Pages

Wednesday, August 8, 2012

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း စိုက်ထူထားသည့် ကြော်ငြာဆိုင်းဘုတ်အသေးများ သြဂုတ်လကုန်တွင် ဖြုတ်သိမ်းရမည်

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း စိုက်ထူခွင့်ပြုထားသည့် ၂ဝ x ၉ ပေရှိ ကြော်ငြာဆိုင်းဘုတ် အသေးများကို
များကို သြဂုတ် ၃၁ ရက်နေ့ နောက်ဆုံးထား၍ ဖြုတ်သိမ်းရမည် ဖြစ်ကြောင်း မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိ
သူ တဦးက ပြောသည်။


ဖြုတ်သိမ်းရမည့် ဆိုင်းဘုတ်များတွင် ပုဂ္ဂလိက အခပေး ဆိုင်းဘုတ်များ ပါဝင်သကဲ့သို့ မြို့တော် စည်ပင်က ၂ဝ၁၂ ခုနှစ်၊ ဧပြီမှ သြဂုတ်လထိ ငါးလကြာ အခမဲ့ စိုက်ထူခွင့်ပြုခဲ့သည့် ၂ဝ x ၉ ပေရှိ ယာယီဆိုင်းဘုတ်များ ပါဝင်သည်။

အဆိုပါ ကြော်ငြာဆိုင်းဘုတ်များမှာ ရန်ကုန်မြို့တော်တွင်းရှိ ကြော်ငြာဆိုင်းဘုတ် အရေအတွက်၏ ၈ဝ ရာခိုင်နှုန်းကျော် ရှိပြီး သန့်ရှင်းသပ်ရပ်သည့် မြို့တော် အင်္ဂါရပ်နှင့်ညီစေရန် ယခုကဲ့သို့ ဖြုတ်သိမ်းရခြင်း ဖြစ်ကြောင်း မြို့တော်စည်ပင်က ဆိုသည်။

၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်မှ စပြီး ပုဂ္ဂလိက ကြော်ငြာလုပ်ကိုင်ခွင့်များကို ရပ်နားကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက စီမံခန့်ခွဲသွားမည် ဖြစ်သည်။

ထိုသို့ ပြုလုပ်ရန်အတွက် ကြော်ငြာဆိုင်းဘုတ်လုပ်ငန်းရှင်များအား စည်ပင်ကော်မတီမှ မေလ ၈ ရက်က တတိယ အကြိမ်မြောက် နောက်ဆုံး ခေါ်ယူညှိနှိုင်းခဲ့ပြီး ဖြစ်သည်။

“ရည်ရွယ်ချက်ကတော့ အာဆီယံဒေသတွင်း လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်အရ ၂ဝ၁၅ ခုနှစ်က စပြီး ပြည်ပနိုင်ငံ
တွေက ကုန်ပစ္စည်းတွေ Duty free (အခွန်ကင်းလွတ်ခွင့်) တွေနဲ့ ဝင်လာမယ်။ အဲဒီအခါ ပြည်တွင်းက ကုန်ပစ္စည်းတွေ ယှဉ်ပြိုင်နိုင်
စွမ်းရှိဖို့ အတွက် ကိုယ်ပိုင်ပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေကို ဈေးနှုန်း ချိုချိုသာသာနဲ့ တိုက်ရိုက် အငှားချထားပြီး ကြော်ငြာ
ခွင့် ပေးသွားဖို့ အတွက်ပါ” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။


ရန်ကုန် မြို့တော် စည်ပင်သာယာအနေဖြင့် ကြော်ငြာဆိုင်းဘုတ် အကြီးအတွက် ပေးသွင်းရသည့် နှုန်းထားကိုလည်း ၁ စတုရန်းပေ
လျှင် ကျပ် နှစ်သောင်းနှုန်းဖြင့် မတ်လ အစည်းအဝေးတွင် တပြေးညီ သတ်မှတ်ခဲ့သည်။

ယခင်က ကြော်ငြာဆိုင်းဘုတ်အကြီးအတွက် ပေးသွင်းရသည့် နှုန်းထားများကို လေလံဈေး ၁ စတုရန်းပေလျှင် ကျပ်ခြောက်သောင်
း၊ ဌာနက သတ်မှတ်ထားသည့် ဈေး ၁ စတုရန်းပေလျှင် ၅,၂၅ဝ ကျပ်နှုန်း အသီးသီး ပေးသွင်း ခဲ့ရသည်။

“ကုန်ပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေကတော့ သူတို့ တလကို ကုန်ပစ္စည်း ကြော်ငြာအတွက် ၁၂ သိန်းနဲ့ ၁၅ သိန်း အကြားသုံး နိုင်တယ်လို့ ပြောပါတယ်။ အခု သတ်မှတ်လိုက်တဲ့ ၁ စတုရန်းပေ နှစ်သောင်းနဲ့ဆိုရင် ကြော်ငြာဘုတ်အကြီး တခုကို ကျပ် ၁၁ သိန်းကျော်လောက်ပဲ ကုန်ကျတော့မယ်” ဟု မြို့တော်စည်ပင် တာဝန်ရှိသူက ပြောဆိုသွားသည်။

ရန်ကုန် (မဇ္ဈိမ)

0 comments:

Post a Comment