါတယ်။


၈၈မျိုးဆက်ကျောင်းသား ကိုသံဒုတ်က “ကျနော်တို့ မရောက်သေ
းတဲ့ပန်းတိုင်ကို စစ်အာဏာရှင်တွေကနေ ဘယ်လို နည်းပရိယာယ်နဲ့ပဲ ကျင့်သုံးကျင့်သုံး ကျနော်တို့ သတိရှိဖို့လိုတယ် ကျနော်တို့တတွေဟာ စည်းလုံးညီညွတ်မှုကို ဆက်လက်ပြီးကိုင်စွဲဖို့လိုတယ်။ နောက်တချက် ဒီကနေ့ကာလဟာ ကျနော်တို့အားလုံးနဲ့ စည်းလုံးညီညွတ်မှုနဲ့ သံဓိဌာန်ပိုပြီးတော့ချမှတ် ပိုပြီးတော့ကျနော်တို့ ရှေ့ဆက်ချီတက် ရလိမ့်မယ်။”

ရှစ်လေးလုံးအခမ်းအနားကိုတရုတ်မြန်မာနယ်စပ်မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ရဲ့ မြောက်ပိုင်းကျောင်းသားတပ်မတော်ဌာနချုပ်မှာလည်း စစ်ရေးတင်းမာနေတဲ့ကြား ကနေ ကျင်းပကြပါတယ်။

ABSDF မြန်မာပြည်မြောက်ပိုင်းကျောင်းသားခေါင်းဆောင် ကိုလဆိုင်းက “ရှစ်လေးလုံး က ရခဲ့တဲ့ သမိုင်းပေးတဲ့ သင်ခန်းစာတွေ၊ အတွေ့အကြုံတွေကို ပြန်လည်ပြီးတော့ ဝေငှကြတယ်။ တက်ရောက်လာကြတာကတော့ မဟာမိတ် ကေအိုင်အို၊ ကေအိုင်အေ နောက် တော်လှန်ရေးအဖွဲ့အစည်းမှာ ရောက်နေတဲ့ ရခိုင့်တပ်မတော်၊ နောက် ချင်းအမျိုးသား တပ်ဦး၊အမျိုးသမီးအစည်းအရုံး၊ လူငယ်အသင်းအဖွဲ့တွေ၊ နဲ့ လိုင်ဇာမြို့မှာရှိတဲ့ ရပ်မရပ်ဖ ပြည်သူလူထုအပေါင်းနဲ့ စုစုစည်းစည်းညီညီညွတ်ညွတ်နဲ့ ကျနော်တို့ ကျောင်းသားတပ်မတော် မြန်မာပြည်မြောက်ပိုင်းရဲ့ ဌာနချုပ်မှာ ကျနော်တို့ရဲဘော်ရဲမေတွေနဲ့ ပူးပေါင်းကျင်းပတဲ့နိုင်ငံရေးအခမ်းအနားဖြစ်ပါတယ်။”

အခမ်းအနားမှာ ကာတွန်း၊ ကဗျာ စတဲ့ နံရံကပ် ပိုစတာတွေပြသထားပြီး လူ ပေါင်း ၃၀၀ လောက်တက်ရောက်ခဲ့ကြပါတယ်။

အလားတူပဲ ကချင်ပြည်နယ် မိုးကောင်းမြို့ အင်န်အယ်ဒီအဖွဲ့ဝင်တွေကလည်း ၈လေးလုံးမှာ ကျဆုံးသွားသူတွေကို ရည်စူးပြီး ကုသိုလ်ကောင်းမှု အလှူဒါနများ ပြုလုပ်ကာ ၈ လေးလုံး အခမ်းအနားကို ကျင်းပကြကြောင်း အင်န်အယ်လ်ဒီ အဖွဲ့ဝင် ကိုဝင်းအောင်က ပြောပါတယ်။

အိန္ဒိယမြို့တော် နယူးဒေလီ ဂျန်တာမန်တာ ပန်းခြံရှေ့မှာ ပြုလုပ်တဲ့ ၈ လေးလုံး အထိမ်းအမှတ် ဆန္ဒပြပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များအဖွဲ့ချူပ် ( ABSL) ကနေ ဦးဆောင်ပြီး နယူးဒေလီရောက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေ အယောက် ၅၀ ကျော် တို့က ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။



RFA (Burmese)

0 comments:

Post a Comment